အသိပညာ ကြွယ်ဝမှုကို ဦးစားပေးပြီး စီးပွားရေးတိုးတက်အောင် လုပ်ခဲ့ကြတဲ့ ဂျပန်ခေတ်ကာလတွေ

November 12, 2020 at 4:21 PM

ဆတိုရိခေတ် ဆိုတာ ၁၉၈၀ခုနှစ်ကနေ၁၉၉၀ခုနှစ်အတွင်း အချိန်ကာလ ဖြစ်ပါတယ်။ ထိုအချိန်က ဂျပန်နိုင်ငံဟာ ကောင်းမွန်တဲ့ အခြေအနေ ရှိသော ခေတ်ကာလ မဟုတ်ပေမဲ့ ပုံမှန်အတိုင်း လည်ပတ်နေတဲ့ ခေတ်ကာလပဲ ဖြစ်ပါတယ်။ ဒီအချိန်ကာလမှ ဂျပန်လူမျိုးတွေဟာ ပညာရေးကို အဓိကဦးစားပေးခဲ့ကြတဲ့ ခေတ်ကာလ ဖြစ်ပြီး ဆတိုရိနဲ့ယုတိုရိခေတ် မှာ ပြန်လည်တည်ဆောက်ရေး၊စီးပွားရေးပြောင်းလဲရေးတို့ကိုအဓိကပြုလုပ်ခဲ့တဲ့အချိန်ကာလဖြစ်ပါတယ်။ နောက်မျိုးဆက်ဖြစ်လာမဲ့ ခေတ်ကတော့ မိရဲနစ်အယုခေတ်ပဲ ဖြစ်ပါတယ်။ ထိုခေတ်ဟာ ၁၉၈၁ခုနှစ် ဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ အရွယ်ရောက်ပြီး လူငယ်တွေများပြားတဲ့အချိန်ကာလဖြစ်တာကြောင့် ကုမ္ပဏီတစ်ခုမှာ အချိန်ကြာကြာအလုပ်လုပ်ချင်သူတွေပေါများတဲ့အချိန်အခါဖြစ်ပါတယ်။ အခုခေတ်မှာတော့ပြောင်းလဲမှုတွေ ရှိလာပါတယ်။ အဲဒီခေတ်နောက်ပိုင်း ခေတ်မှီပုံစံတွေ၊ စမတ်ဖုန်းနဲ့အိုင်တီနည်းပညာတွေကတဆင့် အသွင်ပြောင်းကာ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်လာကြပါတယ်။ အချက်အလက်ပိုမိုပြည့်စုံလာကာ ခေတ်များရဲ့ပြောင်းလဲမှုနဲ့အတူ ဝတ်ပုံစားပုံ၊ဖက်ရှင်ကအစပြောင်းလဲလာခဲ့ပြီး၊စီးပွားရေးနဲ့ပတ်သက်တဲ့ စဉ်းစားပုံတွေလည်း ကွဲပြားလာတာတွေ့ရမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ခေတ်တွေကို မျိုးဆက်တစ်ဆက်ချင်းစီ အနေနဲ့ပြောရမယ်ဆိုရင် မိဘတွေကနေနောက်ဆုံးမြေးရတဲ့အထိ မျိုးဆက်တစ်ခု အဖြစ် နှစ်ပေါင်းသုံးဆယ်လောက်ကိုခေတ်တစ်ခေတ်၊မျိုးဆက်တစ်ခုအဖြစ်သတ်မှတ်ပါတယ်။ နှစ်တစ်နှစ်မှာမွေးဖွားလာတဲ့သူအချင်းချင်း စဉ်းစားတွေးခေါ်ပု တူညီနိုင်ကြပေမဲ့ နောက်ထပ် ပြောင်းလဲလာတဲ့ ခေတ် အစဦးပိုင်းမှာ စဉ်းစားပုံ မတူညီတော့ပဲ ကွဲပြားလာခဲ့တာကို တွေ့မြင်ရပါတယ်။ ဂျပန်နိုင်ငံဟာ စစ်ပြီးခေတ် က စပြီး စီးပွားရေး ကို ပြန်လည်အင်အားကောင်းလာအောင် တဆင့်ချင်းစီ ပြန်လည်ကြိုးစားခဲ့ကြပါတယ်။ ခေတ်တွေရဲ့နာမည်တွေကိုနာမည်တစ်ခုချင်းစီသတ်မှတ်ထားပြီး၊ ထိုထဲကမှ စီးပွားရေးပြန်လည်ဦးမော့လာတဲ့ခေတ်တွေမှာ ပညာရေးကိုပိုပြီးဦးစားပေးကာလူတိုင်းပညာမတတ်မနေရပုံစံကိုပြုလုပ်ခဲ့တာကြောင့် အသိဉာဏ်ပိုကြွယ်ဝလာပြီး စီးပွားရေးအင်အားတောင့်တင်းအောင်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီခေတ်တွေထဲကမှ ဘာဘုယုခေတ်ကတော့ဂျပန်တွေရဲ့စီးပွားရေးတောင့်တင်းတဲ့ခေတ်ဖြစ်ပါတယ်။

