ဂျပန်အသိုင်းအဝိုင်းက Harassment ဆိုတာ

Harassment ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ တစ်ဖက်သူအပေါ် အပြုအမူ၊ စကားလုံးတွေနဲ့ နိုင်ထက်စီးနင်းပြုလုပ်တာပဲ ဖြစ်ပါတယ်။ ဂျပန်အသိုင်းအဝိုင်းမှာတော့ Harassment ဆိုတာ ပြုလုပ်သူက မိမိကိုယ်တိုင်တမင်သက်သက် ပြုလုပ်ချင်စိတ်မရှိပါပဲနဲ့ မိမိစိတ်သတိမထားမိလိုက်တဲ့အချိန်မှာတစ်ဖက်သားကို စိတ်ဒဏ်ရာရစေတဲ့ အပြုအမူလည်း အပါအဝင်ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း အလုပ်ခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သတိမထားမိပဲနဲ့ ပြုလုပ်မိတဲ့ ကိစ္စတွေများလည်းရှိပြီးတော့ ၁၉၈၀ပြည့်နှစ်နောက်ပိုင်းကစပြီး ဆိုတဲ့ Harassment စကားလုံးကိုတော်တော်လေးကြားရလာပါတယ်။

၁၉၉၇ ခုနှစ် အမျိုးသားအမျိုးသမီး ညီတူညီမျှအလုပ်ခန့်အပ်ခြင်းဥပဒေ 男女雇用機会均等法(Danshikoyoukikaikintouhou) ပြင်ဆင်လိုက်ချိန်ကစပြီး セクハラ(Sekuhara လိင်ပိုင်းဆိုင်ရာနိုင်ထက်စီးနင်းပြုလုပ်မှု)လို့ အမည်တွင်တဲ့ သတ်မှတ်ချက်က ပေါ်ပေါက်လာခဲ့ပြီးတော့ セクシャルハラスメント(Sexual harassment) ဆိုတဲ့ စကားလုံးကိုလည်း အတည်ပြုသတ်မှတ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ လုပ်ငန်းခွင်တစ်ခုထဲမှာတင်မဟုတ်ပဲ ဆေးရုံ၊ ကျောင်းအစရှိတဲ့ အဖွဲ့အစည်း အမျိုးမျိုးကြားမှာ ဖြစ်ပေါ်နေတဲ့ harassment တွေက
セクシャルハラスメント(Sexual harassment) ကိုအတည်ပြုသတ်မှတ်ပေးလိုက်တာကနေ အစပြုပြီး အမျိုးမျိုးပေါ်ထွက်လာပြီး ယခုလက်ရှိမှာတော့ အမျိုးပေါင်း ၃၅ မျိုးကျော်ရှိတယ်လို့ဆိုကြပါတယ်။

Source: pakutaso

セクシャルハラスメント(セクハラSexual harassment)
စကားလုံးအတိုင်းပါပဲ လိင်နဲ့ ပက်သက်ပြီးတစ်ဖက်သားကို စိတ်မနှစ်မြို့စေနိုင်တဲ့ အပြုအမူ၊ စကားလုံးနဲ့ဆိုင်တဲ့ Harassment ပါ။ အမျိုုးသားရောအမျိုးသမီးရော ဘယ်သူကြုံတွေ့တွေ့အကျုံးဝင်ပါတယ်။ အများအားဖြင့်တော့ အမျိုးသားက အမျိုးသမီးကို ပြောဆိုတာများပါတယ်။ အများအားဖြင့်ခွဲခြားလို့ရတာက နှစ်ခုပါ။対面(taimen)型セクハラနဲ့環境(kankyou) 型セクハラပဲဖြစ်ပါတယ်။

対面(taimen) 型セクハラ ဆိုတာကတော့ အလုပ်ခွင် သို့မဟုတ် ကျောင်းမှာ ရာထူးအာဏာကို အသုံးချုပြီးတော့ လိင်ပိုင်းဆိုင်ရာနဲ့ ပက်သက်ပြီးလိုက်လျောမယ်ဆိုရင် အမှတ်ကောင်းကောင်းပေးမယ် ရာထူးတိုးပေးမယ် မလိုက်နာဘူးဆိုရင် ဆက်မလုပ်ခိုင်းတော့ဘူး အလုပ်နေရာရွေ့မယ်ဆိုပြီး ချိန်းခြောက် အကြပ်ကိုင်တာကို ဆိုပါတယ်။ ပြောရရင် မျက်နှာချင်းဆိုင်ပြောဆိုပြီး လိင်ပိုင်းဆိုင်ရာအကျိုးအမြတ်ရဖို့ကြံစည်အားထုတ်တာပဲ ဖြစ်ပါတယ်။

環境(kankyou)型セクハラဆိုတာကတော့ ဘာအကျိုး အမြတ်ကိုမှပေးတာရယူတာမျိုးမရှိပဲ လိင်ပိုင်းဆိုင်ရာစကားလုံးတွေကို ထပ်တလဲလဲပြောဆိုပြီးအလုပ်ခွင်ပတ်ဝန်းကျင်မှာ စိတ်ခံစားချက်အဆင်မပြေတာကို ဖြစ်စေတာမျိုးပါ။ ဖက်တာ၊ ရင်သားကို ထိတွေ့တာ၊ အမျိုးသမီးကို အရက်ထည့်ခိုင်းတာ၊ အိမ်ထောင်သည်အမျိုးသမီးကို လက်ထပ်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းအကြောင်းမေးမြန်းတာကလည်းセクハラ ဖြစ်ပါတယ်

