ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နစ်နာမှုတွေ ရှိနေတဲ့ ဂျပန် Idol၊ Idol Producer/Management

အခုလို ကိုရိုနာ virus ပြဿနာကြောင့် တစ်ကမ္ဘာလုံးအိမ်တွင်းအောင်းနေရပြီး စီးပွားရေးအကြီးအကျယ် ထိခိုက်တဲ့ အခြေအနေအမျိုးမှာ ဂျပန် idol တွေနဲ့ Idol Producer/ Management တွေမှာလည်း ထိခိုက်နစ်နာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပါ။ ယနေ့ခေတ်မှာ ဂျပန် idol ဆိုရင် mainstream ပဲဖြစ်ဖြစ် chika(underground) ပဲဖြစ်ဖြစ် fan service ကို အဓိကထားပြီး fan အသစ်တွေရအောင် ကြိုးစားအားထုတ်နေရတာ အတူတူပါပဲ။
ဂျပန်ရဲ့ လက်ရှိ ဂျပန် idol တွေရဲ့ concept က Idols that you can meet ပါ။ ဒီ concept ကို တစ်ချိန်က 48G ရဲ့ ဖခင်ဖြစ်တဲ့ Akimoto Yasushi က စပြီး အသက်သွင်းခဲ့တာပေါ့။
Aki-P ရဲ့ concept ဟာ ယနေ့မျက်မှောက်ခေတ် ဂျပန် idol လောကရဲ့ အသက်သွေးကြောဆိုရင်လည်း မမှားပါဘူး။အဲ့ concept ရဲ့ ကျေးဇူးကြောင့် fan တွေကလဲ ကိုယ်ချစ်တဲ့၊ကိုယ်အားပေးတဲ့ idol ကို တစ်ပတ်မှာ ၂ခါ လောက်မတွေ့ရရင်ကို နေမထိ ထိုင်မသာ ဖြစ်ကြပါတယ်။
လက်ရှိအချိန်မှာတော့ idol အဖွဲ့တွေ အကုန်နီးပါး live performance တွေ concert တွေကို ရပ်နားထားရတော့ သူတို့ရဲ့ ပင်မဝင်ငွေ မရှိတော့ပါဘူး။Mainstream idol တွေကတော့ job stability ရှိတော့ လစာအေးဆေးရပါတယ်။ ပူစရာမရှိပါဘူး။ သူတို့ကို အုပ်ချုပ်တာကလည်း Corporate ကုမ္ပဏီကြီးတွေကိုး။တချို့ chika idol အဖွဲ့တွေရဲ့ producer တွေပြောပုံအရဆိုရင် ပွဲတစ်ပွဲကို ဂျပန်ငွေ ယမ်း ၁ သန်း ဝင်ငွေရပါတယ်။ပွဲ ၁ ပွဲလွတ်တိုင်း ယမ်း ၁ သန်း ဆုံးရှုံးနေသလို ခံစားရမှာ အမှန်ပဲ။
Chika Idol တွေရဲ့ ဝင်ငွေဟာ management ဒါမှမဟုတ် producer ကပေးတဲ့ လစာအပြင်ကိုမှ ပွဲမှာ သူတို့နဲ့ အတူ cheki ရိုက်တဲ့ fan တွေစီက cheki ဖိုးကို ရာခိုင်နှုန်းနဲ့ အဖွဲ့ဝင်အလိုက် ခွဲတမ်းကျရပါသေးတယ်။ အခု ပွဲတွေမလုပ်ရတော့ cheki နဲ့ရတဲ့ဘက်ကဝင်ငွေ မရှိတော့ဘူးပေါ့ဒီ virus ပြဿနာ မပြီးမချင်း Japanese Idol Industry ကြီးဟာ ရုန်းကန်နေရမှာဖြစ်ပြီး virus ကိစ္စပြီးသွားရင်တောင် နလန်ပြန်ထဖို့ သိပ်မလွယ်လှပါဘူး။ idol တွေလည်း ရောဂါကူးစက်ခံရနိုင်တဲ့ အတွက် ပေါ့ဆလို့ကလည်း မဖြစ်ပြန်ဘူး။
