Weekly Shonen Jump က ဂျပန်နိုင်ငံမှာ ဘာကြောင့် နာမည်ကြီးသလဲ။

October 11, 2020 at 5:05 PM

Weekly Shonen Jump ဟာ ဂျပန်နိုင်ငံမှာ ၁၉၆၈ ခုနှစ်တည်းက စတင်ထုတ်ဝေခဲ့တဲ့ Manga Magazine စာအုပ် ဖြစ်ပါတယ်။ အပတ်စဉ် ထွက်ရှိတဲ့ ဒီ Manga Magazine စာအုပ်မှာ Manga ဇာတ်လမ်း ၁၅ ခု က နေ အခု ၂၀၏ Chapter တစ်ခုချင်းစီ ပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အဓိက ကူးသန်းသွားလာရေး စနစ်တစ်ခု

September 30, 2020 at 6:12 PM

ဂျပန်နိုင်ငံကို ကမ္ဘာက စိတ်ဝင်စားမှုများထဲက တစ်ခုက တော့ “ရထား” ပဲ ဖြစ်ပါတယ်။ နည်းပညာမြင့်မားပြီး လျင်မြန်တဲ့ရထားတွေဟာ ဂျပန်နိုင်ငံရဲ့ မြို့တစ်မြို့ နဲ့ တစ်မြို့ ကို အချိန်ခဏလေးဖြင့် သွားလာနိုင်ပါတယ်။

Iga Ueno ရဲတိုက် နဲ့ Mie၊Shigaစီရင်စုကNinja တွေ

September 12, 2020 at 2:17 PM

Iga နှင့် Koka ဂျပန်အမွေအနှစ်ဒေသတွေမှာ သမိုင်းကြောင်း တစ်လျှောက် Ninja အစစ်အမှန် နေထိုင်မှု နဲ့ နင်ဂျာအတတ်ပညာ လေ့ကျင့် သင်ကြားပုံ တို့ကို ယဉ်ကျေးမှု ထိန်းသိမ်းတဲ့အနေနဲ့ သရုပ်ဖော် ပြသပေးလျက်ရှိပါတယ်။ Geisha၊ Samurai နဲ့ Sumo နပန်းသမားတွေ လိုပဲ Ninja တွေဟာလည်း ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတဲ့ သမိုင်းကြောင်းအထင်ကရတွေပဲ ဖြစ်ပါတယ်။

Osaki ဘူတာ mascot အသစ်ဖြစ်လာတဲ့ ဝမ်းနည်းနေတဲ့ ယုန်ကလေး

September 11, 2020 at 7:34 PM

ယုန်ကလေးက ရုံးဆင်းရုံးတက်ချိန် (Rush Hour)ကြောင့် ဂျပန် ရထား ဘူတာ မှာ လူတွေ ပြည့် ကြပ်နေလို့ စိတ်ညစ်နေပုံတော့ မပေါက်ပါဘူး။

obon matsuri (သေဆုံးသူများအား ဂါရ၀ပြု ၊ အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်)

August 14, 2020 at 11:29 AM

ဂျပန်နိုင်ငံအနှံ့အပြားမှာ ဩဂုတ်လ(၁၅)ရက်ဝန်းကျင်ရောက်တာနဲ့ Obon ပွဲတော်ကို ကျင်းပကြပြီး ထိုပွဲတော်ဟာ (၃)၊(၄)ရက်ခန့် ကြာမြင့်ပါတယ်။ Obon ပွဲတော်ဟာ နှစ်တစ်နှစ်လုံးမှာ ကျင်းပတဲ့ မိသားစုပွဲတော်များထဲက တစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာအယူအဆနဲ့ ဆက်စပ်မှုရှိကာ မိသားစုများ စုဝေးလျက် သေဆုံးသွားပြီဖြစ်တဲ့ အဘိုးအဘွားဆွေမျိုးများနှင့် ချစ်ခင်သူများကို ဂါရဝပြု၊အရိုအသေပေးတဲ့ ဂျပန်ရိုးရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ Obon ပွဲတော်ကို အများပြည်သူရုံးပိတ်ရက်တစ်ရက်အနေနဲ့ ပြက္ခဒိန်တွင် အမှတ်အသားမပြုထားပေမဲ့လည်း Obon ပွဲတော်နီးကပ်လာပြီဆိုတာနဲ့ ကုမ္ပဏီတော်တော်များများကလည်း ရုံးပိတ်ပေးလေ့ ရှိကြပါတယ်။ Mukaebon လို့ခေါ်ကြတဲ့ Obon ပွဲတော်ရဲ့ပထမဦးဆုံးရက်မှာတော့ အဘိုးအဘွားများ၏ဝိညာဉ်များက မိမိတို့ရဲ့နေအိမ်များကို ရှာဖွေတွေ့ရှိနိုင်ရန်ရည်ရွယ်ပြီး အိမ်အရှေ့တွင် မီးပုံများပြုလုပ်ပြီး ဝိညာဉ်များအား ကြိုဆိုကြပါတယ်။ ယနေ့ခေတ်မှာတော့ လျှပ်စစ်မီးများထွန်းညှိထားတဲ့ မီးအိမ်များနဲ့လည်း ဝိညာဉ်များကို ကြိုဆိုလာကြပါတယ်။ထို့နောက် […]

