နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

August 6, 2021 at 11:34 AM

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။ How to Guarantee Winning in Children’s Lessons သင်ခန်းစာတွေ တက်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ စာအုပ်လို လူကြိုက် အများဆုံးစာအုပ်က ဘာတွေတော့ လုပ်၊ ဘာတွေတော့မလုပ်နဲ့ စတဲ့ အကြံဉာဏ်တွေ မိဘတွေကိုပေးတယ်။

သင်တန်းတွေက ဈေးမပေါပါ။ ၁ လကို ဒေါ်လာ ၁၇၀ ကျော်ကျော်တော့ သုံးရတယ်။ မိဘတစ်ယောက်က ကျွန်မကို တိုင်ပင်ဖူးတယ်။ အင်္ဂလိပ်စာသင်တဲ့ ကျူရှင်ဆရာက ၁ နာရီကို ဒေါ်လာ ၁၂၀ တောင်းနေတယ်။ ဘယ်လို သဘောရသလဲတဲ့။ သင်တန်းဈေးတွေ သိပ်ကြီးလာတော့ ကလေး သိပ်မယူရဲကြဘူး။ ဂျပန်မှာ မွေးနှုန်းနည်းတဲ့ လူဦးရေပြဿနာ မှာ ဒါကလည်း အကြောင်းတစ်ကြောင်းဖြစ်နိုင်တယ်။ မွေးနှုန်းက ၁.၂၉ ပဲ ရှိတယ်။ ကမ္ဘာမှာတော့ အနည်းဆုံးထဲမှာ ပေါ့။ ၂ဝဝ၂ ခုနှစ် အစိုးရစစ်တမ်းတစ်ခုမှာ သူတို့ ကလေးမယူတဲ့ အကြောင်းက ကလေးကျောင်းစရိတ်တွေ ကြီးတာကြောင့်လို့ မိဘ ၆၀ ရာနှုန်းက ဖြေကြတယ်။

ဒီလိုမျိုး တစ်နေ့တာကို နှစ်စဉ် လည်ပတ်မျောပါကြရတဲ့ ဒီကလေးငယ်တွေရဲ့ အင်အားတွေ ကုန်ခမ်းသွားမှာလားလို့ စဉ်းစားပြီး စာရေးသူတွေးပူခဲ့ဖူးတယ်။ “ကျူရှင်တွေ သင်တန်းတွေကြောင့် အားကုန်ခမ်းခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို ဟိုတလောက မိဘများတွေ့ဆုံပွဲတစ်ခုမှာ ဆွေးနွေးကြသေးတယ်။

ကျောင်းစာကို လျှော့မှပဲလို့ ကြံပေမယ့် လျှော့လို့ကလည်း မဖြစ်ဘူး။ ဆာခီဒိုရီ (sakidori) (ရောက်နေတဲ့ အတန်းထက် ကျော်ပြီး အရေးနဲ့ သင်္ချာကို သင်နေကြတယ်) ကြောင့် စာသင်ခန်းရဲ့ အရှိန်က မြင့်တယ်။ မိဘနဲ့ သားသမီး စိတ်ကုဖို့” လိုတော့မယ် ထင်ပါရဲ့၊ ဒါလည်းပဲ အချိန်မရဘူး။

တနင်္ဂနွေနေ့တွေကိုတော့ ကစားဖို့ ချန်ထားရတာပေါ့။ တစ်ရက်တည်းနဲ့ လုံလောက်လို့လား။ သူတို့အရွယ်တုန်းက ညနေတိုင်း အိမ်ပြင်ထွက် ကစားတာ မဟုတ်လား။ စကိတ်စီးတယ်။ အိမ်ဆောက်တယ်။ ဒန်းပေါ်မှာ ငေးတယ်။ တခဏတွေးဖို့ ငေးဖို့လုပ်ရင်တောင် သူ့နားမှာ တစ်ယောက်ယောက် ရှိနေတာကိုး၊ ပေသီးဆရာက အာရုံစိုက်ဟလို့ ပြောမယ်၊ ဘောလုံးနည်းပြက ဟိုဂိုးသမား ဘာဖြစ်နေတာတုန်းလို့ အော်မယ်။ ဂိုးတိုင်မှီပြီး တိမ်တွေရွေ့နေတာကို ငေးနေရင်။

သူသင်နေရတာတွေကို လျှော့ပစ်သင့်တယ်လို့ ထင်တယ်။ ဒါပေမဲ့ သင်သမျှဟာလည်း အရေးကြီးတာချည်းလို့ ထင်ရတယ်။ သူက ဘောလုံးကို ချစ်တယ်။ ဒီအရွယ်မှာပဲ ဒီကစားနည်းမျိုးကို ကစားရမှာ မဟုတ်လား။ စန္ဒယားကတော့ ဂီတကမ္ဘာကြီးကို တံခါးဖွင့်ပေးမှာ မဟုတ်လား၊ ပေသီးတွက်မှ သူ့အတွက်အချက်နှေးနေတာ ပျောက်မှာမဟုတ်လား။
ရေကူးကတော့ သူတို့ကျောင်းရဲ့ မသင်မနေရ၊ ဂျူဒိုကိုတော့ ဘူရှီဒိုစိတ်ဓာတ်သွင်းပေးရ သေးတယ်။