ဂျပန်နိုင်ငံ အကြီးဆုံး ရုပ်တု ဖြစ်လာနိုင်ခြေရှိတဲ့Hideyoshi သစ်သား ရုပ်တု တူးဖော် တွေ့ရှိ

May 24, 2020 at 7:39 AM

Omiyajinja ဘုရားကျောင်း၌ တူးဖော်တွေ့ရှိခဲ့သည့် လူ အရွယ်အစား ခန့် ရှိသော Toyotomi Hideyoshi သစ်သားရုပ်တုက ၎င်း ထီးနန်းဆက်ခံနေစဉ်အတွင်း ပြည်သူလူထုက မည်သို့ကိုးကွယ်ခဲ့သည်နှင့်ပတ်သက်ပြီး သဲလွန်စ ရရှိခဲ့သည်။ အဆိုပါ ရုပ်တုက မေလ ၂၁ ရက်နေ့တွင် တူးဖော်တွေ့ရှိခဲ့ကြောင်း Osaka မြို့ ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဂျပန်ရဲ့ Entertainment Industry ထဲမှာ လူတိုင်းနီးပါး သိကြပြီး ပါးစပ်ကနေထုတ်ဖော်မပြောကြတဲ့ လျှို့ဝှက်ချက်

May 14, 2020 at 5:34 PM

အခကြေးငွေပေးပြီး ရည်းစားအဖြစ် date လို့ရတဲ့ ဂျပန် celebrity တွေရှိပေမဲ့ ဒီအဖော်ပြုပေးတဲ့ ဝန်ဆောင်မှု လုပ်ရပ်မျိုးတွေကို သူတို့တွေရဲ့ Agency တွေက တရားဝင်ခွင့်မပြုပါဘူး။ တချို့ flexible ဖြစ်တဲ့ agency တွေကတော့ မသိကျိုးကျွံပြုထားကြပေမယ့် အရမ်းနာမည်ကြီးတဲ့ agency အကြီးစားတွေကတော့ သိတာနဲ့ ချက်ချင်း စာချုပ်ကို ဖျက်သိမ်းပါတယ်။ ဒီလို အရှုပ်တော်ပုံ တွေကြောင့် ဂျပန်နိုင်ငံက Celebrity တွေဟာ အပိုဝင်ငွေအတွက် တိုးတိုးတိတ်တိတ် လျှို့ဝုက်ပြီး လှုပ်ရှားရတာပေါ့။ ဒီလို Celebrity တွေကို အခကြေးငွေပေးပြီး Date တာကို 援助交際[Enjou Kousai] လို့ခေါ်ပါတယ်။

Studio Ghibli ပရိသတ်တွေကို ဆွဲဆောင်ခဲ့တဲ့ Spirited Away ရုပ်ရှင်ရဲ့ ရေမြုပ်နေတဲ့ ရထားသံလမ်းတွေ

May 11, 2020 at 8:32 AM

၂၀၀၁ ခုနှစ်မှာ Studio Ghibli ကနေ ထွက်ရှိခဲ့တဲ့ Spirited Away ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ထဲက ရေနစ်မြုပ်နေတဲ့ ရထားသံလမ်းတွေ ပေါ်ကနေပြီး ရေတိမ်ပိုင်းကို ဖြတ်ပြီး မောင်းသွားတဲ့ ရထားကို အဓိက ဇာတ်ကောင် Chihiro တစ်ယောက် စီးတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြအုန်းမယ်လို့ထင်ပါတယ်။ ရုပ်ရှင်ထဲမှာ လုပပြီး နွေးထွေးလှတဲ့ မြင်ကွင်းတစ်ခု ဖြစ်အောင် ရေးဆွဲထားခဲ့တဲ့ ဒီ မြင်ကွင်းကို လက်တွေ့ဘဝထဲမှာ Ehime စီရင်စု က Shimonada ရထားဘူတာ မှာ ၂၀၁၉ခုနှစ် မတ်လ တုန်းက တွေ့ရှိခဲ့ကြပြီး Studio Ghibli ရဲ့ ပရိသတ်အချို့ သွာရောက်
တွေ့ကြုံခံစားခဲ့ကြတယ်လို့ သိရပါတယ်။

ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း ဂျပန်ဒဏ္ဍာရီလာ မှတဆင့် စိတ်သက်သာရာ ရှာဖွေခြင်း

May 5, 2020 at 9:22 PM

Chiba စီရင်စု မှာ ရှိ တဲ့ Chofukujuji ဘုန်းကြီးကျောင်းမှာ ၁၀ ရာစု သက်တမ်း ဗုဒ္ဓဘာသာဘုန်းတော်ကြီး Ganzan Daishi (Ryogen) ဝင်စားတဲ့ Tsuno Daishi (Great Horned Master) နတ်ဆိုး ရဲ့ပုံတော်ကို ပန်းထိုးထားတဲ့ Omamori အဆောင်လက်ဖွဲ့တွေကို ဂျပန်ငွေ ယမ်း ၁၀၀၀ နဲ့ ရောင်းချလျက်ရှိတယ်လို့ သိရပါတယ်။
Ganzan Daishi ဘုန်းတော်ကြီးက နာမကျန်းဖျားနာ မှု နဲ့ တစ်ခြား မကောင်းတဲ့အရာတွေကို ကုသဖယ်ရှားပေးနိုင်တဲ့ တန်ခိုးရှိတဲ့အတွက် ကမ္ဘာမှာ လက်ရှိ ဖြစ်ပွား နေတဲ့ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတာနဲ့ ပတ်သက်ပြီး ဖယ်ရှားပေးလိမ့်မယ်ဆိုတဲ့ အဆောင်လက်ဖွဲ့အဖြစ် ဝယ်ယူခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့ ဂျပန် Idol၊ Idol Producer/Management

April 29, 2020 at 4:09 PM

အခုလို ကိုရိုနာ virus ပြဿနာကြောင့် တစ်ကမ္ဘာလုံးအိမ်တွင်းအောင်းနေရပြီး စီးပွားရေးအကြီးအကျယ် ထိခိုက်တဲ့ အခြေအနေအမျိုးမှာ ဂျပန် idol တွေနဲ့ Idol Producer/ Management တွေမှာလည်း ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပါ။ ယနေ့ခေတ်မှာ ဂျပန် idol ဆိုရင် mainstream ပဲဖြစ်ဖြစ် chika(underground) ပဲဖြစ်ဖြစ် fan service ကို အဓိကထားပြီး fan အသစ်တွေရအောင် ကြိုးစားအားထုတ်နေရတာ အတူတူပါပဲ။ဂျပန်ရဲ့ လက်ရှိ ဂျပန် idol တွေရဲ့ concept က Idols that you can meet ပါ။ ဒီ concept ကို တစ်ချိန်က 48G […]

The Garden Of Words ကို ပြန်လည်ဆင်ခြင်ခြင်း

April 22, 2020 at 11:53 AM

“မှိုင်းနေတဲ့ ကောင်းကင်က ခပ်မှိုန်မှိုန် လျှပ်တစ်ပြက်နဲ့အတူ မိုးရွာတော့မယ်ထင်တယ်။ တကယ်လို့မိုးသာရွာခဲ့မယ်ဆိုရင် ဘေးမှာအတူရှိနေပေးနိုင်မလား” Anime ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Garden of Words ကို တော်တော်များများ ကြည့်ပြီးသလောက်ရှိမဲ့ 5 Centimetre Per Seconds နဲ့ Your Name စတဲ့ Anime ရုပ်ရှင်တွေ ကို ဖန်တီးခဲ့တဲ့ Makoto Shinkai ရဲ့ နောက်ထပ် လက်ရာတစ်ခုပါပဲ။ Markoto Shinkai ဟာ ကဗျာ ဆရာ တစ်ယောက်လည်းဖြစ်ပုံရပြီး သူရဲ့ တန်းက (Tanka) အမျိုးအစား ကဗျာ Kotonohano Niwa ကို စိတ်ခံစားမှုကို သိရှိနိုင်စေရန်အတွက် စကားလုံးတွေ […]

