February 5, 2021 at 9:09 AM
ဂျပန်မှာအလုပ်တွေပြောင်း၊အိမ်တွေပြောင်းတဲ့အကြပ်ဆုံးချိန်ကတော့၁လပိုင်းကနေ၃လပိုင်းလောက်ဖြစ်ပါတယ်။ဒီအချိန်အတွင်းမှာအကျိုးဆောင်ရုံးခန်းတွေမှာလဲအလုပ်များသလို အိမ်ပြောင်းတဲ့အခါ ပစ္စည်းရွှေပေးတဲ့ဝန်ဆောင်မှုကုမ္ပဏီ Hikoshi Companyတွေကို ငှားဖို့ ခက်ခဲတဲ့ အချိန်ပဲဖြစ်ပါတယ်။
January 28, 2021 at 8:33 AM
အဆောက်အအုံကို Atomic Bomb Dome လို့လည်း လူသိများပါတယ်။ ဟီရိုရှီးမားမြို့မှာ ရှိတဲ့ အဲဒီ အဆောက်အအုံဟာ ၁၉၄၅ ခုနှစ်မှာ အမေရိကန်က အဏုမြူဗုံးကြဲပြီးနောက်မှာ ကျန်ရစ်ခဲ့တဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
January 28, 2021 at 2:14 AM
ဂျပန်ပိုက်ဆံများကိုစိတ်ဝင်စားစရာ၊ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါတယ်။ဂျပန်ပိုက်ဆံကိုယန်းအဖြစ်ခေါ်ဆိုကြပါတယ်။ဂျပန်ပိုက်ဆံနဲ့မြန်မာပိုက်ဆံတန်ဖိုးကွာဟမှုရှိပါတယ်။ဂျပန်ပိုက်ဆံတန်ဖိုးကပိုပြီးမြင့်မားမှုရှိပါတယ်။နောက်တစ်ခုကတော့အကြွေစေ့အနေနဲ့လည်းအသုံးပြုပါတယ်။ပိုက်ဆံရဲ့စက္ကူသားကောင်းမွန်ပြီး၊အရည်အသွေးကောင်းမွန်လှပါတယ်။
January 20, 2021 at 3:59 PM
နာရာ မှာ လူတိုင်းကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုကတော့ သမိုင်းဝင်အဆောက်အအုံများ အနီးမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ လျှောက်သွားနေလေ့ရှိတဲ့ သမင်အုပ်တွေကို ပေါင်းစပ်ထားတဲ့ နာရာ ဥယျာဉ်ရဲ့ ပန်းချီဆန်လှတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ နောက်တစ်နေရာကတော့ ဆာကူရိုင်းမြို့မှာ ရှိတဲ့ ဟဆေဒါရ ဘုရားကျောင်းပဲဖြစ်ပါတယ်။ တောင်လှေကားထစ်လေးတွေကတဆင့် အလှပဆုံး ရှုမျှော်ခင်းတွေက အမောကို ပြေစေမှာပါ။
January 18, 2021 at 11:14 AM
လစာမဖြတ်ပဲ ရရှိမဲ့ခွင့်ရက်ဆိုတာ သတ်မှတ်ထားတဲ့အချိန်အတိုင်းအတာအထိ အလုပ်လုပ်တဲ့ ဝန်ထမ်းကို ဂျပန်နိုင်ငံမှာရှိတဲ့အလုပ်သမားဥပဒေအရ လစာမဖြတ်ခွင့်ရက်ပေးရပါတယ်။ဒီလစာမဖြတ်တဲ့ခွင့်ရက်ဆိုတာ ထရိန်နင်အလုပ်သင်သား၊ကုမ္ပဏီဝန်ထမ်းတို့အတွက်တော့မဖြစ်မနေရရှိတဲ့ ခွင့်ရက်ဖြစ်ပြီး အချို့သောအချိန်ပိုင်းအလုပ်တွေမှာလည်း လစာမဖြတ်ခွင့်ရက်ရပါတယ်။
January 15, 2021 at 1:16 PM
ဂျပန်နိုင်ငံမှာ အသက် ၂၀ ရောက်ရင် အရွယ်ရောက်သူတစ် ဦး အဖြစ် သတ်မှတ်ပြီး တခြားနိုင်ငံတွေမှာတော့အရွယ်ရောက်တဲ့အသက်ကိုသတ်မှတ်ပုံနဲ့ ကွာခြားပါတယ်။အခြားနိုင်ငံတွေမှာ လူတွေက အများအားဖြင့် “အသက် ၁၈ နှစ်” ကို အရွယ်ရောက်တယ်လို့ သတ်မှတ်ကြပါတယ်။
January 1, 2021 at 1:56 PM
လူသားတွေရဲ့အတွေးဟာစိတ်ဝင်စားဖို့ကောင်းတယ်မဟုတ်ပါလား။
December 24, 2020 at 12:20 PM
သူလို ကိုယ်လို အမှိုက်သိမ်းစနစ်ကို ဆောင်ရွက်ခဲ့ပေမဲ့ အမှိုက်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုမျိုး ထိခိုက်စေနိုင်သလဲဆိုတာကို နားလည်သိရှိကြပြီးနောက်မှာတော့ မြို့နေပြည်သူအများက ကိုယ့်အိမ်က အမှိုက်ကို ကိုယ့်ဖာသာခွဲယူလာပြီး မြို့လယ်မှာရှိတဲ့ ပြန်လည်သန့်စင်ရေး စင်တာ ယူလာကြတော့တယ်။ စင်တာက ဝန်ထမ်းတွေက မတူကွဲပြားတဲ့ အမှိုက်တွေကို နောက်တစ်ကြိမ် စီစစ်ပြီး သီးသန့်ထုပ်ပိုးကြပါတယ်။ ပြန်လည်အသုံးပြုနိုင်ဖို့ လုပ်ဆောင်တာဟာ အဲ့ဒီစင်တာရဲ့ နေ့စဉ်လုပ်ငန်းစဉ်ဖြစ်ပါတယ်။
December 4, 2020 at 9:29 AM
ကမ္ဘာကြီးဟာရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ digital ခေတ်ကြီးမှာ digital ကမ္ဘာက idol အနေနဲ့ ဂျပန်နိုင်ငံရဲ့ Kawaii Culture ကို တစ်ကမ္ဘာလုံးပျံ့နှံ့သွားစေဖို့ပါပဲ။
December 1, 2020 at 1:24 PM
လုပ်ကိုင်ရမဲ့အလုပ်အမျိုးအစားအလိုက် ဘာတွေကိုဘယ်လိုလုပ်ကိုင်ရမယ်ဆိုတာကို စာတွေ့လေ့ကျင့်ခြင်း၊ မိမိလုပ်ကိုင်မယ့်အလုပ်အတွက်စနစ်တကျလေ့လာခဲ့ခြင်းနဲ့မြန်မာပြည်မှာရှိကတည်းကဂျပန်မှာလုပ်ရမယ့်အလုပ်ရဲ့စည်းကမ်းများကိုစနစ်တကျသိထားဖို့လိုအပ်ပါတယ်။