Source: ismcdn.jp

セカンドハラスメント(セカハラ Second harassment)
セカハラ Second harassment ကတော့ セクハラ နဲ့ကြုံတွေ့ရတဲ့သူဟာ ကုမ္ပဏီဘက်ကို ဖွင့်ပြောတိုင်ပင်ပေမယ့်လည်း ကုမ္ပဏီဘက်ကနေ ထပ်ပြီးဖိအားပေးခံရတဲ့ harassment ပါ။
– မင်းဆွဲဆောင်တာမဟုတ်ဘူးလား
– ဒီလောက်ကတော့ ပုံမှန်ပဲလေ သည်းခံမှပေါ့
ဆိုတဲ့အပြောအဆိုမျိုးက ကာကွယ်ပေးခံရတာမျိုးမရှိပဲ ထပ်ဆင့်harassment ဖြစ်ပါတယ်။

パワーハラスメント(パワハラ Power harassment)
အလုပ်ခွင်မှာ အထက်လူကြီးဆီက မလိုအပ်တဲ့အလုပ်တွေ ကိုယ်တာဝန်ယူထားတဲ့ အလုပ်နဲ့ မဆိုင်ပဲ အခြားသောအလုပ်တွေကိုလုပ်ဆောင်စေပြီးတော့ စိတ်ပိုင်းဆိုင်ရာရုပ်ပြောင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတာပါ။ အများအားဖြင့်တော့ အထက်လူကြီးကနေ လက်အောင်ငယ်သား၊ စီနီယာကနေ ဂျူနီယာကို パワハラ Power harassment လုပ်တာများပေမယ့်လည်း မိမိက အလုပ်ခွင်မှာစီနီယာဖြစ်နေပေမယ့် တက္ကသိုလ်မှာစီနီယာဖြစ်ခဲ့တဲ့သူဆီမှာ パワハラPower harassment အလုပ်ခံရတာမျိုးလည်း ရှိပါတယ်။ ထုတာရိုက်တာ အစရှိတဲ့ ခန္ဓာပိုင်းဆိုင်ရာနာကျင်မှုပေးတာအပြင် မိမိတစ်ယောက်ထဲ တစ်နေရာမှာ ခွဲထိုင်စေတာမျိုး၊ လုပ်ဖော်ကိုင်ဖက်အရှေ့မှာ မိမိရဲ့တင်ပြချက်ကို လုံးဝလက်မခံပဲ အတင်းအဓမ္မဆူပူမှုတွေပါဝင်ပါတယ်။

モラルハラスメント(モラハラ Moral harassment)
モラハラ Moral harassment ကတော့စကားလုံးနဲ့ အပြုအမူပေါ်လိုက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဆက်တိုက်ဖြစ်ပေါ်မှုကို ဆိုလိုတာပါ။ မိသားစု၊ ချစ်သူ၊ ဆရာ၊ လုပ်ဖော်ကိုင်ဖက်၊ အထက်လူကြီးမှာဆီမှာ လျစ်လျူရှုခံရမှု၊ မိမိအရည်အချင်းကို အသိအမှတ်ပြုမခံရမှု၊ အမြဲတမ်းလိုလို ဒေါသဖြစ်ခံရမှုတွေ့ကနေဖြစ်ပေါ်လာတဲ့ စိတ်ဖိအားပိစေမှုတွေက မိမိကိုယ်ကို ယုံကြည်ချက်ပျောက်ဆုံးစေပြီးတော့ ကြောက်စိတ်ကို ဖြစ်လာစေပါတယ်။ ဒါ့အပြင် မိမိကိုယ်ကိုသတ်သေခြင်းနောက်ဆက်တွဲပါ ဖြစ်ပေါ်စေပါတယ်။

アルコールハラスメント(アルハラ Alcohol harassment)
အရက်သောက်ရတာပျော်စရာကောင်းပေမယ့် အရက်နဲ့ ပက်သက်ပြီး အနိုင်ကျင့်ခြင်းခံရတာကတော့ ပျော်စရာမကောင်းပါဘူး။ ဂိမ်းဆော့ပြီးတော့ အရက်သောက်ခိုင်းတာ၊ အထက်လူကြီးကနေ လူတစ်ဖက်သားရဲ့ အရက်သောက်နိုင်ခြင်းရှိတာ မရှိတာကိုလျစ်လျူရှုပြီး အတင်းအဓမ္မအရက်သောက်စေတာမျိုး၊ အရက်ကို တစ်ခါထဲအကုန်သောက်စေမှု ၊တမင်သက်သက်အရက်အလွန်အကျွံသောက်ခိုင်းပြီးအရက်မူးစေတာတွေပဲဖြစ်ပါတယ်။ ဒါအပြင့်飲み会(Nomikai Drinking party)အစရှိတာတွေမှာ အရက်မသောက်သုံးနိင်တဲ့လူတွေအတွက် ထည့်ပြီးစဉ်းစားပေးခြင်း မရှိတာကလည်း アルハラ Alcohol harassment ပါပဲ။ アルハラ Alcohol harassment ကြောင့်မတော်တဆအယ်ကိုဟောအဆိပ်သင့်မှု၊ အခြားသောမတော်တဆထိခိုက်ဒဏ်ရာများလည်း ဖြစ်ပွားစေပါတယ်။

