CBD Product တွေ ဝယ်မယ်ဆိုရင်

August 21, 2021 at 4:04 PM

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

စက်မှုမြို့တော် Nagoya

August 10, 2021 at 10:14 AM

ဂျပန်ရဲ့ စက်မှုမြို့တော် “နာဂိုယာ”(Nagoya City)နာဂိုယာမြို့သည် ဂျပန်နိုင်ငံ Chubu ဒေသတွင် အကြီးဆုံးမြို့ဖြစ်ပြီး Aichi ခရိုင်ရဲ့ မြို့တော်ဖြစ်ပါတယ်။ နေထိုင်သူဦးရေ ၂သန်းခန့်ရှိသည့် စတုတ္ထမြောက်လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပြီး ဂျပန်ရဲ့ အဓိကဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။ ဟွန်းရှူးကျွန်းရှိ အကြီးဆုံးလွင်ပြင် ၃ခုထဲမှ တခုဖြစ်တဲ့ Nobiလွင်ပြင်ရှိတဲ့ အဓိကမြို့လည်းဖြစ်ပြီး ဂျပန်ရဲ့Chūkyō metropolitan area လို့လူသိများပါတယ်။၁၆၁၀ ခုနှစ်(အယ်ဒိုခေတ်အတွင်း) စစ်ဘုရင် Tokugawa Ieyasuဟာ Kiyosu မှာရှိတဲ့ Owari စီရင်စုရဲ့ မြို့တော်ကို နာဂိုယာကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။ နာဂိုယာကို ၁၈၈၉ ခုနှစ်တွင် မြို့အဖြစ် ကြေညာခဲ့ပြီး မေဂျီခေတ်ပြန်လည်ထူထောင်ရေးတွင် ဂျပန်ရဲ့စက်မှုအခြေစိုက်မြို့တစ်မြို့ဖြစ်လာခဲ့ပါတယ်။

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

August 3, 2021 at 10:53 AM

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Curry ဆိုတာ

May 21, 2021 at 1:53 PM

မတ်လ ၂ ရက်သည် “ဒေသခံ Retort ဟင်းနေ့” ဖြစ်သည်ကိုသင်သိပါသလား။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင်နှစ်စဉ်ကျင်းပသောနှစ်သစ်ကူးပွဲတော်ဖြစ်သည်။ ဂျပန်နိုင်ငံမှာ နိုင်ငံတစ်ခုလုံးမှာရှိတဲ့ ဟင်းတစ်ခွက်ချင်းစီတိုင်းရဲ့ ဖြစ် ပေါ်လာပုံကို လူအများပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြီး ဒေသခံ Retort ဟင်းနေ့ ဆိုပြီး သတ်မှတ်ထားတဲ့ နေ့တစ်နေ့ရှိပါတယ်။ ကယ်ရီကိုနှစ်ပေါင်း ၁၅၀ ခန့်နောက်ပိုင်း Meiji ခေတ် အ စောပိုင်းမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ ကျွန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံ ရဲ့ ကယ်ရီ ဟင်းကို အိန္ဒိယအိန္ဒိယလူမျိုးတွေက“ အရသာရှိသောဟင်းတစ်ခွက်” လို့ချီးကျူးခဲ့ကြတယ်။ Curry ဟင်းဟာ ဂျပန်နိုင်ငံ ရဲ့ အမျိုးသားဟင်း ဖြစ်တယ်ဆိုတာ ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ပါ။ ဒါကြောင့် MMKizuna က Curry […]

ခရီးထွက်ကာ စိတ်အပန်းဖြေ ငေးမောကြည့်ရှုစရာ မိုးမင်းဂျီ (MOMIJI)

November 11, 2020 at 1:29 PM

ဆောင်းဦးနဲ့ဆောင်းရာသီမှာ ဂျပန် တောင်တန်းတွေဟာလည်း ဆောင်းလေ နဲ့ အတူ အနီရောင်သမ်းကာ ပြောင်းလာခဲ့ကြတော့ပါတယ်။

AV အပြာကားမင်းသမီးတွေ ဝန်ဆောင်မှုပေးမဲ့ စားသောက်ဆိုင်ဘား

September 18, 2020 at 12:05 PM

Tokyo မြို့တော် နာကာနိုရပ်ကွက်မှာ ရုံးချုပ် ရှိတဲ့ ဂျပန် AV အပြာကားရိုက်ကူးထုတ်လုပ်ရေးကုမ္ပဏီ အုပ်စု ဖြစ်တဲ့ SOD လို့ အတိုကောက် လူသိများတဲ့ Soft On Demand ကုမ္ပဏီအုပ်စုက အထပ် ငါးထပ်ပါဝင်တဲ့ အဆောက်အအုံတစ်ခုကို အသက်ပြည့်ပြီးသားအရွယ်ရောက်သူတွေအတွက် အပန်းဖြေစရာနေရာ ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေနဲ့ သမုဒ္ဒရာတွေ ကြားက လျှပ်စစ်မီးရထား စီးနှင်ခြင်း The Enoden: Enoshima Electric Railway

June 22, 2020 at 2:08 PM

ပင်လယ်နဲ့တောင်တန်းတွေ ဝေးတဲ့ အရပ် မှာ ကြီးပြင်းလာရတော့ တိုကျိုမှာ နေလာခဲ့တဲ့ အချိန်မှာ သမုဒ္ဒရာနဲ့ မနီးစပ်ပေမဲ့ သိပ်တော့ မဝေးတော့ဘူး။ Shinjuku က နေ Fujisawa ကို ယမ်း ၅၄၀ ရထားလက်မှတ်ဖြတ်ပြီး မိနစ် ခြောက်ဆယ်လောက်စီးပြီးတဲ့အခါ Enoshima လျှပ်စစ်မီးရထားကို ဆက်စီးရင် နောက်ထပ် ၁၀ မိနစ်လောက်ဆိုရင် ပင်လယ်နားကို ရောက်သွားပါတယ်။ တစ်ကိုယ်တည်း စီးဖြစ်တဲ့ နေ့တွေမှာ ဆို ပင်လယ်ကမ်းခြေတစ်လျှောက် ဘူတာငယ်အနည်းငယ်တစ်ချင်းစီမှာ ရပ်လိုက် ခရီးသည် အသွားအလာ အတက်အဆင်းတွေ နဲ့ အတူ ခံစားချက်က တစ်ချိန်တည်းမှာ ချစ်ဖို့ကောင်းသလို လွမ်းစရာကောင်းတာလေးပါ တစ်ပြိုင်နက်တည်း ခံစားမိပါတယ်။

ကြောင်ကဖေးသွားမယ်

March 16, 2020 at 9:18 PM

ဂျပန်မှာဆိုရင်ဖြင့် ပိတ်ရက်တွေကို ကုန်ဆုံးတဲ့နည်းလမ်းတွေ အမျိုးမျိူး ရှိတဲ့အထဲမှာမှ
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ကြောင်ကဖေးလေးပဲ ဖြစ်ပါတယ်။ ဂျပန်မှာကတော့ တိရစ္ဆာန်ကဖေးတွေက တော်တော်လေးကို ခေတ်စားပြီးတော့ နေရာအနံ့မှာ ရှာတွေ့နိုင်ပါတယ်။ ကြောင်၊ ခွေး၊ ဇီးကွက်အစရှိသဖြင့် အများကြီးရှိပါတယ်။ ဆိုင်ခွဲတွေနေရာအနှံ့ဖွင့်လှစ်ထားတဲ့ နာမည်ကြီးဆိုင်ကြီးမျိုးတွေလည်း ရှိသလို အသေးစားဆိုင်လေးတွေလည်းမနည်းပါဘူး။

国立科学博物館 သိပ္ပံပြတိုက် သို့ လေ့လာရေး ခရီးတစ်ခေါက်

February 9, 2020 at 9:12 AM

国立科学博物館 ကတော့ Ueno မှာတည်ရှိတာပါ။ ပြတိုက်ကို အဓိကအားဖြင့် ဂျပန် နဲ့ ကမ္ဘာ ဆိုပြီး ၂ ပိုင်း ခွဲထားပါတယ်။ ဝင်ကြေး ၆၂၀ ယန်းပါ။ ဂျပန်မှာရှိတဲ့ ကလေးတွေ တော်တော်လေး ကံကောင်းတယ်လို့ ဆိုရပါမယ်။ ဘာလို့လည်းဆိုတော့ ခုလိုပြတိုက်တွေက ကလေးလူငယ်တွေစိတ်ဝင်စားအောင်လုပ်ထားပြီး ပညာရေးဘက်ကို များစွာ အထောက်အကူ ပေးပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံးနှင့် လူသွားလူလာအစည်ကားဆုံးဖြစ်တဲ့ Shibuya လမ်းဆုံံ

January 8, 2020 at 3:23 PM

အချိန်တိုမိနစ်ပိုင်းလေးအတွင်းမှာ လူအယောက် သုံးထောင်လောက် လမ်းကူးသွားကြတဲ့ လမ်းဆုံကို ပြပါဆိုလျှင် Japan နိုင်ငံရဲ့ Shibuya crossing ကိုပဲ ပြရမှာပဲ ဖြစ်ပါတယ်။

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်