အဲ့ဒီတော့ Idol that you can no longer meet ဖြစ်နေတဲ့ကာလမှာ chika idol တွေနဲ့ Producer တွေ ဆက်လက်ရပ်တည်ဖို့ ဘယ်လိုပြောင်းလဲမှုတွေလုပ်ပြီး လက်ရှိအခြေအနေနဲ့ ဘယ်လို လိုက်လျောညီထွေမှုရှိအောင်လုပ်ကြသလဲဆိုတာကို Yahoo! Japan News ရဲ့ interview တစ်ခုကနေ ကိုးကားပြီး အခုလို စာရေးဖြစ်တာပါ။

Idol Industry ရဲ့ ထိခိုက်နစ်နာမှုတွေကို မြင်သာအောင်ပြောရမယ် ဆိုရင် အခု Concert တွေ Live performance တွေ မလုပ်ဖို့ ပိတ်ပင်ထားတော့ ကြိုတင်ပြီး booking လုပ်ထားတဲ့ ပွဲရုံတွေ၊ ကွင်းတွေ[Concert အကြီး အတော်များများကို Baseball ကွင်းတွေမှာလုပ်နေကြမို့ပါ] ကို cancel လုပ်ရပါတယ်။ Cancel လုပ်တော့မှာ ပွဲရုံတွေ၊ ကွင်းတွေ ဘက်ကကြည့်ရင် သူတို့ ဝင်ငွေဟာ ယမ်းကို သန်းနဲ့ချီပြီး ဆုံးရှုံးပါတယ်။ Idol အဖွဲ့တွေရဲ့ management ဘက်ကကြည့်ရင်လည်း ပွဲအတွက် ကြိုတင်စီစဉ်ပြီးငှါးရမ်းထားတဲ့ မီးမောင်းထိုးတဲ့ ပစ္စည်းကိရိယာ တန်ဆာပလာတွေ၊ sound system နဲ့ sound engineer၊ stage စင်ဆောက်လုပ်ရေးအတွက် အလုပ်သမားတွေ၊ ကင်မရာသမားတွေ၊ ပွဲအစအဆုံး စီစဉ်တဲ့ stage director စတဲ့ အရာတွေအားလုံးကို စရံငွေပေးထားရတဲ့အတွက် မလုပ်ဖြစ်တဲ့အခါမှာ ပိုက်ဆံအလကားကုန်သွားရော။ ပွဲအတွက် လက်မှတ်တွေ print ထုတ်တာ၊ ပရိသတ်တွေကို လက်မှတ်ဖိုးပြန်အမ်းရတာ၊ Idol အဖွဲ့နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ(merchandise) တွေ ကြိုတင်ထုတ်ထားပြီးမှ မရောင်းရတာတွေပါ ထပ်ဆောင်းပြီး ပေါင်းကြည့်လိုက်တဲ့အခါမှာ စုစုပေါင်းဆုံးရှုံးတဲ့ ငွေပမာဏဟာဂျပန်ယမ်း ၁၀ သန်းထက်ကျော်ပြီး ဆုံးရှုံးနေကြောင်းကို သိရပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလထဲမှာ ပွဲဦးထွက်ခဲ့တဲ့ idol အဖွဲ့ Kiss