ジェンダーハラスメント(ジェンハラ Gender Harassment)
ジェンハラ Gender Harassment ကတော့ အမျိုးသားဖြစ်ပြီး ဒါလေးတောင်မသယ်နိုင်ဘူးလား။ အမျိုးသမီးဖြစ်ပြီး အစားကြီးတယ်နော်စတဲ့အပြောအဆိုမျိုးတွေအပြင်
အလုပ်ခွင်မှာအမျိုးသမီးကိုပဲ ရေနွေးထည့်ခိုင်းတာ၊ အားအင်သုံးရတဲ့အလုပ်တွေအားလုံးကို အမျိုးသားဝန်ထမ်းတွေကိုပဲ လုပ်ခိုင်းတာမျိုးကလည်းジェンハラ Gender Harassment ပါပဲ။ ဒါအပြင် လိင်တူချစ်သူတွေအပေါ် မနှစ်မြို့ဟန်ပြတာကလည်း Gender Harassment တစ်ခုပါပဲ။

アカデミックハラスメント(アカハラ Academic Harassment)
ဒီအမျိုးအစားကတော့ ကျောင်းတွေ တက္ကသိုလ်တွေမှာ တွေ့ရပါတယ်။
ကျောင်းဆရာ၊ တက္ကသိုလ်ဆရာတွေက မိမိလုပ်ပိုင်ခွင့်ကိုအသုံးချပြီးတော့ ကျောင်းသားတွေအပေါ်ကို ပြုမူတဲ့ Harassment ပါ။ တိကျသေချာတဲ့အကြောင်းပြချက်မရှိပဲ သင်ထောက်ကူပစ္စည်းများအသုံးပြုတာကို တားမြစ်တာ၊ အထူးသဖြင့်ကျောင်းသားပြုစုထားတဲ့သုသေတနစာတမ်းမှာ ကျောင်းသားနာမည်ထည့်မပေးတာမျိုးတွေဖြစ်ပါတယ်။ ဒီလိုအပြအမှုတွေကြောင့် သုသေတနကို ဆက်မလုပ်နိုင်တော့တဲ့ကျောင်းသားတွေ ၊ဆရာကိုကြောက်ရွံလာခြင်းတွေဖြစ်လာတာကြောင့်ကျောင်းသားဘဝနဲ့ သုသေတနပြုလုပ်ခြင်းတွေမှာ အာရုံမစိုက်နိုင်တာမျိုးဖြစ်လာပါတယ်

リストラハラスメント(リスハラ Restructuring harassement)
リスハラ Restructuring harassement ကတော့パワハラ Power harassment ရဲ့အမျိုးအစားတစ်ခုပါပဲ။ မိမိမသိလိုက်ပဲ မဖြစ်နိုင်တဲ့အလုပ်ကိစ္စကိုဖြေရှင်းခိုင်းမှု၊ ရုတ်တရက်ဆန်စွာ အလုပ်ဌာနခွဲ၊ ဆိုင်ခွဲပြောင်းရွေ့ခိုင်းမှု၊ မိမိမလိုချင်တဲ့ဌာနဆိုင်ရာဘက်ပြောင်းရွေ့ခိုင်းမှုတွေပါဝင်ပါတယ်

テクスチュアルハラスメント(テクハラ Texture Harassment)
テクハラ Texture Harassment ဆိုတာကတော့ စာအရေးအသားပေါ်မူတည်ပြီး အမျိုးသား အမျိုးသမီးကို ခွဲခြားတာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ကို အမျိုးသမီးတွေက ခံစားနေရာတာများပါတယ်။ ဥပမာဆိုရရင် အမျိုးသမီးဖြစ်တာကြောင့် ဒီလိုစာမျိုး ရေးတတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ အမျိုးသမီးကရေးသားတဲ့ စာကို အမျိုးသားရေးတာပါလို့ ပြောဆိုတာမျိုးတွေ ဖြစ်ပါတယ်။

キャンパスハラスメント(キャンハラ Campus Harassment)
အခြားအခြားသော တွေက Harassment တက္ကသိုလ်မှာဖြစ်တာကို キャンハラ Campus Harassment လို့စုစည်းပြီးခေါ်တာပဲဖြစ်ပါတယ်။ အများစုသောတက္ကသိုလ်တွေက Campus မှာဖြစ်ပွားလေ့ရှိတဲ့ セクハラSexual harassment ၊ アカハラ Academic Harassment ၊ パワハラ Power harassment စတာတွေကိုပေါင်းစည်းပြီး キャンハラ Campus Harassment အမည်ပေးပြီးတာ့ အသိပညာပေးမှုတွေ၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို လုပ်ဆောင်နေကြပါတယ် တခြားသော Harassmentတွေနဲ့ မတူတဲ့အချက်ကတော့ ကျောင်းသားအချင်းချင်း ဒါမှမဟုတ်စီနီယာဂျုနီယာကြားမှာ ဖြစ်တာပါ။

