Author: yyst_kizuna

ရိုးရာယဉ်ကျေးမှု

obon matsuri (သေဆုံးသူများအား ဂါရ၀ပြု ၊ အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်)

ဂျပန်နိုင်ငံအနှံ့အပြားမှာ ဩဂုတ်လ(၁၅)ရက်ဝန်းကျင်ရောက်တာနဲ့ Obon ပွဲတော်ကို ကျင်းပကြပြီး ထိုပွဲတော်ဟာ (၃)၊(၄)ရက်ခန့် ကြာမြင့်ပါတယ်။ Obon ပွဲတော်ဟာ နှစ်တစ်နှစ်လုံးမှာ ကျင်းပတဲ့ မိသားစုပွဲတော်များထဲက တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာအယူအဆနဲ့ ဆက်စပ်မှုရှိကာ မိသားစုများ စုဝေးလျက် သေဆုံးသွားပြီဖြစ်တဲ့ အဘိုးအဘွားဆွေမျိုးများနှင့် ချစ်ခင်သူများကို ဂါရဝပြု၊အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ Obon ပွဲတော်ကို အများပြည်သူရုံးပိတ်ရက်တစ်ရက်အနေနဲ့ ပြက္ခဒိန်တွင် အမှတ်အသားမပြုထားပေမဲ့လည်း Obon ပွဲတော်နီးကပ်လာပြီဆိုတာနဲ့ ကုမ္ပဏီတော်တော်များများကလည်း ရုံးပိတ်ပေးလေ့ ရှိကြပါတယ်။ Mukaebon လို့ခေါ်ကြတဲ့ Obon ပွဲတော်ရဲ့ပထမဦးဆုံးရက်မှာတော့ အဘိုးအဘွားများ၏ဝိညာဉ်များက မိမိတို့ရဲ့နေအိမ်များကို ရှာဖွေတွေ့ရှိနိုင်ရန်ရည်ရွယ်ပြီး အိမ်အရှေ့တွင် မီးပုံများပြုလုပ်ပြီး ဝိညာဉ်များအား ကြိုဆိုကြပါတယ်။ ယနေ့ခေတ်မှာတော့ လျှပ်စစ်မီးများထွန်းညှိထားတဲ့ မီးအိမ်များနဲ့လည်း ဝိညာဉ်များကို ကြိုဆိုလာကြပါတယ်။ထို့နောက် အဘိုးအဘွားများအား ပူဇော်ရန်စင်ကိုလည်း အမှတ်တရကမ္ပည်းပြားများ၊ အဘိုးအဘွားများကြိုက်နှစ်သက်တဲ့ ပန်းနှင့်သစ်သီးဝလံများ၊ဂျပန်မုန့်များဖြင့်လည်း […]

Read More
သတင်း

ဂျပန်အစိုးရမှ အလုပ်လက်မဲ့များအား ထောက်ပံ့ပေးသွားမည့် program အသစ်အားစတင်ရေးဆွဲ။

လက်တလော ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေသော Convid-19 ကပ်ရောဂါ ကြောင့်ဂျပန်နိုင်ငံရဲ့စီးပွါးရေးအခြေအနေဟာလည်းကျဆင်းလျက်ရှိပြီး ရှေ့လျှောက်အခက်အခဲများစွာ ကြုံတွေ့ရနိုင်ကြောင်း ဂျပန်နိုင်ငံအစိုးရ တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။ ထိုကဲ့သို့ စီးပွါးရေးဂရက်အခက်အခဲများကြောင့် တိုးပွါးလာသောအလုပ်လက်မဲ့များနှင့် အိမ်ခြေမဲ့များကို ကူညီနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ program အသစ်တစ်ခုကိုစတင်ရေးဆွဲခဲ့ကြပါတယ်။

Read More
သတင်း

သမိုင်းဝင် Harajuku ဘူတာရုံအဆောက်အဦးအား ဖြိုချဖျက်ဆီးတော့မည်ဖြစ်

သမိုင်းဝင်အဆောက်အဦးတစ်ခုဖြစ်တဲ့ Harajuku ဘူတာရုံအဆောက်အဦးအား 2020 Summer Olympics ပြီးပါက ဖြိုချဖျက်ဆီးတော့မည်ဖြစ်ကြောင်း JR east group မှ((၂၀၁၉)ခုနှစ် နိုဝင်ဘာလ (၁၉)ရက် စနေနေ့တွင် ကြေငြာခဲ့ပါတယ်။

Read More
သတင်း

ဂျပန်နိုင်ငံတွင် Covid-19ရောဂါကုသရန်အတွက် Avigan ဆေးအား စတင်စမ်းသပ်မှုများပြုလုပ်

Fujifilm Group ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Fujifilm Toyama Chemical ကုမ္ပဏီ မှ Coronavirus ကူးစက်ခံရသူ(၁၀၀)ခန့်အား Avigan ဆေးကိုအသုံးပြုကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ထိုဆေးဝါးစမ်းသပ်စစ်ဆေးမှုဟာ ဇွန်လမတိုင်ခင်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

Read More
သတင်း

ဂျပန်ဝန်ကြီးချုပ် Abe နှင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Thomas Bach တို့မှ အိုလံပစ်ပွဲတော်အား တစ်နှစ် ရွှေ့ဆိုင်းရန်သဘောတူညီခဲ့

အိုလံပစ်ပွဲတော်ကျင်းပမှုနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် ယခုလတ်တလောကမ္ဘာတဝန်းတွင် ဖြစ်ပွါးနေသည့်ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် Tokyo အိုလံပစ်ပွဲတော်အား ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းကို ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe မှ မတ်လ(၂၅)ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။

Read More
သတင်း

ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်တဲ့ Avigan (အအေးမိတုပ်ကွေးပျောက်ဆေး)ဟာ Coronavirus ကုသရာတွင် အကျိုးသက်ရောက်မှုရှိကြောင်းတွေ့ရှိခဲ့

၂၀၁၄ ခုနှစ်တွင် ဂျပန်နိုင်ငံမှ တီထွင်ထုတ်လုပ်ခဲသော Avigan (အအေးမိတုပ်ကွေးပျောက်ဆေး) ဟာ ယခုလတ်တလော ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားလျက်ရှိသည့် coronavirus ကို ကုသနိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံအစိုးရ သုတေသနပညာရှင်များမှ ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဆေးဝါးအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံအစိုးရမှ ပြောကြားခဲ့ပါတယ်။

Read More
သတင်း

ဂျပန်ကုမ္ပဏီများမှ ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်များကို ထပ်မံတိုးမြှင့်ပေးခဲ့။

ဂျပန်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးအများစုဟာ ဝန်ထမ်းများအား အိမ်မှနေ၍ ဆက်လက်အလုပ်လုပ်စေရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ လတ်တလော ဂျပန်နိုင်ငံတွင် Coronavirus ကူးစက်ပြန့်ပွားနေမှုအား ထိန်းချုပ်နိုင်စွမ်းမရှိသေးသောကြောင့် ကုမ္ပဏီများက မိမိတို့ဝန်ထမ်းများအား အိမ်မှနေ၍ အလုပ်လုပ်ခိုင်းမည့် နေ့ရက်များကို ထပ်မံတိုးမြှင့်‌ခဲ့ပါတယ်။

Read More
သတင်း

မတ်လ(၁၀)ရက် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံ၌လူအယောက်(၅၉)ဦး Coronavirus ထပ်မံကူးစက်ခံရပြီး တစ်ရက်တည်းတွင် ကူးစက်ခံရမှုနှုန်းအများဆုံးအဖြစ်စံချိန်တင်ခဲ့

မတ်လ(၁၀)ရက် အဂါင်္နေ့ တစ်ရက်တည်းတွင် ဂျပန်နိုင်ငံ၌ Coronavirus ကူးစက်ခံရသူဦးရေမှာ (၅၉)ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် Coronavirus ဖြစ်ပွားသည့်အချိန်မှစ၍ ယခုအချိန်ထိ တစ်ရက်တည်း၌ ကူးစက်ခံရမှု အများဆုံး လူဦးရေပမာဏ ဖြစ်ကြောင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ NHK မှ ပြောကြားခဲ့ပါတယ်။

Read More
သတင်း

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Esports center တစ်ခုဖြစ်လာမယ့် လို့ပြော နိုင်တဲ့ “Redee world” Osaka တွင် ဖွင့်လှစ်ခဲ့

ဖေဖာ်ဝါရီလ(၂၉)ရက် တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Esports Facility ကို Osaka ခရိုင်၊ Suita မြို့ရှိ Expocity တွင် ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် လူဦးရေ (၂၀၀,၀၀၀)ခန့် အား ထို center သို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်ဟုသိရပါတယ်။

Read More
သတင်း

ဂျပန်နိုင်ငံရှိကုမ္ပဏီများမှ ဝန်ထမ်းသစ်များ ခေါ်ယူရန်အတွက် အင်တာဗျူးမေးမြန်းခြင်းများကို Online မှတစ်ဆင့်သာ ပြုလုပ်ခဲ့

ဂျပန်နိုင်ငံတွင် လက်တလော Corona virus ကူးစက်ပြန့်ပွားနေမှုကြောင့် Job Fair များကို ကျင်းပခြင်းမရှိတော့ဘဲ အချို့ကုမ္ပဏီများက online မှတစ်ဆင့်သာ အလုပ်အကိုင်နှင့်ပတ်သက်တဲ့ Information များမျှဝေသွားခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်