Angel ရဲ့ producer Henagi san ကို interview ရာမှာ “Kiss Angel အဖွဲ့ဟာ Tokyo, Nagoya နဲ့ Ōsaka မြို့ကြီး ၃ မြို့မှာ ဖျော်ဖြေဖို့အစီအစဉ်တွေရှိပင်မယ့် အခုလို corona virus ရဲ့ အကျိုးပေးမှုကြောင့် အကုန် ဖျက်သိမ်းလိုက်ရတဲ့အတွက် ကျနော်ရော အဖွဲ့ဝင်တွေမှာပါ ဆုံးရှုံးနစ်နာမှုတွေရှိပါတယ်။”ဂျပန် idol လောကဟာ Live show/performance အပြီးမှာ idol တွေနဲ့ fan တွေ ဖက်လှဲတစ်ကင်း ဆက်ဆံရတဲ့ အတွေ့အကြုံကို အမှီသဟဲပြုပြီး တည်ဆောက်ထားတာပါ၊ လက်ဆွဲနှုတ်ဆက်တဲ့ activity ပဲဖြစ်ဖြစ် cheki အတူတူရိုက်တာပဲဖြစ်ဖြစ် အနည်းနဲ့အများ idol အဖွဲ့တွေ အလုပ်လုပ်ပုံစနစ်ကအတူတူပါပဲ”[သူဆိုလိုတဲ့သဘောက mainstream underground ကွဲပြားကြပင်မယ့် ထိခိုက်နစ်နာရင် အကုန်လုံး အတူတူပါပဲ ဆိုတဲ့သဘောပါ]
“ကျနော်တို့ အဖွဲ့ရဲ့ ဝင်ငွေ ၆၀ ရာခိုင်နှုန်းဟာ cheki တွေစီကရတာပါ။ ပုံမှန်ဆိုရင် ပွဲတစ်ပွဲကို cheki ဖိုး ယမ်းကို သောင်းနဲ့ချီရပြီး တစ်ကိုယ်တော် Live Show ဆိုရင်တော့ ယမ်း ၂ သန်းဝန်းကျင်ရပါတယ်” [Idol live အများစုဟာ idol အဖွဲ့အများကြီးပါပြီး show ပွဲအပြီး activity တွေဖြစ်တဲ့ merchandise တွေရောင်းတာ၊ cheki ရိုက်တာကို အချိန်အပိုင်းအခြားနဲ့ အလှည့်ကျသတ်မှတ်ပေးထားတာပါ၊ One Man Live ဆိုရင် ကိုယ့်တစ်ဖွဲ့တည်းဆိုတော့ အချိန်အများကြီးရတဲ့အတွက် ဝင်ငွေပိုရတာပါ]
“အခုတော့ ကျနော်တို့အဲ့လိုဝင်ငွေမျိုးမရနိုင်တော့ပါဘူး။ကျနော်နဲ့ လက်တွဲပြီး အဖွဲ့ကိုကိုင်တွယ်တဲ့ management ဟာလည်း idol အဖွဲ့အပြင် တခြားလုပ်ငန်းတွေကို ကိုင်တွယ်ရတာဆိုတော့ လုပ်ငန်းကုန်ကျစရိတ်ကလည်းရှိသေးတယ်ဗျာ။ အဖွဲ့ဝင်တွေကို ပုံမှန်လစာပေးနိုင်ဖို့အတွက် အစိုးရစီကနေ လုပ်ငန်းချေးငွေကို ပထမဆုံးချေးယူဖို့ ပြင်ဆင်မှုတွေလုပ်နေပါပြီ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

Idol အဖွဲ့တစ်ဖွဲ့ဟာ အခုလို live show တွေမဖျော်ဖြေနိုင်တော့ အဖွဲ့ဝင်တွေရတဲ့ လစာ အပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲ?