スクールセクシャルハラスメント(スクハラ School Harassment)
スクハラ School Harassment ဆိုတာကတော့ ကျောင်းဆရာကနေ ကျောင်းသားတွေအပေါ်ကို ပြုလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပဲ ဖြစ်ပါတယ်။ ရည်းစားရှိမရှိမေးမြန်းခြင်း၊ သက်သေအထောက်အထားမရှိပဲ ဆန့်ကျင်ဘက်လိင်နဲ့ပြောဆိုဆက်ဆံတာတွေကို တားမြစ်ခြင်း၊ အတွင်းခံအဝတ်နဲ့ ခန္ဓာကိုယ်ကို ထိတွေ့ကာကွယ်ခြင်းစတာတွေပါဝင်ပါတယ်။ တခြားသောဆရာတွေနဲ့တိုင်ပင်ဆွေးနွေးတဲ့အခါမှာလည်းပြသနာပိုကြီးမှာကို စိုးရိမ်တာကြောင့် မဖြေရှင်းနိုင်တဲ့ ကိစ္စတွေလည်း ရှိပြီး ဒေသဆိုင်ရာအဖွဲ့အစည်းနဲ့ ဆရာများအသင်းကတည်ထောင်ထားတဲ့ တိုင်ပင်ဆွေးနွေးကောင်တာမှာ ဆွေးနွေးတာက ပိုပြီးအကျိုးသက်ရောက်မှုရှိတဲ့ အခြေအနေလည်း ရှိပါတယ်။

ドクターハラスメント(ドクハラ Doctor Harassment)
ドクハラ Doctor Harassment ဆိုတာကတော့ ဆရာဝန်ကနေ လူနာအပေါ်ပြုလုပ်တဲ့ Harassmentပါ။ စမ်းသပ်ကုသမှုပြုလုပ်တဲ့ဆရာဝန်ရဲ့ စကားပြောဆိုပြုမူပုံကြောင့် လူနာက စိတ်ပိုင်းဆိုင်ရာထိခိုက်ဖြစ်ပွားမှုကို ဆိုတာပါ။ ငါ့ကိုမယုံဘူး ဆိုရင် တခြားနေရာကိုသွားပြ
မြန်မြန်မခွဲစိတ်ဖူးဆိုရင် မပျောက်ဘူးနော် လို့ ပြောခြင်း၊ မလိုအပ်တဲ့ခွဲစိတ်မှုနဲ့ ဆေးကုသမှု၊ ဆေးစစ်ဆေးမှု၊ မလိုအပ်ပဲ ဆေးကြီးတဲ့ ဆေးကုသမှုဆီကို သွားကုသမှုခံယူစေတာမျိုးတွေပါဝင်ပါတယ်။ ခန္ဓာကိုယ်နေထိုင်မကောင်းဖြစ်နေတဲ့ လူနာက ဆရာဝန်ကြောင့် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်လာတဲ့ အခါမှာ လူနာကိုပိုနေထိုင်မကောင်းအောင်လုပ်မိတဲ့အတွက် တခါတရံမှာတော့ ရှော့ဖြစ်ပြီးရလာတဲ့ စိတ်ဖိအားရောဂါကို ဖြစ်စေပါတယ်။

カラオケハラスメント(カラハラ Karaoke harassment)
カラハラ Karaoke harassment ဆိုတာကတော့အလုပ်ခွင်အာဏာကို အသုံးချပြီးတော့ ကာရာအိုကေဆိုင်မှာ သီချင်းမဆိုချင်တဲ့သူကို အတင်းအဓမ္မသီချင်းဆိုတာမျိုးပဲ ဖြစ်ပါတယ်
ကာရာအိုကေဆိုင်ဆိုတာ စိတ်ဖိအားကိုဖျောက်ပစ်ဖို့အတွက်နေရာတစ်ခုဖြစ်ပေမယ့် မိမိကသီချင်းဆိုတာမတော်ဘူးလို့ထင်နေတဲ့သူ၊ လူအများရှေ့မှာသီချင်းဆိုရမှာကိုရှက်တဲ့ခံစားချက်ရှိတဲ့သူ အတွက်ကတော့ harassmentတစ်မျိုးပါပဲ။

スモークハラスメント (スモハラ Smoke harassment)
ဆေးလိပ်သောက်တဲ့သူက ဆေးလိပ်မသောက်တဲ့သူကို မနှစ်မြို့စေတာ ဆေးလိမ်မသောက်တဲ့သူကို ဆေးလိပ်ငွေ့အတင်းရှုခိုင်းတာပဲဖြစ်ပါတယ် ဆေးလိပ်သောက်တဲ့သူအနားမှာရှိနေတာတင်ဆေးလိပ်ငွေ့က အဝတ်အစားပေါ်မှာစွဲတာ၊လူပေါ်လိုက်ပြီးတော့ မျက်လုံးနာခြင်း၊ ချောင်းဆိုခြင်းတို့ဖြစ်တာရှိပါတယ်။ ဒါအပြင်ဆေးလိပ်သောက်တဲ့သူက အလုပ်ချိန်တွင်း ခဏအနားယူုပြီး ဆေးလိပ်မသောက်တဲ့သူအနားယူချိန်ထက် ပိုကြာတာကလည်း スモハラ Smoke harassment ပဲဖြစ်ပါတယ်။