Violet Evergarden

April 19, 2020 at 2:19 PM

ကျွန်တော်တို့တွေ ဟာ ဘာလို့ စာတွေ ရေးနေခဲ့ကြတာလဲ။ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ဖို့အတွက်လား ဒါမှမဟုတ် စကားအနေနဲ့ ထုတ်ပြောလို့ မရတဲ့ စိတ်ခံစားချက်တွေကို သိစေချင်လို့ စာကြောင်းတွေနဲ့ ရေးသားပုံဖော်ပြနေခဲ့ကြတာလား။

Corona Virus Harassment

March 14, 2020 at 10:36 PM

Corona Virus Covid-19 ဖြစ်ပွားမှုတွေများလာတာနဲ့အတူ ဂျပန်လုပ်ခန်းခွင်မှာဆိုရင် コロハラCoroharaဆိုတဲ့ Harassment ပုံစံအသစ် ထွက်ပေါ်လာနေပါတယ်လို့ဂျပန်အွန်လိုင်းမီဒီယာတစ်ခုရဲ့တင်ပြချက်အရ သိရှိရပါတယ်။

မိန်းကလေးများပွဲတော် Hina matsuri

March 3, 2020 at 12:32 PM

Hina matsuri (မိန်းကလေးများပွဲတော်)ကို အရုပ်ပွဲတော်လို့လည်း သိကြပြီး နှစ်စဉ်နှစ်တိုင်း မတ်လ(၃)ရက်နေ့မှာ ကျင်းပလေ့ရှိကြပါတယ်။ ထိုမိန်းကလေးပွဲတော်ဟာဆိုရင် ဂျပန်မှာရှိတဲ့ မိန်းမပျိုလေးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်စိတ်ချမ်းသာစေရန်၊အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေရန် ဆုတောင်းပွဲအနေနဲ့ ကျင်းပပြုလုပ်တဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ သမီးမိန်းကလေးများမွေးထားတဲ့ မိသားစုများဟာ မိမိတို့အိမ်တွင် Hina အရုပ်လေးများကိုအလှဆင်ရင်း လှပပြီး အရသာရှိတဲ့ အထူးစားသောက်ဖွယ်ရာများကို Hina အရုပ်လေးများအား လှူဒါန်းပူဇော်ကာ Hina ပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။

ဂျပန်အသိုင်းအဝိုင်းက Harassment ဆိုတာ

March 2, 2020 at 12:50 PM

Harassment ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ တစ်ဖက်သူအပေါ် အပြုအမူ၊ စကားလုံးတွေနဲ့ နိုင်ထက်စီးနင်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဂျပန်အသိုင်းအဝိုင်းမှာတော့ Harassment ဆိုတာ ပြုလုပ်သူက မိမိကိုယ်တိုင်တမင်သက်သက် ပြုလုပ်ချင်စိတ်မရှိပါပဲနဲ့ မိမိစိတ်သတိမထားမိလိုက်တဲ့အချိန်မှာတစ်ဖက်သားကို စိတ်ဒဏ်ရာရစေတဲ့ အပြုအမူလည်း အပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အလုပ်ခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သတိမထားမိပဲနဲ့ ပြုလုပ်မိတဲ့ ကိစ္စတွေများလည်းရှိပြီးတော့ ၁၉၈၀ပြည့်နှစ်နောက်ပိုင်းကစပြီး ဆိုတဲ့ Harassment စကားလုံးကိုတော်တော်လေးကြားရလာပါတယ်။ ၁၉၉၇ ခုနှစ် အမျိုးသားအမျိုးသမီး ညီတူညီမျှအလုပ်ခန့်အပ်ခြင်းဥပဒေ 男女雇用機会均等法(Danshikoyoukikaikintouhou) ပြင်ဆင်လိုက်ချိန်ကစပြီး セクハラ(Sekuhara လိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းပြုလုပ်မှု)လို့ အမည်တွင်တဲ့ သတ်မှတ်ချက်က ပေါ်ပေါက်လာခဲ့ပြီးတော့ セクシャルハラスメント(Sexual harassment) ဆိုတဲ့ စကားလုံးကိုလည်း အတည်ပြုသတ်မှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လုပ်ငန်းခွင်တစ်ခုထဲမှာတင်မဟုတ်ပဲ ဆေးရုံ၊ ကျောင်းအစရှိတဲ့ အဖွဲ့အစည်း အမျိုးမျိုးကြားမှာ […]

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်