Fan တွေရော idol တွေပါ စိတ်ပူရတဲ့ မေးခွန်းတစ်ခုပါ။ အဲ့ဒီမေးခွန်းကို Henagi san က အခုလို ဖြေကြားသွားပါတယ်။
“Kiss Angel အဖွဲ့ဝင်တွေကတော့ လက်ရှိမှာ အိမ်ကနေပဲ work from home နေကြပါတယ်။ သူတို့ costume လှလှလေးနဲ့ ရိုက်ထားတဲ့ cheki တွေကို decoration လှလှလေးတွေ အသေအချာလုပ်ပြီး message နဲ့တကွ fan တွေစီ delivery နဲ့ပို့ပေးကြတယ်လေ။Cheki တွေကို decoration လုပ်ရတာ နည်းနည်းတော့ လက်ပေါက်ကပ်ပင်မယ့် အဖွဲ့ဝင်တွေလည်း အားနေတော့ သူတို့ မပျင်းရတော့ဘူးပေါ့။ ပုံမှန်ဆိုရင် cheki ရိုက်ရာမှာ fan တွေနဲ့ idol တွေ စကားပြောချိန် ၁၀ စက္ကန့်ပဲရှိတာပါ၊ အခုကြတော့ idol တွေဟာ အဲ့ဒီ ၁၀ စက္ကန့်ထက်ပိုတန်ဖိုးရှိပြီး သူတို့ရဲ့ အချစ်မေတ္တာတွေပေါ်လွင်အောင် စေတနာပါပါနဲ့ message တွေကို သေချာရေးပေးကြပါတယ်။
အကယ်၍ ဒီ deco cheki တစ်ပုံကို ယမ်း ၅၀၀၀ နဲ့ရောင်းတယ် ဆိုပါစို့၊ cheki ပုံ ၆၀ ဆိုရင် ယမ်း ၃ သိန်း၊ အဲ့တာရဲ့ တစ်ဝက် ယမ်း ၁ သိန်းခွဲကို အဖွဲ့ဝင်တွေရဲ့ လစာအဖြစ်ပေးမယ်ဆိုရင်တောင်မှ နည်းနေပါသေးတယ်။
အဖွဲ့ဝင်တွေကြိုးစားပြီး cheki တွေကို အများကြီး decoration လုပ်နိုင်တယ်ဆိုရင်တောင်မှ fan တွေ အကြာကြီး အားမပေးနိုင်လောက်ပါဘူး။ Fan တွေရဲ့ ဝင်ငွေကို ကပ်စားရာရောက်တဲ့အတွက် deco cheki ကို အကြာကြီးလုပ်ဖို့ စိတ်မကူးထားပါဘူး၊ ကျနော်တို့ တခြား နည်းလမ်းတွေ project တွေ စဉ်းစားနေပါတယ်၊ Twitter, Instagram နဲ့ Tik Tok စတဲ့ social media တွေကို အားကိုးပြီး နောက်ထပ် fan အသစ်တွေရအောင်လည်း အစီအစဉ်သစ်တွေ ဖန်တီးဖို့ကြိုးစားနေပါတယ်။”

ဂျပန်မှာ corona virus ကူးစက်ခံရတာ ကာကွယ်ဖို့ Show ပွဲတွေ၊ Concert တွေအားလုံးမလုပ်ဖို့ အမိန့်မထုတ်ပြန်ခင်မှာပဲ နာမည်ကြီး အဆိုတော်တွေ Band တွေအားလုံး ကိုယ့်အသိစိတ်နဲ့ကိုယ် Tour plan တွေ၊ Concert တွေကို cancel လုပ်ပြီး လက်မှတ်ဖိုးတွေ ပြန်အမ်းခဲ့ပါတယ်။ ကမ္ဘာကျော်၊နိုင်ငံကျော် နာမည်ကြီးပြီးသား အဆိုတော်တွေ၊ Band အဖွဲ့တွေအတွက် ဒီလုပ်ရပ်ဟာ ကြီးကြီးမားမား ထိခိုက်နစ်နာမှုမဟုတ်ပင်မယ့် အခုမှ တက်သစ်စ၊ နာမည်ရခါစ အဆိုတော်တွေ၊ Band တွေရော idol အဖွဲ့သေးလေးတွေပါ မကျန် အကုန် ဒုက္ခရောက်ကြပါတယ်။
