ဂျပန်ပညာရေးအကြောင်း တစေ့တဆောင်း

ဂျပန်ပညာရေးစနစ်ဟာ အလွန်ကောင်းမွန်ပြီး စည်းကမ်းရှိလှပါတယ်။ ဂျပန်နိုင်ငံမှာ အလယ်တန်းအထိ အခမဲ့သင်ယူနိုင်တဲ့ပညာရေးစနစ်ရှိပါတယ်။ ဂျပန်နိုင်ငံက မိဘတွေကကလေးများကို ကိုယ့်အားကိုယ်ကိုးတတ်အောင်သင်ပေးထားပြီး၊ ကျောင်းကလည်း မိမိကိုယ်ကို အားကိုးတတ်အောင်သင်ပေးမှုများစွာ ရှိပါတယ်။ ဥပမာအားဖြင့် အခန်းသန့်ရှင်းရေးလုပ်တာကနေ စပြီး သွားတာလာတာအထိ မိဘ၊ဆရာ၊ဆရာမကအကူအညီမပါပဲ အခြေခံအသက်ရှင်နေထိုင်နိုင်ဖို့ မိမိကိုယ်ကိုအားကိုးတတ်အောင် လေ့ကျင့်ပေးတာမျိုးတွေပါဝင်ပါတယ်။ ဂျပန်နိုင်ငံ၏ပညာရေးမှာ ဆရာ၊ဆရာမကချည်းပဲသင်ပေးတာမျိုးမဟုတ်ပဲ မိမိကိုယ်တိုင်စဉ်းစားတွေးခေါ်ရတဲ့ အရည်အချင်းကောင်းတွေကို ပျိုးထောင်ပေးတာဖြစ်ပါတယ်။
မူလတန်း(၆နှစ်)နဲ့ အလယ်တန်း(၃နှစ်) စုစုပေါင်း၉နှစ်ကို မသင်မနေရအခြေခံပညာရေးအဆင့် အဖြစ်သတ်မှတ်ထားပြီး ထိုသို့သင်ယူမှုအတွက် နိုင်ငံအဆင့်နဲ့ဒေသန္တရအဆင့်ကဖွင့်လှစ်ထားတဲ့ကျောင်းတွေမှာ လေ့လာသင်ယူကြတဲ့သူများအတွက် အခမဲ့ ဖြစ်ပါတယ်။ အဲဒါကြောင့် အသက် ၆ နှစ်ကနေ ၁၅ နှစ်အရွယ်ကလေးများဟာ အများပြည်သူပိုင်ကျောင်းများတွင် တက်ရောက်သင်ယူတဲ့အခါ ကျောင်းဝင်ကြေးကျောင်းလခစသည်တို့အတွက်ပေးဆောင်ရန်မလိုအပ်တဲ့အပြင် ကျောင်းသုံးပြဌာန်းစာအုပ်တွေလည်း အခမဲ့ဖြစ်ပါတယ်။ မိဘများကတော့ ကလေးများအတွက် စာရေးကိရိယာဖိုး ၊ ကျောင်းဝတ်စုံ၊နေ့လယ်စာထမင်းဖိုး၊ လေ့လာရေးခရီးအတွက်စရိတ်များကို ကုန်ကျခံပေးရပါတယ်။ ထိုအတွက် သက်ဆိုင်ရာနေထိုင်တဲ့ရပ်ကွက်ရုံးများမှ မိသားစုတစ်စုတွင် ရှိသော ကလေးဦးရေပေါ်မူတည်ပြီး လစဉ်ထောက်ပံ့ငွေကြေးများလည်းရှိပါတယ်။

ဂျပန်မှာ ကလေးများကျောင်းတက်ပညာသင်ယူသည့် ရာခိုင်နှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်ပြီး ၉၉ ရာခိုင်နှုန်းအထက်မှာရှိပါတယ်။ ထို့ကြောင့် အိမ်ယာမဲ့များတောင်မှ စာကောင်းကောင်းဖတ်နိုင်ပါတယ်။ လူတိုင်းစာတတ်မြောက်နိုင်အောင် ပညာရေးကိုအဓိကဦးစားပေးသည့်နိုင်ငံဖြစ်ပါတယ်။အဲဒီလိုမျိုး စာတတ်မြောက်မှုရာခိုင်နှုန်းမြင့်မားရသည့် အကြောင်းရင်းကတော့ ကလေးတစ်ယောက်မွေးဖွားလာပါက မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ မွေးစာရင်းနဲ့အညီ မိသားစုစာရင်းထည့်သွင်းရပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျောင်းတက်ရမယ့်ချိန်စာရင်းထဲတွင် ထည့်သွင်းလိုက်ပါတယ်။ ထို့နောက် ကျောင်းတက်ရမယ့်အချိန်‌ရောက်သည့်အခါ ထိုမိသားစုစာရင်းပါကလေးက မူလတန်းကျောင်းတစ်ကျောင်း ကျောင်းမှာ ကျောင်းဝင်ခွင့်စာရင်းတင်သွင်းပြီး ကျောင်းတက် မတက်ဆိုတာကို အုပ်ချုပ်ရေးရုံးတွေက စစ်ဆေးပါတယ်။ ကျောင်းဝင်ခွင့်စာရင်းကိုလျှောက်ထားမှုမရှိပါက အစိုးရရုံးမှဝန်ထမ်းများကိုယ်တိုင် အိမ်တိုင်ရာရောက် သွားရောက်စုံစမ်းပြီး တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီး ဖြေရှင်းပါတယ်။

ဂျပန်နိုင်ငံမှာ ကျောင်းနှင့်နီးသော မူလတန်းကျောင်းစတက်တဲ့ ကလေးအများစုက ကျောင်းသွားတဲ့အခါ မိဘတွေလည်း လိုက်ပို့စရာ မလိုပဲ မိမိဘာသာသွားလေ့ရှိတတ်ပါတယ်။ အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများသည်လည်း ထိုနည်းတူပါပဲ။ သူငယ်ချင်းအပေါင်းအဖော်များနှင့် သွားလေ့ရှိကြပါတယ်။ ဒါကြောင့် ဂျပန်ကျောင်းသား၊ကျောင်းသူအများစုဟာ အထက်တန်းပြီးနောက်မှာ မိမိတက်ချင်တဲ့တက္ကသိုလ်ကို တစ်ယောက်တည်းရပ်တည်ပြီး ကြိုးစားလေ့ရှိကြပါတယ်။ အထက်တန်းကျောင်းသားအရွယ်မှစပြီး ကိုယ်ပိုင်အားလပ်ချိန်များတွင် မိမိအသုံးစရိတ်ကို မိမိကိုယ်တိုင်ရှာပြီး ရပ်တည်တတ်ကြသည့်အတွက် ဂျပန်၏ပညာရေးစနစ်မှာ အတွေ့အကြုံကောင်းများနဲ့အတုယူစရာများစွာရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်