စီးပွားရေးပြောင်းလဲတဲ့နှစ်တွေကတော့ ၁၉၄၇ခုနှစ်ကနေ၁၉၄၉ခုနှစ်အထိစီးပွားရေးပြုပြင်ပြောင်းလဲခဲ့ပါတယ်။တက္ကသိုလ်တွေပြီးမြောက်ပြီးနောက်လုပ်ငန်းခွင်ထဲဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပြီး ဂျပန်စီးပွားရေးအခြေအနေ အောင်မြင်သောအချိန်ဖြစ်ပါတယ်။ ဒန်ခိုင်းအိခေတ်လို့ခေါ်ပြီး အသက်လေးဆယ်ပတ်ဝန်းကျင်အချိန်ထိပျော်ရွင်စွာအားတက်သရောလုပ်ကြတဲ့ခေတ်ဖြစ်ပါတယ်။ လူငယ် လူဦးရေ များပြားတဲ့အချိန်ကာလ ဖြစ်ခဲ့ပြီး အဘက်ဘက်မှာ အစစအရာရာဖွံ့ဖြိုးတဲ့အချိန်ကာလဖြစ်ပါတယ်။၁၉၆၀ခုနှစ်အတောအတွင်းမှာပညာရေးကိုအဓိကဦးစားပေးပြီးနိုင်ငံဖွဲ့ဖြိုးအောင်ပြုလုပ်ခဲ့ကြပါတယ်။၁၉၉၀ခုနှစ်ဘာဘုယုခေတ်ကတော့စီးပွားရေးတိုးတက်တဲ့အချိန်ဖြစ်ပြီး အဓိက ဖွံ့ဖြိုးမှုမှာ ၁၉၆၀ ခုနှစ်တွင် ၉.၂ ရာခိုင်နှုန်းကနေ သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။ ၁၉၇၀ခုနှစ်ဝန်းကျင်မှာ ၄.၅ရာခိုင်နှုန်းအထိ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့ပါတယ်။၁၉၆၄ခုနှစ်မှ ာတိုကျိုအိုလံပစ်ပွဲ နဲ့၁၉၇၀ခုနှစ်မှာ အိုဆာကာ ကုန်စည်ပြပွဲ တွေကြောင့်စီးပွားရေးဖွဲ့ဖြိုးတိုးတက်မှုအတွက်အထောက်အကူပြုခဲ့ပါတယ်။

ဘာဘုယုခေတ်ဟာ ဂျပန်ရဲ့စီးပွားရေးတောင့်တင်းတဲ့အချိန်ကာလဖြစ်တယ်။ ပညာတတ်များပြားပြီး၊ ကျောင်းပြီးပြီး အလုပ်အကိုင်ပေါများစွာ ရရှိလုပ်ကိုင်နိုင်တဲ့ခေတ်ဖြစ်ပါတယ်။ ယခင်ကတည်းက ဂျပန်နိုင်ငံဟာ နိုင်ငံတကာ မှာ အလုပ်အရမ်းလုပ်ကြတဲ့ နိုင်ငံတွေထဲက တစ်ခု အဖြစ် ပါဝင်ပါတယ်။ အမျိုးသားနဲ့အမျိုးသမီး တန်းတူအခွင့်အရေး ရရှိဖို့အတွက် ၁၉၈၆ခုနှစ်မှာ ဥပဒေ ပြဌာန်းခဲ့ပါတယ်။ အဲ့ဒီအချိန်က အလုပ်အကိုင်အခွင့်အလမ်းများပြားပြီး အခြေခံလစာခံစားခွင့် မြင့်မားခဲ့ကြပါတယ်။ ဘာဘုယုခေတ် ၁၉၆၅ခုနှစ်ကနေ၁၉၆၉ခုနှစ်အတွင်း ဖြစ်ကာ ယုတိုရိခေတ်အခြေအနေကို၁၉၈၇ခုနှစ်ကနေ၂၀၀၄ခုနှစ်အတွင်းဖြစ်ပါတယ်။ဒီခေတ်အခါကအရမ်းတိုးတက်တဲ့အချိန်အခါမဟုတ်ဘဲ၊ပုံမှန်အတိုင်းလည်ပတ်တဲ့အချိန်အခါဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ဒီဆယ်နှစ်ပတ်ဝန်းကျင်မှာတော့စီးပွားရေးကသိသာမှုသိပ်မရှိဘဲပုံမှန်အတိုင်းဘဲရှိနေခဲ့ပါတယ်။အခုနောက်ပိုင်းမှာတော့စီးပွားရေးပြောင်းလဲမှုများကိုသိသာအောင်ပြုလုပ်လာကြပါတယ်။