အဲ့လို အခက်ခဲတွေကြုံတွေ့နေရာတဲ့ နာမည်ရခါစအဖွဲ့ငယ်လေးတွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Minna Cupid အဖွဲ့ရဲ့ producer Aoki Yuto san ကို interview ကြည့်ရာမှာ”ကျနော် ကွပ်ကဲနေတဲ့ Minna Cupid အဖွဲ့ဟာ အဖွဲ့ဝင် ၅ ယောက်ရှိပါတယ်။ ပြီးခဲ့ မတ်လထဲမှာ ကျနော်တို့ ဒီအဖွဲ့လေးရဲ့ Major Debut အစီအစဉ်ရှိခဲ့ပါတယ်။”
[Major Debut ဆိုတာက underground idol တွေ သူတို့ကိုအားပေးတဲ့ အမာခံပရိသတ်တွေ ထောင်ကဏန်းလောက်ရှိလာတဲ့အခါမှာ mainstream ပေါ်တက်လာတာကိုပြောတာပါ။
mianstream ပေါ်တက်လာတယ်ဆိုတာကို လိုတိုရှင်းရရင် ရုပ်သံလိုင်းအစီအစဉ်အသေးလေးတွေမှာ ပါဝင်ခွင့်ရတာ၊ ကြော်ငြာအတိုလေးတွေရိုက်ခွင့်ရတာ၊ နောက်ပြီး Record Label တစ်ခုခုနဲ့ စာချုပ် ချုပ်တာတွေပေါ့ နောက်မှအကျယ်ချဲ့ပြီးရေးပေးပါမယ်]

“အခု ဖြစ်နေတဲ့ ကိုရိုနာ virus ကြောင့် မတ်လ ၁၈ ရက်နေ့မှာ လုပ်မယ့် major debut အတွက် စီစဉ်ထားတာတွေအားလုံး မသေမချာ ကမှောက်ကမတွေဖြစ်ကုန်ပါတယ်။
အဖွဲ့ဝင်တွေကလည်း သူတို့ fan တွေနဲ့ မတွေ့ရတော့ စိတ်ညစ်နေကြပါတယ်။ဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ ပွဲကို ပွဲလာကြည့်သူတွေလက်မခံဘဲ online ကနေ stream ဖို့ ပြောင်းလဲစီစဉ်လိုက်ရတယ်။ ကင်မရာ ၄/၅ လုံးနဲ့ ရုပ်သံအစီအစဉ်လွှင့်ရင် ကင်မရာတစ်ခုကနေတစ်ခုပြောင်းတဲ့ switch board တွေငှါးပြီး online ကနေတစ်ဆင့် live လွှင့်လို့ရအောင် ကြိုးစားရပါတယ်။ ဖုန်းထဲက app နဲ့ live streaming ကြည့်ပြီး fan တွေ အချင်းချင်းလည်း chat နဲ့ စကားပြောလို့ရတာပေါ့။
Fan တွေနဲ့အမှတ်တရဖြစ်ပြီး ကိုယ်ကြိုးစားခဲ့သမျှ အသီးအပွင့်ခံစားရတဲ့ feeling မျိုးမရှိပဲ ပရိသတ်ဗလာနဲ့ ခြောက်ခြောက်ကပ်ကပ်ပဲ online ကနေ ဖျော်ဖြေခဲ့ရပါတယ်။
အဖွဲ့ဝင်တွေလည်း တော်တော်ခံစားရခက်မှာပါ။”
ကုန်ကျစရိတ်တွေဘယ်လိုရှိပြီး ဘယ်လိုဆုံးရှုံးမှုတွေရှိသလဲလို့ Aoki san ကိုမေးကြည့်တော့ “ကျနော်တို့နဲ့ စာချုပ်ချုပ်ထားတဲ့ record label က အခုလို live streaming လွှင့်တဲ့ ကုန်ကျစရိတ်အကုန်လုံးကို စရိတ်ခံပေးပါတယ်။ ကျနော်ကတော့ cheki တွေကို online ပေါ်မှာ sign ထိုးပေးတဲ့အစီအစဉ်ကို ကိုင်တွယ်ရတာပါ။” လို့ပြောထားပါတယ်။