ブラッドタイプハラスメント (ブラハラ Blood Harassement)
ブラハラ Blood Harassement သွေးအမျိုးအစားပေါ်လိုက်ပြီးတော့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ဆုံးဖြတ်တဲ့အပြောအဆိုမျိုး ဖြစ်ပါတယ်။ သွေးအမျိုးအစားပေါ်လိုက်ပြီး တစ်ဖက်စောင်းနင်းအမြင်နဲ့ အနိုင်ကျင့်မှုတွေ ဖြစ်ပေါ်လာတာကြောင့်ပါ။

テクノロジーハラスメント(テクハラ Technology)
ဒါကတော့ ကွန်ပျူတာနဲ့စမတ်ဖုန်းနည်းပည်ကျွမ်းကျင်တဲ့သူက မကျွမ်းကျင်တဲ့သူကို နှိပ်ထက်စီးနင်းပြုမှုပါ။ ဥပမာဆိုရရင်နည်းပညာအားနည်းတဲ့သူကို ပြသနာဖြေရှင်းခိုင်းရာမှာ ဖြေရှင်းနည်းနဲ့ နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းကို ခက်ခဲတာတွေသင်ပြပေးပြီး ဒီလောက်လေးတောင် မလုပ်နိုင်ဘူးလား၊ မသိဘူးလား အစရှိသဖြင့် တစ်ဖက်သားကို ပြောဆိုစိတ်ဖိအားပေးတာပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လိုအပ်တဲ့အရည်အချင်းကို လေ့လာရမှာက ပုံမှန်ဖြစ်ပေယ့်လည်း ပညာမကြွယ်ဝသေးတဲ့သူအပေါ် အထက်ပါအတိုင်းပြုမူပြောဆိုခြင်းဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းကို ဖြစ်ပွားစေပါတယ်။

エレクトロニックハラスメント(エレハラ Electronic harassment)
エレハラ Electronic harassment ဆိုတာက တော့ အသံလှှိုင်းလျှပ်စစ်လှိုင်းတွေကြောင့် ဖြစ်တဲ့ harassmentပါ။ အာရုံကြောနဲ့ အကြားအာရုံကို ထိခိုက်မှုဖြစ်ပွားစေတာကြောင့်ပါ။

エイジハラスメント(エイハラ Age Harassment)
エイハラ Age Harassment ဆိုတာကတော့ အလုပခွင်ကသက်လယ်ပိုင်းအရွယ်တွေကို မနှစ်မြို့တဲ့ ဟန်ပန်အမူအရာ အပြောအဆိုတွေပါ။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ အိမ်ထောင်စုအတွင်းက သက်ကြီးရွယ်အိုတွေ ၊ ဘိုးဘွားဂေဟာက သက်ကြီးရွယ်အိုတွေကို ခွဲခြားဆက်ဆံခြင်းတွေပါ ပါဝင်လာပါတယ်။ ဒါ့အပြင်လုပ်ငန်းခွင်မှာရေရှည်ကြာပေမယ့် ရထူးကြီးကြီးမားမားမရသေးတဲ့ သူတွေကို ဒီအရွယ်တောင်ရောက်နေပြီ ဒီအဆင့်ပဲလား၊ ဒီအရွယ်ရောက်နေပြီမို့ ကိုယ့်ကိုကို်ယ်အရမ်းတွန်းအားမပေးနဲ့ဆိုတဲ့ အပြောအဆိုမျိုးကလည်း ပါပါတယ်။ ထို့အပြင်အလုပ်ခေါ်ယူတဲ့နေရာမှာ အထူးတလည်အသက်သတ်မှတ်ချက်မလိုအပ်တဲ့ အလုပ်နေရာဖြစ်ပါလျက် ဘယ်အသက်အရွယ်ထိပါဆိုပြီး အလုပ်ခေါ်ဆိုမှုကလည်း エイハラ Age Harassment ခေါင်းစဉ်အောက်မှာပါပါတယ်။

シルバーハラスメント(シルハラ Silver Harassment)
エイハラ Age Harassment နဲ့နီးစပ်ပြီးတော့ အထူးသဖြင့် သူနာပြုပြုစုစောင့်ရှောက်မှုလိုအပ်တဲ့ သက်ကြီးရွယ်အိုကို ခွဲခြားဆက်ဆံပြောဆိုမှုကို ခေါ်ဆိုတာပါ။ Silver ဆိုတာကတော့ အသက်ခြောက်ဆယ်ကျော်အရွယ်ကို ရည်ညွှန်းတာပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ရတာကိုညည်းငွေလာတဲ့ ဘိုးဘေဂေဟာဝန်ထမ်းတွေက သက်ကြီးရွယ်အိုတွေကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာထိခိုက်စေခြင်းပဲဖြစ်ပါတယ်။ သက်ကြီးရွယ်အိုဂေဟာတွေမှာ အဖြစ်များတဲ့ဒီနိုင်ထက်စီးနင်းမှုက ဖြစ်စဉ်ကို ဖုံးကွယ်ပစ်လိုက်ရတာလည်း လွယ်ကူသလို ယခုနောက်ပိုင်းမှာတော့ သတင်းမီဒီယာတွေမှာ အတွေ့များလာတဲ့အတွက်သက်ကြီးရွယ်အိုတွေအတွက်တော့ အရေးကြီးတဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။

