September 18, 2020 at 10:46 AM
ကိုယ်ချစ်ရတဲ့သူ နဲ့ ဘယ်စားသောက်ဆိုင်မှာတော့ အတူစားလိုက်ကြမယ်ဆိုပြီး ကြိုတင်စီစဉ်ထားတာမျိုးမရှိပဲ ဗိုက်ဆာလာတာကြောင့် စားသောက်ဆိုင်တစ်ခုခုဝင်ပြီး အတူစားဖြစ်ခဲ့ကြတဲ့ အခိုက်အတန့်တွေ ရှိခဲ့ကြဖူးလိမ့်မယ်လို့ ထင်ပါတယ်။ နင်ကတော့ဘာစား ငါကတော့ ဘာမှာစားမယ် ဆိုပြီး ကြို မတွက်ထားတာကြောင့် Menu တစ်ယောက်တစ်အုပ် ကိုင်ပြီး ဘာစားမှာလဲ လို့ အပြန်အလှန် မေးခွန်းထုတ်ကာ အချိန်အတော်ကြာ ငြင်းခုန်ကြရတဲ့ အခြေအနေမျိုးထိ တစ်ခါတစ်လေ ရောက် သွားဖူးကြပါလိမ့်မယ်။
September 11, 2020 at 10:08 AM
ဂျပန်နဲ့ တခြား အရှေ့အာရှနိုင်ငံတွေမှာ တိုင်ဖွန်းမုန်တိုင်းရာသီ စတင်နေပါပြီ။ လေတိုက်နှုန်းအမျိုးမျိုးကြောင့် ဖြစ်တတ်တဲ့ အပျက်အစီးတွေအကြောင်းကို ပြောပြပေးသွားပါမယ်။
အခိုက်အတန့်အားဖြင့် အမြန်ဆုံး တစ်နာရီကို ၁၄၄ ကီလိုမီတာနှုန်းနဲ့ တိုက်တဲ့ လေပြင်းတွေဟာ ဆိုင်းဘုတ်တွေ လွင့်ထွက်တာနဲ့ လမ်းပေါ်မှာ မောင်းနေတဲ့ ကုန်တင်ကားတွေကို မှောက်သွားစေနိုင်ပါတယ်။
August 11, 2020 at 9:51 AM
အဲ့လိုညလုံးပေါက်ဖွင့်တဲ့ ထမင်းဆိုင်လေးတစ်ဆိုင်ရဲ့ ဇာတ်လမ်းကို Netflix မှာ Midnight Diner, Japanese title 深夜食堂(Shinya Shokudo) နာမည်နဲ့ ရှာကြည့်လို့ရပါတယ်။ ဒီနာမည်နဲ့ပဲ ဂျပန်ရုပ်သံလိုင်းမှာ ၅ နှစ်လောက်ထုတ်လွှင့်ပြသဖူးပါတယ်။ အခုမှ Netflix က အသစ် ပြန်ရိုက်တာပါ။
August 11, 2020 at 9:11 AM
အက်တမ်ဗုံးပေါက်ကွဲရာ၌ ဖြစ်ပေါ်သော အက်တမ်စွမ်း အင်သည် မည်မျှ ဖျက်ဆီးအားရှိသနည်းဟူမူ ဂျပန်နိုင်ငံ၊ ဟိရို ရှီးမားနှင့် နာဂါဆာကီမြို့များ၏ အပျက်အဆီးက သက်သေခံ ပေသည်။
April 29, 2020 at 6:43 PM
Covid-19 ကြောင့် ဆိုတဲ့ ဖြစ်လာတဲ့နဲ့ အတူ နောက်ဆက်တွယ်ဖြစ်တဲ့ပြသနာတွေကလည်း ရှိလာပါတယ်။ နောက်ဆက်တွဲပြသနာတွေထဲကမှ တစ်ခုကတော့ အိမ်တွင်းအကြမ်းဖက်မှုပြသနာပါပဲ။ အိမ်တွင်းအကြမ်းဖက်တွေနဲ့ ပက်သက်ပြီးလုပ်ဆောင်ကြတဲ့ ပြောကြားမှုအရကတော့ ကျောင်းပိတ်မှုနဲ့ အခြားသောအစိုးရက တားမြစ်သတ်မှတ်မှုကြောင့် ကြုံတွေ့လာရတဲ့ စိတ်ဖိအားတွေကြောင့် ဖြစ်တယ်လို့ ဆိုလိုပါတယ်။
April 28, 2020 at 2:07 PM
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေတုန်း အိမ်မှာ Social Distancing နေကြတဲ့ သူတွေကော Work from home လုပ်နေကြတဲ့ တွေအတွက် အားလပ်တဲ့အခါ ကြည့်ရှုနိုင်မဲ့ Netflix က ဂျပန်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက ထွက်ထားတာ ကြာပြီဖြစ်ပေမဲ့ မကြည့်ရသေးသူတွေအတွက် ကြိုက်နှစ်သက်စေမယ့် စီးရီးတစ်ခု ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ဇာတ်လမ်းက ဂျပန်နိုင်ငံ Showa ခေတ် ၁၉၇၀ ခုနှစ် ဝန်းကျင်လောက်ကနေ ၁၉၈၉ ခုနှစ် ဂျပန်ဧကရာဇ် Hirohito ပျံလွန်တော်မူတဲ့ Showa နောက်ဆုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဂျပန်ရဲ့ AV(porn) Industry ပြိုင်ဆိုင်မှုတကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအရတော့ ကုမ္ပဏီနာမည်တွေ လူနာမည်တွေကို […]