ပထမဆုံး လူမည်း ဆာမူရိုင်း Yasuke

August 13, 2020 at 10:37 AM

Nobunaga Oda နဲ့ Toyotomi Hideoyoshi တို့ အာဏာစက်ကြီးနေတဲ့ အချိန်မှာ မီးသွေးရောင် အသားအရေနဲ့ ဂျပန်လူမျိုးတွေထက် နှစ်ဆ ရှိသော အရွယ်အစား ရှိတဲ့ Yasuke ကို ဂျပန်လူမျိုးတွေက အထူးအဆန်းတစ်ဖွယ် ဝိုင်းပြီး ထိတွေ့ ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီသတင်းကို အရှင် Nobunaga Oda ကြားတဲ့အခါ Yasuke ကို အခစားဝင်ဖို့ မိန့်ကြားခဲ့ပါတော့တယ်။ Yasuke ရဲ့ မှင်အမဲတွေ လောင်းကျထားလို့ မည်းနေသယောင်ဖြစ်နေတဲ့ အသားအရေနဲ့ အရပ်အမောင်းကို ခွန်အားကို Nobunaga Oda က အသိအမှတ်ပြုတဲ့အနေနဲ့ သူကိုယ်တိုင် ဂျပန်အမည် Yasuke လို့ မှည့်ခေါ်ခဲ့ပါတော့တယ်။

Corona Virus အရိပ်မည်းထဲမှာ ရုန်းကန်နေရတဲ့ Geisha

July 19, 2020 at 12:32 PM

Akasaka မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ခန့်က Geisha ဦးရေ ၁၂၀ ခန့် ရှိခဲ့ပြီး လက်ရှိ တိုကျို တစ်ခုလုံးမှာ ဦးရေ ၂၃၀ ခန့်သာ ကျန်ရှိတော့ပါတယ်။ Geisha ဖြစ်ဖို့ လေ့ကျင့်မှု တွေနဲ့ ကီမိုနို ဝတ်ဆင်မှုတွေဟာ လူကြိုက်များမှုအပေါ် မူတည်ပြီး တန်ဖိုးကြီးလှပါတယ်။ Ikuko လို ရှေးဟောင်း Geisha တွေ လို လူကြိုက်များ စေတဲ့ လိမ္မာ ပါးနပ်တဲ့ စကားလက်ဆုံ ပြောဆိုမှု လိုမျိုး စွမ်းရည် အချို့က အချိန်အတော်ကြာ မှ သာ တတ်မြောက်နိုင်တာဖြစ်ပါတယ်။

သားအဖ ဆက်ဆံရေး ကနေ ဘဝ အပိုင်းအစ ခံစားမှုတစ်ခုကို ပေးမဲ့ “Kakushigoto”

June 25, 2020 at 8:07 AM

Kakushigoto အပိုင်းတစ်ပိုင်း ကြည့်ပြီးတဲ့အခါတိုင်း စိတ်အပန်းလည်း ပြေသလို တွေးစရာ ငေးစရာ လေးတစ်ခု ကျန်ရစ်ခဲ့တာကိုက MMKizuna စာဖတ်သူတွေကို ပြောပြပေးဖို့ တိုက်တွန်းနေခဲ့သလိုပါပဲခင်ဗျာ။

နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်း ရှိတဲ့ ဝတ္ထု ရှည် The Tale of Genji (源氏物語, Genji monogatari)

June 25, 2020 at 6:52 AM

အမျိုးသားတွေက သူတို့ ချစ်တဲ့ အမျိုးသမီးတွေကို ရာသီအလိုက်ပွင့်တဲ့ အကိုင်းအခက် အပွင့်တွေနဲ့ ဆက်စပ်တဲ့ အရောင်နဲ့ ရနံ့ ရှိတဲ့ စက္ကူပေါ်မှာ ချစ်ခြင်းတွေ ပြည့်နေတဲ့ ကဗျာတွေ ရေးပြီး ပေးလေ့ရှိပါတယ်။ Genji ဝတ္ထုရှည်ကို ဖတ်ကြည့်မိတဲ့အခါမှာ Heian ခေတ်ကတည်းက အမျိုးသမီးတွေဟာ စာပေ၊ ပန်းချီ အနုပညာ လက်ရာဖန်တီးမှုများမှ တဆင့် ခံစားချက်တွေကို ဖော်ထုတ်လာခဲ့တာကို တွေ့မြင်နိုင်ပါတယ်။ ခံစားချက်တွေ ကို အနုပညာလက်ရာ ဖန်တီးမှု အဖြစ် ပြောင်းလဲ ပြီး ချစ်ခြင်းနဲ့ ပတ်သက်ပြီး နားလည် ခံစားမှုတွေကို တွေ့ရှိနိုင်ပါတယ်။ ချစ်သူနဲ့ အချစ်ခံပစ္စည်းတစ်ခုအဖြစ်သာ တန်ဖိုး ထားခံရမှုတွေ ထိုခေတ်ထဲက ထိန်းချုပ် ခံထားရတဲ့ အလေ့အထ အစဉ်အလာကြောင့် ချစ်ခြင်းဟာ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ထပ်တူ ကျနိုင်ဖွယ် မရှိခဲ့တာမျိုးတွေကို ဖတ်ရှုလေ့လာမိပါတယ်။

Music Video အသစ် နဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အားပေးလိုက်တဲ့ Nogizaka46 All-Star Idol အဖွဲ့

May 25, 2020 at 8:57 AM

Music Video မှာ Nogizaka46 အဖွဲ့ဝင်အကုန်လုံး ပါဝင်တဲ့အပြင် Nishino Nanase, Ikoma Rina, Sakurai Reika, Wakatsuki Yumi, Eto Misa, Nouja Ami, Sagara Iori, Saito Chiharu, Saito Yuri, Ito Karin နဲ့ Ichiki Rena တို့ပါဝင်ထားပါတယ်။

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်