マリッジハラスメント(マリハラMarriage Harassment)
マリハラMarriage Harassment ကတော့ လက်မထပ်သေးတဲ့သူတွေအပေါ် အိမ်ထောင်မပြုသေးဘူးလားဆိုပြီး မေးမြန်းမှုတွေ၊ ဒါကြောင့်မို့လို့ အိမ်ထောင်မပြုနိုင်တာပေါ့ဆိုပြီးတော့ လက်ထပ်ခြင်းအပေါ်ကို ဖိအားပေးမှုကို ဆိုလိုပါတယ်။
အိမ်ထောင်ရှင်သက်တူရွယ်တူငယ်ချင်းတွေ၊ လုပ်ငန်းခွင်က အထက်လူကြီးတွေကပြောဆိုတဲ့ လက်ထပ်သင်တဲ့အရွယ်ရောက်နေပြီ အစရှိတဲ့ စကားလုံးတွေက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။

ペットハラスメント(Pet Harassment)
အများပြည်သူနေရာတွေက အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်က တိရိစ္ဆာန်မနှစ်သက်တဲ့သူအပေါ်ပြုလုပ်မိတဲ့ Harassment ပဲဖြစ်ပါတယ်။ ဥပမာဆိုရင် ခွေးကျောင်းနေချိန်မှာ လည်ပတ်ကြိုးမပတ်ပေးထားတာ၊ လည်ပတ်ကြိုးက အရမ်းရှည်နေတာတွေဖြစ်ပြီးတော့ ထိုအပြုအမူတွေက တစ်ဖက်သူကို ထိတ်လန့်စေတာတွေဖြစ်ပေါ်နိုင်တာကြောင့်ပါ။ ဒါအပြင်တိရစ္ဆာန်ပိုင်ရှင်က တိရစ္ဆာန်အပေါ်ပြုမူတဲ့ နိုင်ထက်စီးနင်းမှုမျိုးလည်း ဖြစ်နိုင်ပါတယ်

スメルハラスメント(スメハラ Smell Harassment)
スメハラ Smell Harassment ဆိုတာက အနံံ့နဲ့ပက်သက်ပြီးတော့ တစ်ဖက်သူက စိတ်သက်သောင့်သက်သာမဖြစ်ရတာမျိုူးပါ။ အများအားဖြင့်တဲ့ ခန္ဓာအနံ့၊ ပါးစပ်အနံ့ဆိုပေမယ့် အနံ့ပြင်းလွန်းတဲ့ ရေမွေးနဲ့ အဝတ်လျှော်ရေချိုးဆပ်ပြာရည်ရဲ့ အနံ့ကလည်းスメハラ Smell Harassment ဖြစ်စေနိုင်ပါတယ်။ မိမိအတွက်တော့ အနံ့ကကောင်းတယ်လို့ထင်နေပေမယ့်လည်း ပတ်ဝန်းကျင်က လူတွေအတွက်တော့ သည်းမခံနိုင်တာမျိုးတွေဖြစ်နိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

エラーハラスメント(エアハラ Air Harassment)
エアハラ Air Harassment ကတော့ လေပူလေအေးပေးစက်နဲ့ပက်သက်တာပါ။ ဥပမာဆိုရင် ကုမ္ပဏီမှာ လျှပ်စစ်အားချွေတာရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရမ်းပူတဲ့ နေ့တွေမှာတောင် အဲယားကွန်းအသုံးပြုတာကို တားမြစ်တာကြောင့် ကျန်းမာရေးထိခိုက်စေတာက エアハラ Air Harassment ပါပဲ။ အချမ်းကြောက်တတ်တဲ့ သူရဲ့အခက်အခဲကို လျစ်လျူရှုပြီးတော့ အဲယားကွန်းအအေးပိုအောင်လုပ်တာမျိုးကလည်းエアハラ Air Harassment
နဲ့ အတူတူပါပဲ ။

ソーシャルハラスメント(ソーハラSocial Harassment)
အထူးသဖြင့် Facebook ၊Twitter စတဲ့ လူမှုမီဒီယာအကောင့်တွေမှာ အလုပ်ခွင်ထဲကလူတွေပါဝင်ပက်သက်မှုကြောင့် စိတ်ဖိအားတွေဖြစ်လာစေပြီး တဲ့ ソーハラSocial Harassment ဖြစ်ပေါ်လာရတာပဲဖြစ်ပါတယ်။ လက်အောင်ငယ်သားကိုFriend Request ပို့တာမျိုးတွေ၊ မိမိပိုစ့်ကို Likeလုပ်ခိုင်းတာမျိုးတွေ ပြောင်းပြန်အနေနဲ့ လက်အောက်ငယ်သားရဲ့ပိုစ့်ကိုLike လုပ်တာမျိုးကတော့ တစ်ဖက်သားက အစောင့်ကြည့်ခံနေရတယ် ဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်စေပါတယ်။ အထက်လူကြီးစီနီယာတစ်ယောက်အနေနဲ့ လက်အောင်ငယ်သားနဲ့ရင်းနှီးချင်တယ်လို့တွေးပေမယ့်လက်အောင်ငယ်သား အနေနဲ့ကတော့ စိတ်ဖိအားဖြစ်စေတဲ့အတွက် နားလည်ပေးဖို့လိုအပ်ပါတယ်။

