Day: April 21, 2020

အထောက်အကူ

ဂျပန်တက္ကစီနဲ့ပက်သက်ပြီး သင်မသိသေးတာတွေ

တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အချိန်မှာ ရထားကို အသုံးပြုတာက အများဆုံးဖြစ်ပေမယ့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် တက္ကစီအသုံးပြုရဖို့ဖြစ်လာနိုင်ပါတယ်။ လမ်းပေါ်မှာလက်တားပြီး ငှားလို့ရသလို တက္ကစီအက်ပလီကေးရှင်း အသုံးပြုပြီးလည်းငှားလို့ရပါတယ်။

Read More
အထောက်အကူ

ဂျပန်အစိုးရရဲ့ ယမ်း ၁၀၀၀၀၀ ငွေကြေးထောက်ပံ့မှု ဘယ်လို လျှောက်မလဲ – UPDATE

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ဖို့ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ်နဲ့ ဂျပန်အစိုးရဟာ နိုင်ငံအတွင်း နေထိုင်သူ အားလုံးအတွက် ယန်းငွေ တစ်သိန်းစီ ထောက်ပံ့ပေးမယ့် သူ့ရဲ့အစီအစဉ် အသေးစိတ်နဲ့ပတ်သက်ပြီး အချက်အလက် အကျဉ်းချုပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင် စာရင်းမှာ ပါဝင်သူတိုင်းကို အဲဒီလို ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြည်ထဲရေးဝန်ကြီး တာကာ့အိချိ စာနာ့အဲ (Takaichi Sanae) က ဒီအစီအစဉ် အကျဉ်းချုပ်ကို ပြောကြားခဲ့ပါတယ်။ဧပြီလ ၂၇ရက် အချိန်မှာ ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင်စာရင်းထဲ ပါဝင်နေသူတိုင်း အရည်အချင်း ပြည့်မီပါတယ်။ ဒါဟာ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး ဗီဇာ ၃လ အထက်ရှိတဲ့ နိုင်ငံခြားသားတွေ အပါအဝင် […]

Read More
သတင်း

ဂျပန်နိုင်ငံမှာ အရောင်းသွက်နေတဲ့ အမျိုးသမီးအတွင်းခံနှာခေါင်းစည်း(FACE MASK) ဖက်ရှင်

ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေမကြေငြာမီမှာတင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှု နဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုမြင့်တက်ခဲ့ပြီး နှာခေါင်းစည်းတွေဝယ်ယူမှု မြင့်တက်ခဲ့ပါတယ်။နှာခေါင်းစည်း (FACE MASK) တွေကို ဂျပန်နိုင်ငံက ဆေးဆိုင်တွေမှာ ပုံမှန်ထားရှိ ရောင်းချနေကျ ကုန်ပစ္စည်း အမျိုးအစားဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ဝယ်ယူရရှိနိုင်ဖို့ ခက်ခဲရှားပါးလာခဲ့ပါတယ်။နှာခေါင်းစည်း အရေအတွက် မလုံလောက်တာကို လျော့ချနိုင်ဖို့အတွက် နှာခေါင်းစည်း ထုတ်လုပ်ရေးလုပ်ငန်း မဟုတ်တဲ့ ကုမ္ပဏီတော်တော်များများက လည်း နှာခေါင်းစည်းထုတ်လုပ်ရေး ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး နှာခေါင်းစည်းတွေ ထုတ်လုပ်ရောင်းချလာခဲ့ကြပါတယ်။ TOYAMA စီရင်စု က ဟီမီမြို့မှာ အခြေစိုက်တဲ့ ATSUMI FASHION အဝတ်အထည် ကုမ္ပဏီက ပြန်ပြီး အသုံးပြုနိုင်တဲ့ အဝတ်နဲ့ ချုပ်လုပ်ထားတဲ့ နှာခေါင်းစည်း တွေကို ဖက်ရှင်ကျကျ ဆန်းသစ်ထုတ်လုပ်လျက်ရှိပါတယ်။ ATSUMI FASHION ကုမ္ပဏီက အမျိုးသမီး […]

Read More
သတင်း

ဂျပန်က အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံ ကျော် ဘတ်ဂျက်ဖြည့်တင်းမှုဖြင့် စီးပွားရေး တိုးမြှင့်မည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ်ထိခိုက်မှုကို သက်သာစေဖို့ အတွက် ငွေသား အနေနဲ့ ထောက်ပံ့ပေးဖို့ ရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၈၀ ဘီလီယံ ကျော် ထပ်ဆောင်းဘတ်ဂျက်ကို ဂျပန်အစိုးရက တိုးချဲ့မှာ ဖြစ်ပါတယ်။ ဧပြီလ ၁ ရက်နေ့က စတင်ခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၁.၁ ထရီလီယံ တန်ဖိုး ရှိတဲ့ အရေးပေါ်စီးပွားရေးထောက်ပံ့မယ့် ရန်ပုံငွေမှာ ဒေါ်လာ ၂၃၀ ဘီလီယံကျော်ကို ထပ်ဆောင်း ဘတ်ဂျက် အဖြစ်နဲ့ တင်သွင်းမှာ ဖြစ်ပါတယ်။ ကပ်ရောဂါပြန့်ပွားမှုကြောင့် ဝင်ငွေသိသိသာသာကျဆင်းခဲ့တဲ့ အိမ်ထောင်စုတွေကိုပဲ ထောက်ပံ့ပေးမယ် ဆိုတဲ့ငွေကို မပေးတော့ဘဲ အဲဒီအစား နိုင်ငံတွင်းရှိ လူတိုင်းကို ဂျပန်ငွေ ယမ်း တစ်သိန်း (အမေရိကန်ဒေါ်လာ ၉၀၀ ကျော်) ပေးဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဂျပန်အစိုးရက […]

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်