April 27, 2020 at 12:25 AM
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်မှုကို ကန့်သတ် ထိန်းချုပ်နိုင်ပါရန်ချမှတ်ထားသည့်အစီအမံများကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများရင်ဆိုင်နေကြရသော မြန်မာနိုင်ငံသားများနှင့် မိသားစု များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြထားခဲ့ပါသည်။မြန်မာသံရုံးအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ All Nippon Airways ရုံးချုပ်နှင့် ၂၀၂၀ ပြည့်နှစ်၊ မေလ၊ ပထမပါတ်တွင် တိုကျိုမြို့၊ Narita International Airport မှရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လူသားချင်းစာနာမှု အကူအညီ လေယာဉ် (Relief Flight) ပြေးဆွဲပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။ မြန်မာသံရုံးမှ All Nippon Airways ရုံးချုပ်နှင့် ညှိနှိုင်းပြီးသည့်အခါ ထွက်ခွာမည့် နေ့ရက်ကို အသိပေးသွားမည် ဖြစ်ပါသည်။ထိုသို့ ညှိနှိုင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသို့ […]
April 21, 2020 at 9:02 PM
တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အချိန်မှာ ရထားကို အသုံးပြုတာက အများဆုံးဖြစ်ပေမယ့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် တက္ကစီအသုံးပြုရဖို့ဖြစ်လာနိုင်ပါတယ်။ လမ်းပေါ်မှာလက်တားပြီး ငှားလို့ရသလို တက္ကစီအက်ပလီကေးရှင်း အသုံးပြုပြီးလည်းငှားလို့ရပါတယ်။
April 21, 2020 at 7:14 PM
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ဖို့ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ်နဲ့ ဂျပန်အစိုးရဟာ နိုင်ငံအတွင်း နေထိုင်သူ အားလုံးအတွက် ယန်းငွေ တစ်သိန်းစီ ထောက်ပံ့ပေးမယ့် သူ့ရဲ့အစီအစဉ် အသေးစိတ်နဲ့ပတ်သက်ပြီး အချက်အလက် အကျဉ်းချုပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင် စာရင်းမှာ ပါဝင်သူတိုင်းကို အဲဒီလို ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြည်ထဲရေးဝန်ကြီး တာကာ့အိချိ စာနာ့အဲ (Takaichi Sanae) က ဒီအစီအစဉ် အကျဉ်းချုပ်ကို ပြောကြားခဲ့ပါတယ်။ဧပြီလ ၂၇ရက် အချိန်မှာ ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင်စာရင်းထဲ ပါဝင်နေသူတိုင်း အရည်အချင်း ပြည့်မီပါတယ်။ ဒါဟာ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး […]