၂၀၁၉ စစ်တမ်းအရ ရထားပေါ်တွင် လူမကြိုက်ဆုံး အမူအကျင့်များ

ဒီစစ်တမ်းကိုကြည့်ခြင်းအားဖြင့် ဂျပန်ကို သွားလည်ရင် ရထားစီးရင်၊ ဘူတာမှာ ဆောင်ရန် ရှောင်ရန် ယဉ်ကျေးမှု ကို သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်း အရိုင်းစိုင်းဆုံးအပြုအမူ ၁၀ ခုကို Kanto(အရှေ့ဂျပန်) ကနေ Kansai(အနောက်ဂျပန်) ဒေသတွေမှာ လေ့လာဆန်းစစ်ခြင်းခြင်း ပြုလုပ်ပြီး သိရတဲ့ အပြုအမူတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁၀။ ရထားပေါ် မိတ်ကပ်လိမ်းခြင်း
အချို့သော သူတွေက eye shadow ဒါမှမဟုတ် အခြားမျက်နှာ အလှပြင်ပစ္စည်းတွေနဲ့ သူတို့ကိုယ် သူတို့ ကြည့်ကောင်းအောင် လှပအောင် ပြင်ဆင်ချယ်သနေပေမယ့် ဘေးမှာ ထိုင်စီးနေတဲ့ ရထားစီး ခရီးသည်တွေအတွက်တော့ စိတ် အနှောက်အယှက်ဖြစ်စရာ တစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ အလှပြင်ချင်တယ်ဆိုရင် public area ကိုရှောင်ပြီး လူရှင်းတဲ့ နေရာမှာသာ စိတ်ကြိုက် အလှပြင်တာ အကောင်းဆုံးပါ။


၉။ အရက်မူးနေစဉ် ရထားစီးနှင်းခြင်း
ခရီးသည်ဘဲ ဖြစ်ဖြစ် ဘူတာရုံ ဝန်ထမ်းဖြစ်ဖြစ် မူးနေတဲ့သူ စီးတာကို မည်သူမျှ မကြိုက်ပါဘူး။


၈။ အမှိုက်များ ပစ်ထားခဲ့ခြင်း
ဂျပန်လူမှု အဖွဲ့အစည်းမှာတော့ ကိုယ့်အမှိုက် ကိုယ်သိမ်းတဲ့ အလေ့အကျင့်ရှိတာပါ။ ဒါပေမဲ့ တချို့သူတွေက ကိုယ့်အမှိုကိုယ် ပြန်မသိမ်းပဲ ဒီအတိုင်းထားခဲ့ကြတယ်တဲ့။ ဒါပေမဲ့ ရထားပေါ်မှာ ကိုယ့်အမှိုက် ကိုယ်သိမ်းခြင်းဖြင့် သန့်ရှင်းစေချင်ပါတယ်။


၇။ နားကြပ်အတွင်းမှ ထွက်ပေါ်လာသောအသံ
နားကြပ်ထဲက သီချင်းသံကို ကိုယ်ကြားရုံလောက်ပဲ ဖွင့်သင့်ပါတယ်။ တခါတလေ နားကြပ်က သီချင်းသံကလည်း တစ်ဖက်လူကြားတဲ့ အထိ ဖွင့်တာက ဘေးကလူကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကဆို အာ့လို တဆင့်ခံ အသံကြောင့်ဂျပန်မှာ အကြမ်းဖက်မှု ဖြစ်သည်အထိ ဖိအားပေးသလို ဖြစ်သွားတဲ့အမှု တစ်ခုရှိပါတယ်။


၆။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ချောင်းဆိုးခြင်း (သို့) နှာချေခြင်း
ဒါကတော့ ဒီနှစ် စစ်တမ်းမှာပဲ တွေ့ရှိရတဲ့ စစ်တမ်းအဖြေ အသစ်တစ်ခု ဖြစ်ပါတယ်။ ပိုးမွားပြန့်ပွားမှုကို ကာကွယ်ရန်အတွက် မျက်နှာဖုံး face masks တွေဝတ်ဆင်ခြင်းက ဂျပန်မှာပုံမှန်ဖြစ်ပေမယ့် လူအသုံးပြုမှု များပြားတဲ့ ရထားပေါ်မှာ လက် (သို့) မျက်နှာဖုံး အကာအကွယ်မရှိပဲ ချောင်းဆိုးတာ၊ နှာချေတာတွေက စိတ်အနှောက်အယှက် ဖြစ်စရာ ရိုင်းစိုင်းတဲ့ အပြုအမူ တစ်ခု ဖြစ်ပါတယ်။


၅။ အလွန်အမင်း ကျယ်လောင်စွာ စကားပြောဆိုမှု
၂၀၁၀ ကနေ ၂၀၁၇ အထိ အလွန်အမင်း ကျယ်လောင်စွာ စကားပြောဆိုမှု က အရိုင်းဆုံးအပြုအမှုထဲမှာ နံပါတ် ၁ ချိတ်ခဲ့ပြီး မနှစ်ကတော့ နံပါတ်၂ ဖြစ်ခဲ့ပါတယ်။ အခုကတော့ နံပါတ် ၅ ဖြစ်တဲ့အတွက် လူတွေက သူတို့ရဲ့ စကားပြောဆိုမှု အသံ အတိုင်းအဆကို ထိန်းချုပ်လာနိုင်တဲ့ တိုးတက်မှု တစ်ရပ်ကို မြင်တွေ့ရပါတယ်။


၄။ မသင့်လျော်စွာ စမတ်ဖုန်း အသုံးပြုခြင်း
မသင့်လျော်စွာ စမတ်ဖုန်း အသုံးပြုခြင်းက မနှစ်ကတော့ နံပါတ် ၆ ဖြစ်ခဲ့ပြီး အခုနှစ်မှာပိုပြီး စိတ်အနှောက်အယှက် ဖြစ်စရာတွေ့ရပါတယ်။ မသင့်လျော်စွာ ဖုန်းအသုံးပြုခြင်းကတော့ ဖုန်း screenကြည့်ရင်းလမ်းလျှောက်နေခြင်းနှင့် notification ကို ဖွင့်ထားခြင်းဖြင့် ဖုန်း noti အသံမြည်ပြီး ဘေးကလူတွေကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။


၃။ ခရီးဆောင်အိတ်ကို စိတ်အနှောက်အယှက်ဖြစ်ဖွယ် သယ်ယူခြင်းနှင့် နေရာချထားခြင်း
မနှစ်ကတော့ စိတ်ညစ်ဖို့အကောင်းဆုံး အပြုအမူထဲမှာ နံပါတ် ၁ ဖြစ်ခဲ့ပြီးတော့ အခုတော့ ရထား ကုမ္ပဏီတွေက အသိပေးလှုပ်ရှားမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့် လူတွေက အိတ်တွေအတွက် ရထားပေါ်မှာ နေရာအများကြီး ယူထားခြင်းကို လျော့ချလာကြပါတယ်။


၂။ ရထားပေါ်အတက်အဆင်းပြုလုပ်တဲ့အခါ ရိုင်းပြတဲ့အမူအကျင့်များ
ရထားပေါ်အတက်အဆင်းပြုလုပ်တဲ့အခါ ရိုင်းပြတဲ့အမူအကျင့်များကတော့ ၂၀၁၀ ကနေ ၂၀၁၈ အထိ အမြဲ နံပါတ် ၃ကနေ ၅ အတွင်းက မကျပါဘူး။ အခုဆို နံပါတ် ၂ အဖြစ်တောင် အဆင့်တိုးလာပါတယ်။ ရိုင်းပြတဲ့ အမူအကျင့်တွေကတော့ တံခါးရှေ့ပိတ်ရပ်နေခြင်း၊ ခရီးသည် အသစ်အတွက် နေရာကို အရှေ့နေရာမထားပဲ အနောက်ဘက်နေရာလွတ်များတွင် မဖြည့်ခြင်း၊ ရထားပေါ်မှ မဆင်းမှီ အခြားသူများဆင်းနေသည်ကို မစောင့်ပဲတိုးဆင်းခြင်းတို့ ဖြစ်ပါတယ်။


၁။ မသင့်လျော်စွာ ရထားပေါ်ထိုင်ခြင်း
၂၀၁၀ ကနေ ၂၀၁၈ အတွင်းမှာတော့ မသင့်လျော်စွာ ရထားပေါ်ထိုင်ခြင်းက အမြဲ နံပါတ် ၂ (သို့) နံပါတ် ၃ ချိတ်ခဲ့ပေမယ့် အခု ၂၀၁၉ မှာတော့ နံပါတ် (၁) အရိုင်းဆုံးအပြုအမူ ဖြစ်ခဲ့ပါတယ်။ မသင့်လျော်စွာ ရထားပေါ်ထိုင်ခြင်းကတော့ အထူးသဖြင့် ယောကျာၤးလေးတွေ ပေါင်ကားထိုင်ခြင်း ဖြစ်ပြီး အခြားသော ရိုင်းပြတဲ့ အပြုအမူတွေကတော့ အကြောဆန့်ခြင်း၊ ခြေချိတ်ထိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီပြဿနာတွေကို ရထားကုမ္ပဏီက အမျိုးမျိုးဖြေရှင်းပေမဲ့လည်း အမြဲတမ်းဖြစ်နေကြ ပြဿနာပဲဖြစ်ပါတယ်။

အရှေ့ဂျပန် ရဲ့စစ်တမ်းကောက်ယူမှု အဆင့်များ
၅။ အလွန်အမင်း ကျယ်လောင်စွာ စကားပြောဆိုမှု
၄။ ခရီးဆောင်အိတ်ကို စိတ်အနှောက်အယှက်ဖြစ်ဖွယ် သယ်ယူခြင်းနှင့် နေရာချထားခြင်း
၃။ ရထားပေါ်အတက်အဆင်းပြုလုပ်တဲ့အခါ ရိုင်းပြတဲ့အမူအကျင့်များ
၂။ မသင့်လျော်စွာ စမတ်ဖုန်း အသုံးပြုခြင်း
၁။ မသင့်လျော်စွာ ရထားပေါ်ထိုင်ခြင်း

အနောက်ဂျပန် ရဲ့စစ်တမ်းကောက်ယူမှု အဆင့်များ
၅။ မသင့်လျော်စွာ စမတ်ဖုန်း အသုံးပြုခြင်း
၄။ အလွန်အမင်း ကျယ်လောင်စွာ စကားပြောဆိုမှု
၃။ ရထားပေါ်အတက်အဆင်းပြုလုပ်တဲ့အခါ ရိုင်းပြတဲ့အမူအကျင့်များ
၂။ ခရီးဆောင်အိတ်ကို စိတ်အနှောက်အယှက်ဖြစ်ဖွယ် သယ်ယူခြင်းနှင့် နေရာချထားခြင်း
၁။ မသင့်လျော်စွာ ရထားပေါ်ထိုင်ခြင်း

၂၀၂၀ တိုကျို အိုလံပစ် ကျင်းပခါနီးတွင် ခရီးသည်များအားလုံးသည် အများသုံး သယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုရာတွင် ပုံမှန်ထပ်ပိုမို၍ စည်းကမ်းများလိုက်နာရန် လိုအပ်သည်။ သို့မှသာ ခရီးသည်အားလုံး အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ အန္တရာယ်ကင်းကင်း သွားလိုရာ ခရီးကို ချောချောမွေ့မွေ့ရောက်နိုင်ပါမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်