終われハラスメント(就職終われハラスメント Job Hunting Harassment)
ဂျပန်မှာဆိုရင် တက္ကသိုလ်ကျောင်းသားတွေက ကုမ္ပဏီတွေကိုပတ်ပြီးအလုပ်လျှောက်တဲ့ရာသီ 就職活動(Shuushokukatsudou)ဆိုတာရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ ကုမ္ပဏီဘက်က ကျောင်းသားကို တခြားလုပ်ငန်းခွင်တွေကို ထပ်သွားမလျှောက်တော့နဲ့ ဒီမှာလုပ်ဆိုပြီး စိတ်ဖိအားပေးပြီး就職活動ကို ဆက်မလုပ်နိုင်အောင် ပြောတာတွေ၊ ဒီကုမ္ပဏီကလွဲပြီး တခြားကုမ္ပဏီက မင်းကို အလုပ်ခန့်မှာမဟုတ်ဘူးဆိုပြီးパワハラဆန်ဆန်ပြောတာမျိုးတွေလည်း ရှိပါတယ်။ ဒီလိုအပြုအမူမျိုးက အလုပ်မရရင်ဘယ်လိုလုပ်မလဲဆိုပြီး လူတစ်ဖက်သားစိတ်ကို ထိခိုက်ပူပန်စေပြီး就職活動မှာ အဆင်မပြေဖြစ်တာမျိုးတွေ ဖြစ်စေပါတယ်။

家事ハラスメント(カジハラ Housework Harassment)
အိမ်ထောင်စုအတွင်းမှာ အိမ်တွင်းမှုတာဝန်ခွဲဝေတာနဲ့ ပက်သက်ပြီးဖြစ်တဲ့ Harassment ပါ။ ဇနီးသည်ရဲ့ အိမ်တွင်းမှုတာဝန်ခွဲစေနည်းပါးတာတွေ၊ ခင်ပွန်းသည်ရဲ့ အိမ်တွင်းမှုလုပ်ဆောင်ထားတွေကို လုံးဝအသုံးမဝင်ဘူးလို့ပြောဆိုတာမျိုးတွေပါဝင်ပါတယ်။

ゼクシャルハラスメント(ゼクハラ)
ゼクハラဆိုတာကတော့ ချစ်သူရည်းစားကြားမှာ အမျိုးသမီးက အမျိုးသားကို လက်ထပ်ဖို့ အတင်းပြောဆိုတာမျိုးပါ။ ဒီ Harassment နာမည်ကတော့ အခန်းထဲမှာ လက်ထပ်တာနဲ့ပက်သက်တဲ့ မဂ္ဂဇင်းကိုထားပြီး လက်ထပ်ချင်တယ်ဆိုတဲ့ အပြုအမူပြသခြင်းကနေ အစွဲပြုပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။

パーソナルハラスメント(パーハラ Personal Harassment)
パーハラ Personal Harassment ဆိုတာကတော့ လူတစ်ယောက်ရဲ့ကိုယ်ပိုင်အကျင့်၊ ဝါသနာကို ကဲ့ရဲ့ ပြောဆိုတာတွေ အနိုင်ကျင့်တာနဲ့ပက်သက်တာပါ။ ဥပမာလူတစ်ဦးတစ်ယောက်ရဲ့မတူညီတဲ့ အမူအကျင့်ကို မင်းကထူးဆန်းလိုက်တာ ဆိုပြီး ပြောတာမျိုးပါ။

マタニティハラスメント(マタハラ Maternity Harassment)
လုပ်ငန်းခွင်မှာ ကိုယ်ဝန်ရှိနေတဲ့ အမျိုးသမီး ဒါမှမဟုတ် မီးဖွားခွင့်ယူထားတဲ့ အမျိုးသမီးအပေါ်ပြောဆိုတာမျိုးဖြစ်ပါတယ်။ ကိုယ်ဝန်၊ မီးဖွားခွင့်စတဲ့ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းကိုလိုက်နာပြီး မီးဖွားခွင့်၊ ကလေးထိန်းခွင့်ယူပေမယ့်လည်း အလုပ်ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အပြောအဆိုမျိုးတွေဖြစ်ပါတယ်။ လက်မထပ်ရသေး ဒါမှမဟုတ်ကလေးမရှိသေးတဲ့ လုပ်ဖော်ကိုင်ဖက် အထက်လူကြီးကနေ အလုပ်ရှုပ်နေတာတောင် ကလေးယူနိုင်တယ်နော် အားကျလိုက်တာ ဆိုတဲ့စကားလုံးမျိုးနဲ့ တိုက်ခိုက်တဲ့ အဖြစ်အပျက်များလည်း ရှိပါတယ်။

ラブハラスメント(ラブバラ Love Harassment)
ラブバラ Love Harassment ဆိုတာကတော့ အချစ်ရေးနဲ့ပက်သက်ပြီး တစ်ဖက်သူကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေခြင်းပဲဖြစ်ပါတယ်။ ချစ်သူမရှိဘူးလား ချစ်သူထားဖို့ကြိုးစားသင့်တယ်ဆိုတဲ့ စကားတွေ၊ အချစ်ရေးနဲ့လက်ထပ်တာနဲ့ပက်သက်တဲ့ တွေးတောတာတွေကို ဖိအားပေးတာမျိုးတွေပဲဖြစ်ပါတယ်။