Online ကနေ cheki sign ထိုးတော့ အဖွဲ့ဝင်တွေရဲ့ ပုံတွေကို ကြိုတင်ရိုက်ထားပြီး ပြင်ဆင်မှုတွေလုပ်ရပါတယ်။ cheki ပုံရိုက်ရာမှာ အဖွဲ့ဝင်တွေဟာ costume တွေနဲ့ရော သူတို့အပြင်ထွက်ရင်ဝတ်နေကြ သာမန်အဝတ်အစားတွေနဲ့ပါ ရိုက်ထားပါတယ်။ [သာမန်အဝတ်အစားနဲ့ cheki က ရဖို့ခဲယဉ်းတဲ့အတွက် ရသွားတဲ့ fan ကတော့ တော်တော် ကံကောင်းလို့ပါ။]
Cheki ဝယ်တာနဲ့ အဖွဲ့ရဲ့ major debut သီချင်းခွေတွေပါပေးပါတယ်။ အဖွဲ့ဝင်တစ်ယောက်ရဲ့ပုံတစ်ပုံဝယ်ရင် သီချင်းခွေ ၂ ခွေရပါမယ်။ အဖွဲ့ဝင်အားလုံးပါတဲ့ ပုံဆိုရင် သီချင်းခွေ ၃ ခွေ(All types A,B,C)ရပါမယ်။ပြီးရင် cheki တွေကို live လွှင့်ရင်း ဝယ်ထားတဲ့ fan တွေနာမည်ခေါ်ပေးပြီး ကျေးဇူးတင်ကြောင်း၊ မတွေ့ရတာ စိတ်မကောင်းကြောင်း၊ ကျန်းမာရေးဂရုစိုက်ဖို့ ပြောရင်း sign ထိုးပေးပါတယ်။ [ဒီနေရာမှာ အဖွဲ့ဝင်တွေဟာ သူတို့ကို oshi(အားပေး)တဲ့ fan တွေကို နာမည်နဲ့လူနဲ့တွဲပြီး အကုန်မှတ်မိတာဖြစ်တဲ့အတွက် ကြားထဲမှာ screen တစ်ချပ်သာခြားရုံပဲ ခံစားရမှာပါ] cheki ကတော့ ယမ်း ၂၀၀၀ ကနေ ၅၀၀၀ ကြား ကျသင့်ပြီး sign ထိုးပြီးသား cheki တွေနဲ့ သီချင်းခွေတွေကို delivery နဲ့ အိမ်တာရာရောက်ပို့ပေးပါတယ်။
“ဒီလို online ကနေ cheki sign ရောင်းတော့ လူကြိုက်မများတဲ့ အဖွဲ့ဝင်တွေရဲ့ cheki ပုံတွေတောင်မှ အကုန်ရောင်းထွက်ပါတယ်။ Live stream လွှင့်ချိန် ၁ နာရီအတွင်းမှာ အဖွဲ့ဝင်တစ်ယောက်ဟာ cheki ၃၀၀ နီးပါး sign ထိုးနိုင်တယ်။ ဒီ online signing ကရတဲ့ အမြတ်ရဲ့ ၂၅ ရာခိုင်နှုန်းကို Youtube နဲ့ တခြား streaming service တွေကိုပေးရပြီး ကျန်တာကိုတော့ ကျနော်တို့(အဖွဲ့)ကယူပါတယ်။ အကြီးမားဆုံး ပြဿနာကတော့ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို ကျနော်တို့လည်းခန့်မှန်းလို့မရဘူး။

ငွေရေးကြေးရေး အရေးကြီးတယ်ဆိုပင်မယ့် အဖွဲ့ဝင်တွေရဲ့ စိတ်ခံစားချက်နဲ့နေရေးထိုင်ရေးကိုလည်း ကျနော်တို့က ဂရုစိုက်ရပါသေးတယ်။ အဖွဲ့ဝင်တွေလည်း fan တွေမပါတဲ့ live performance တွေ လုပ်ရတာပျော်မှာမဟုတ်သလို စိတ်ရှုပ်ထွေးမှုတွေရှိလာနိုင်တယ်။အခုလောလောဆယ်မှာတော့ online ပေါ်မှာ နည်းလမ်းပေါင်းစုံသုံးပြီး fan တွေနဲ့ အထိအတွေ့မပြတ်သွားအောင် ကျနော်တို့ကြိုးစားနေပါတယ်။ Online ပေါ်က တခြားလူတွေပါ စိတ်ဝင်စားလာပြီး fan အသစ်တွေတိုးလာဖို့လည်းမျှော်လင့်မိပါတယ်။” လို့ Aoki san က ဆိုပါတယ်။
