အချိန်ငါးနှစ်အတွင်း နာရာ ဘုရားကျောင်းနဲ႕ သမီးဖြစ်သူ ကို နွေးထွေးမှုတွေနဲ့အတူ ဖခင်ဖြစ်သူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ လေးပုံ

နာရာ မှာ လူတိုင်းကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုကတော့ သမိုင်းဝင်အဆောက်အအုံများ အနီးမှာ အချုပ်အနှောင်မရှိ လွတ်လပ်စွာ လျှောက်သွားနေလေ့ရှိတဲ့ သမင်အုပ်တွေကို ပေါင်းစပ်ထားတဲ့ နာရာ ဥယျာဉ်ရဲ့ ပန်းချီဆန်လှတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ နောက်တစ်နေရာကတော့ ဆာကူရိုင်းမြို့မှာ ရှိတဲ့ ဟဆေဒါရ ဘုရားကျောင်းပဲဖြစ်ပါတယ်။ တောင်လှေကားထစ်လေးတွေကတဆင့် အလှပဆုံး ရှုမျှော်ခင်းတွေက အမောကို ပြေစေမှာပါ။


ဓာတ်ပုံပညာရှင် @Shingo_camera ဆိုသူက နွေဦးသစ်ရွက်လေးတွေ ကြွေနေပုံကို နောက်ခံထားပြီး ဟဆေဒါရ ဘုရားကျောင်းအတွင်း ဝတ်ပြုရှိခိုးနေတဲ့ သမီးဖြစ်သူရဲ့ပုံကို ရိုက်ယူထားလေရဲ့။ အချိန် ငါးနှစ်အတွင်း မှာ ဓာတ်ပုံပညာရှင် @Shingo_camera ဆိုသူက သမီးဖြစ်သူရဲ့ ဝတ်ပြုနေပုံလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးပုံ ကို တွစ်တာမှတဆင့် တင်ခဲ့ပါတယ်။ ဟဆေဒါရ ဘုရားကျောင်း ကို တစ်ရာသီချင်းစီ ပွင့်လေ့ရှိတဲ့ ရာသီ ပန်းများ ပွင့်ကာ နေရာအနှံ့မှာ လှပစွာ ဝေနေတဲ့ ဘုရားကျောင်း အဖြစ်နဲ့ နာမည်တအားကြီးပါတယ်။


နွေဦးဆိုရင် ဆာကူရာ ချယ်ရီပန်းလေးတွေ ပွင့်နေတတ်ပြီး ဆောင်းဆို နှင်းတွေက လွှမ်းခြုံထားပါတယ်။သမီးဖြစ်သူ ကြီးပြင်းလာခဲ့တဲ့ ပုံစံလေးနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်မှာ တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းကြီးရဲ့ ရင့်ကျက်မှု တို့ကို ဘုရားကျောင်းအပြင်က သဘာဝက အလှဆင်ပေးထားတာလေးကို ဝေမျှလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်