Corona Virus Harassment

Corona Virus Covid-19 ဖြစ်ပွားမှုတွေများလာတာနဲ့အတူ ဂျပန်လုပ်ခန်းခွင်မှာဆိုရင် コロハラCoroharaဆိုတဲ့ Harassment ပုံစံအသစ် ထွက်ပေါ်လာနေပါတယ်လို့ဂျပန်အွန်လိုင်းမီဒီယာတစ်ခုရဲ့တင်ပြချက်အရ သိရှိရပါတယ်။

သာမန်အအေးမိတာကြောင့်ဖြစ်တဲ့ ချောင်းဆိုးခြင်း၊ နှာချေခြင်းလုပ်မိရုံနဲ့ Corona Virus Covid-19 ကူးစက်ခံနေရတာလို့ သံသယအဖြစ်ခံရပြီး ခပ်ဝေးဝေးနေခိုင်းတာ ဒါမှမဟုတ် လူအရှောင်ခံရတာ တွေဖြစ်နေတယ်လို့ ပြောတဲ့သူတွေများလာပါတယ်။ ဒ့ါအပြင် ကူးစက်ခံရတယ်လို့ ဆေးစစ်ချက်ထွက်လာရင် တခြားသူကို အနှောင့်အယှက်ဖြစ်စေတာမို့ တောင်းပန် လို့ အမိန့်ပေးခံရတာတွေ ၊ ကူးစက်သူရှိတဲ့ 区၊ 町မှာနေထိုင်သူဆိုတာသိရင် ဘေးလူတွေနဲ့ဝေးဝေးနေခိုင်းတာမျိုးတွေ ဖြစ်လာပါတယ်။

အင်တာနက်မှာဆိုရင်တော့အခုလိုမျိုးကြောင့် ဖြစ်လာတဲ့ Harassment ကို コロハラCorohara လို့ခေါ်နေကြပြီး တကယ်ရော Harassment အဖြစ်သတ်မှတ်လို့ရလားဆိုတာကို မီဒီယာကနေ ရှေ့နေတစ်ဦးကို မေးမြန်းထားပါတယ်။

Source: www.standard.co.uk

လုပ်ငန်းခွင်မှာကြုံတွေ့နေရတဲ့コロハラCoroharaတွေဆိုတာဘယ်လိုတွေလဲ။

မတ်လထဲဝင်လာတဲ့အခါမှာဆိုရင် ဂျပန်လူမျိုးတွေမှာ ပန်းတွေကြောင့်ဖြစ်တဲ့ ပန်းဝတ်မှုန်ဓာတ်မတည့်ရောဂါ အဖြစ်များလာပါတယ် လက္ခဏာအနေနဲ့ နှာချေတာ၊ချောင်းဆိုးတာ၊ မျက်လုံးတွေနီစပ်တာတွေဖြစ်တတ်ပြီး Maskအုပ်ထားဖို့လိုအပ်တဲ့ ရောဂါတစ်ခုပါ။ ပန်းဝတ်မှုန်ဓာတ်မတည့်ရောဂါကြောင့်ချောင်းဆိုမိလိုက်တဲ့ အခါမှာရောဂါရှိတာကိုသိရဲ့သားနဲ့ အထက်လူကြီးဆီကနေ ပတ်ဝန်းကျင်ကို ထင်ယောင်ထင်မှားအနှောင့်အယှက်ဖြစ်စေတာမို့တောင်းပန်ဖို့ အပြောခံရတာမျိုးတွေ ဖြစ်လာပါတယ်။

ကူးစက်သူရှိကြောင်း အတည်ပြုလုပ်တဲ့ 区၊ 町မှာနေထိုင်တဲ့သူကို သူရော အကူးစက်ခံနေရလားမသိဘူးဆိုပြီး ခပ်ဝေးဝေးရှောင်ခြင်း၊ ပန်းဝတ်မှုန်ဓာတ်မတည့်ရောဂါကြောင့်နှာချေတာကို မင်း ဖြစ်နေမဟုတ်လား အလုပ်မလာနဲ့ ဆိုပြီး လုပ်ဖော်ကိုင်ဖက်မှပြောဆိုခြင်း တွေပါ။

ဒီအပြုအမူတွေက လို့ခေါ်လို့ရသလားဆိုတာကို ရှေ့နေက ပြုမူပြောဆိုမှုတွေကို တစ်ဖက်သားစိတ်ထိခိုက်ခံစားစေရရင် Harassment ပါပဲ။ ဒါပေမယ့် အခုလက်ရှိအခြေအနေကတော့ ဂျပန်လူမျိုးတစ်ဝက်လောက်က ဒီရောဂါအပေါ်မှာကြောက်ရွံနေတဲ့ အခြေအနေမျိုးဖြစ်လို့ လို့ Harassment သတ်မှတ်လို့ရတဲ့အခြေအနေမျိုးမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ယခုလက်ရှိမှာတော့ အခြေအနေပေါ်လိုက်ပြီးတော့ ဆွေးနွေးလုပ်ဆောင်နိုင်တာမျိုးပဲရှိပါတယ်။

ဥပမာ တောင်းပန် ရုံးမလာနဲ့ဆိုပြီး သာမန်စကားပြောရုံမဟုတ်ပဲ အတင်းအဓမ္မလုပ်ဆောင်ခိုင်းတာမျိုးဆိုရင်တော့ ဥပဒေအရ အလုပ်တာဝန်မဟုတ်သော ကိစ္စများကို လုပ်ဆောင်ခိုင်းခြင်း လို့သတ်မှတ်လို့ရပါတယ်။ အခြေအနေဆိုးရွားလာရင်တော့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အလုပ်သမားဆွေးနွေးရေးစင်တာ မှာ ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။ အိုကီနာဝခရိုင်မှာဆိုရင် အအေးပတ်တာကြောင့် ခွင့်ယူတဲ့ ဝန်ထမ်းကို မကူးစက်ကြောင်း အထောက်အထားကို ယူဆောင်လာခိုင်းတဲ့ အလုပ်ခွင်လည်းရှိပါတယ်။ ခရိုင်အတွင်းမှာတော့ ထိုသို့ယူဆောင်လာခိုင်းခြင်းကို သတိပေးတားမြစ်ချက်ထုတ်ပြန်ထားပါတယ်။ မကူးစက်ကြောင်း အထောက်အထားယူဆောင်လာခြင်းကိုရော Harassment ပြောနိုင်လားဆိုပြီး ပြောဆိုနေကြပါတယ်။
ယူလာဖို့အမိန့်ပေးခံရပေမယ့်လည်း မကူးစက်ကြောင်း အထောက်အထားကို ဆေးဌာနတွေမှာ ကိုထုတ်ယူခွင့်မရှိတာကြောင့် ယခုလိုကြုံတွေ့လာရရင် အလုပ်သမားဆွေးနွေးရေးစင်တာမှာ ဆွေးနွေးပါလို့ ရှေ့နေက ပြောပါတယ်။

ဒါကတော့ ရောဂါဖြစ်ပွားနေမှုအခြေအနေကို ပြပေးတဲ့ ဝက်ဆိုဒ်တစ်ခုပါ။https://www.coromap.info

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်