Apple Hime အဖွဲ့ရဲ့ producer Kano Ryo san ကတော့
“ဟိုးအရင် Showa ခေတ်တုန်းက idol တွေဟာ TV မျက်နှာပြင်ရဲ့ အခြားတစ်ဘက်မှာပဲရှိနေခဲ့တာ ထုံးတမ်းဓလေ့လိုဖြစ်နေခဲ့တာပေါ့။ အခုလက်ရှိ idol လောကကဟာ အဲ့လိုပြန်ဖြစ်သွားတယ်၊ fan တွေနဲ့ လက်ပွန်းတတီးနေလို့ အဆင်မပြေတော့ဘူး။ အခုဒီအခြေအနေတိုင်း ဆက်သွားနေမယ်ဆိုရင် idol တွေနဲ့ fan တွေကြား ရှိတဲ့ ဆက်ဆံရေးပြောင်းလဲသွားမှာ အမှန်ပဲဗျ။” လို့ဆိုပါတယ်။
သိပ်မဝေးတဲ့ အနာဂတ်မှာ idol concert တွေ performance တွေအားလုံးနီးပါး online ကနေပဲ လွှင့်ကြတော့မှာလို့ Kano san က ယုံကြည်ထားပုံပါ။ထပ်မံပြီးတော့ Kano san က
“Live streaming လွှင့်တဲ့နေရာမှာ ရနိုင်တဲ့အကျိုးမြတ်အများကြီးရှိတယ်ဗျ။ ပုံမှန်ဆိုရင် ကျနော်တို့ Live show ပွဲတစ်ပွဲလုပ်ဖို့ ပွဲရုံငှါးရင် ပရိသတ်အများဆုံး ဆန့်တာ ၁၀၀ ကျော်ပဲ။
ပွဲရုံငှါးမယ့်အစား Live stream လွှင့်ဖို့ ကိရိယာတွေပဲငှါးပြီးလုပ်မယ်ဆိုရင် ပရိသတ် ၁၀၀ ထက်မက ကြည့်ရှုခွင့်ရမယ်။Monetize လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပေါ့ဗျာ။
Digital Live အတွက် လက်မှတ် တစ်စောင်ကို ယမ်း ၂၀၀၀ သတ်မှတ်မယ်ဆိုရင် ကြည့်ရှုသူ အယောက် ၂၅၀ မှာ ယမ်း ၅ သိန်းရနေပြီလေ။ ကြည့်ရှုသူများလေလေ ကျနော်တို့အတွက်ရော idol တွေအတွက်ပါ တွက်ချေကိုက်လေလေပဲ။” “တချို့ အဖွဲ့တွေဆိုရင် လာမကြည့်နိုင်တဲ့ နယ်ဝေးနဲ့ တခြားမြို့တွေက fan တွေ အတွက် ငွေကုန်အကျခံပြီး free live လွှင့်တာတွေရှိတယ်။ အနာဂတ်မှာတော့ streaming လုပ်လို့ရမယ့် အချိန်အကန့်အသတ်တွေရှိလာနိုင်ပင်မယ့် အခုလက်ရှိမှာတော့ ကြည့်ရှုခတောင်းဖို့ မလိုသေးပါဘူး။
သို့ပင်မယ့် အကျိုးအမြတ်အတွက် လိုအပ်ရင် လိုအပ်သလို streaming လွှင့်တဲ့ service တွေကို Premium အဆင့်မြင့်တင်ဖို့ ပြင်ဆင်ထားဖို့တော့လိုမယ်ဗျ။
အခုချိန်မှာ မဖြစ်နိုင်သေးပင်မယ့် နောက်ပိုင်းမှာ idol အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီအတွက် 2D character တစ်ယောက်စီဖန်တီးပြီး Youtube ကနေ fan အသစ်တွေရလာအောင် ဆွယ်လို့ရပါတယ်”။