レイシャルハラスメント(レイハラ Racist Harassment)
レイハラ Racist Harassment ကတော့လူမျိုးရေးခွဲခြားတာပဲ ဖြစ်ပါတယ်။
နိုင်ငံခြားသားနဲ့ သွေးနှောတွေကို လူမျိုးရေးခွဲခြားမှုမျိုးပါ။ ဂျပန်မှာ အချိုသောနိုင်ငံတွေရဲ့နိင်ငံသားတွေအပေါ်အမြင်စောင်းမှုတွေ၊ သွေးနှောဖြစ်တာကြောင့်အနိုင်ကျင့်တာတွေ၊ မလုပ်သင့်တာကို လုပ်ခိုင်းတာတွေ ဖြစ်ပါတယ်။

レリジャスハラスメント(Religious Harassment)
ဘာသာရေးဆိုင်ရာအဖွဲ့အစည်းနဲ့ ပက်သက်တဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။ အတင်းအဓမ္မ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းထဲဝင်ရောက်ဖို့ပြောဆိုမှုတွေ၊ အဖွဲ့အစည်းထဲက ထွက်မယ်ဆိုရင် မကောင်းတာတွေနဲ့ကြုံတွေ့ရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုတွေဖြစ်ပါတယ်။

ヌードルハラスメント(ヌ―ハラ Noodle Harassment)
ヌ―ハラ Noodle Harassment ဆိုတာကတော့ ခေါက်ဆွဲရာမန်စတာတွေကို စားတဲ့အခါမှာ မြည်တဲ့အသံနဲ့ ပက်သက်တာဖြစ်ပါတယ်။ ခေါက်ဆွဲစားရင်းမြည်တဲ့အသံဟာတိုရင် အိမ်သာဗိုလ်ထိုင်စက်က မြည်တဲ့အသံ၊ ဖုန်စုပ်စက်မြည်သံတွေကိုဆက်စပ်တွေးမိစေတာကြောင့်ပါလို့ဆိုပါတယ်။ အစားစားနေချိန်အတွင်းအသံမြည်တာကယဉ်ကျေးမှုမရှိဘူးလို့လက်ခံတဲ့ နိုင်ငံခြားသားတွေများသလို ဂျပန်လူမျိုးတွေထဲမှာလည်း မကြိုက်တဲ့သူများပါတယ် စားရမှာမြည်တဲ့အသံကလည်း ထဲမှာပါဝင်ပါတယ်။

フォトハラスメント(フォトハラ Photo Harassment)
ဓာတ်ပုံနဲ့ပက်သက်တဲ့ Harassment ပါ။ တစ်ဖက်သူကို ခွင့်မတောင်းပဲဓာတ်ပုံရိုက်တာ၊
တခြားသူပါနေတဲ့ပုံကို ခွင့်မတောင်းပဲလူမှုကွန်ရက်ပေါ်မှတင်တာက တစ်ဖက်သားစိတ်မနှစ်မြို့တာဖြစ်နိုင်ပါတယ်။ တမင်သက်သက်မနှစ်မြို့အောင်တင်တာအပြင် သတိမထားမိပဲ ဒါမှမဟုတ် ရလောက်ပါတယ်လို့တွေးပြီးတော့ တင်တာမျိုးကလည်း フォトハラ Photo Harassment ပါပဲ။

カスタマーハラスメント(カスハラ Customer Harassment)
ဝယ်ယူစားသုံးသူတွေကမိမိစိတ်ဆန္ဒကိုပဲ ကြည့်ပြီး ဆိုင်ဝန်ထမ်းတွေအပေါ် မသင့်တော်တာတွေကို တောင်းဆိုတဲ့ ပြုလုပ်တဲ့ Harassment ပဲဖြစ်ပါတယ်။ Convenience Store တွေစားသောက်ဆိုင်တွေမှာ ဝန်ထမ်းတွေကိုအော်ဒါကောက်ယူချိန်မှာ အတင်းမြေပေါ်ထိုင်ပြီး အော်ဒါယူခိုင်းတာ၊ ဖောက်သည်ဝန်ဆောင်မှုစင်တာကို အကြိမ်များစွာကွန်ပလိန်းတက်ဖုန်းခေါ်တာမျိုးတွေ၊ငွေရှင်းဖို့ငြင်းဆန်တာမျိုးတွေပါဝင်ပါတယ်။

အမှတ်မထင်ပြုလုပ်မိတဲ့အပြုအမူတွေကနေ Harassment ဖြစ်လာတဲ့ ကိစ္စရပ်များရှိသလို ရည်ရွယ်ချက်ရှိရှိနဲ့ ပြုမူတဲ့ Harassment တွေလည်း ရှိနိုင်ပါတယ်။ Harassment ကတစ်ဆင့် လူအခွင့်အရေးထိခိုက်လာနိုင်တွေရှိလာနိုင်ပါတယ်။ မိမိအပြုအမူတွေက တစ်ဖက်လူအပေါ် Harassment မဖြစ်အောင် သတိထားဆင်ခြင်မှုအပြင် တစ်ဖက်သားကိုယ့်အပေါ် Harassment အပြုအမူလုပ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာတွေကိုလည်း သတိထားသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်