“ညီဟွန်းမှာ သက်ကြီးလူငယ်မရွေး Youtube ကြည့်ကြတယ်လေ။ ဘယ်မှ အဝေးတလံသွားစရာမလိုပဲ အိမ်ခန်းထဲကနေကြည့်ရုံပဲ။ ဒါပေမယ့်လည်း idol တွေကို အပြင်မှာ မတွေ့ရတာကြာရင်တော့ လူတိုင်းငြီးငွေ့လာမှာပဲ။ ဇွန်လလောက်မှာ ဒီကပ်ဘေးဆိုးကြီးပြီးသွားရင်တော့ fan တွေ idol တွေကို သတိတရနဲ့ ပွဲတွေ ပုံမှန်ပြန်လာကြည့်နိုင်ကြမယ်လို့ ကျနော်မျှော်လင့်ပါတယ်။”Kano Ryo san ခန့်မှန်းထားတဲ့ idol တွေအတွက် သီးသန့် online premium streaming service တွေ မဖြစ်နိုင်ဘူးလို့တော့မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ဂျပန်မှာ လွန်ခဲ့နဲ့ ၄ နှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ SHOWROOM ဆိုပြီး online streaming service ရှိပါတယ်။ idol, model, singer, comedian, influencer တွေ အားလုံး အဲ့ App ကို သုံးပြီး streaming လွှင့်နေကြတာပါ။ တခြား online streaming service ဖြစ်တဲ့ abematv နဲ့ niconico တို့လည်းရှိပါတယ်။
နောက်ပိုင်းမှာတော့ wota တွေအတွက် ရည်ရွယ်ပြီး Cheki-cha, Cheerz, OnlyFive အစရှိတဲ့ app တွေထွက်လာပါတယ်။ Cheki-cha ဆိုရင် ကိုယ့်ရဲ့ oshi နဲ့ ပေးထားတဲ့ အချိန်အကန့်အသတ်အတွင်း video call ပြောလို့ရတာပါ။ OnlyFive ကကြတော့ streaming မဟုတ်ပါဘူး idol တစ်ယောက်ရဲ့ special cheki ၅ ပုံကို webstie ထဲ ပထမဆုံး ဝင်နိုင်တဲ့ fan ၅ ယောက်ကိုပဲ ရောင်းပေးတဲ့ cheki service ပါ။ နောက်ကျရင်တော့ ရိုးရိုး cheki ပဲရတာပေါ့။ Cheerz ကတော့ SHOWROOM နဲ့ သိပ်မကွာခြားပါဘူး။ SHOWROOM account free လုပ်လို့ရတာဖြစ်ပြီး app ထဲက present တွေကို တကယ့်ငွေသားနဲ့ဝယ်ယူပြီး streamer တွေကို လက်ဆောင်ပေးလို့ရပါတယ်။ Present တွေရောင်းလို့ရတဲ့ အမြတ်အစွန်းတွေရဲ့ ရာခိုင်နှုန်းအချို့ကို ကြည့်ရှုသူ present ပေးတဲ့ streamer ကရရှိမှာပါ။ Cheerz account ကတော့ လုပ်တာနဲ့ subscription fee ပေးချေရပါတယ်။
ဒီစာအရှည်ကြီးကို အဆုံးထိဖတ်ပေးတဲ့ ကျေးဇူးတင်ပါတယ်။

By Third World Wota Kwee

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်