ကာရာအိုေကအစ ဂ်ပန္က

October 30, 2020 at 5:20 PM

“ကာရာအိုကေ” ရယ်လို့ သာ ခေါင်းစဉ်တပ်ထားမိပေမဲ့ အသေးစိတ် ရှင်းနေစရာတော့မလိုဘူးထင်မိပါတယ်။ လူတိုင်း ကာရာအိုကေ ဆိုင်ကို ရောက်ဖူးကြမယ်လို့ တော့ ထင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ အနောက်နိုင်ငံ တွေ က ကာရာအိုကေဆိုင်တွေ နဲ့ အရှေ့တိုင်း နိုင်ငံတွေ ရဲ့ ကာရာအိုကေ ဆိုင်တွေ ဘယ်လို ကွဲပြားမှု ရှိလဲ ဖတ်ကြည့်လိုက်ရအောင်။
အနောက်နိုင်ငံတွေမှာ ကာရာအိုကေ သီဆိုရတဲ့ ပုံစံက Bar တွေ ကာရာအိုကေ ကလပ်တွေမှာ စင်ပေါ်တက် ကိုယ့်အရှေ့မှာ တပ်ဆင်ပေးထားတဲ့ တီဗီကနေ ကိုယ်ရွေးထားတဲ့ သီချင်းစာသား ကို ကြည့်ပြီး လာရောက်သောက်စားသူတွေ အရှေ့ မှာ ဆိုရတာပါ။ ဂျပန်နိုင်ငံ မှာ တော့ စားသောက်ဆိုင် ဒါမှမဟုတ် အရက်ဘားလို ပုံစံ မျိုးထက် ကာရာအိုကေဆိုင် တွေ ရဲ့ အပြင်အဆင်က ဟိုတယ် နဲ့တောင် ပိုတူပါတယ်။

“ကာရာအိုကေ” ဆိုကြတဲ့ အလေ့အထ လေးက ဂျပန်နိုင်ငံကနေ ဖြစ်ပေါ်လာတဲ့ ယဉ်ကျေးမှု ပဲဖြစ်ပါတယ်။ အခုထက်ထိလူကြိုက်များနာမည်ကြီးတဲ့ ကာရာအိုကေကို ဂျပန်မှာ ကျွန်တော်တို့လိုပဲ သူငယ်ချင်းတွေ၊မိသားစုတွေ၊ ကုမ္မဏီက လုပ်ဖော်ကိုင်ဖက်တွေ စုပြီး သွားကြပါတယ်။ ဂျပန်ကာရာအိုကေရဲ့ဝန်ဆောင်မှုဟာကောင်းမွန်လှပြီး၊အခန်းဖွဲ့စည်းပုံကျယ်ဝန်းပြီး၊အစားအသောက်များပါမှာယူစားသောက်နိုင်ပါတယ်။နေရာတိုင်းမှာကာရာအိုကေဆိုင်များရှိပြီး၊နိုင်ငံခြားသားများအဆင်ပြေအောင်အင်္ဂလိပ်သီချင်းများလည်းရှိပါတယ်။ဂျပန်ကိုပညာတော်သင်သွားတဲ့နိုင်ငံခြားကျောင်းသားများအဖို့သီချင်းများနည်းနည်းပါးပါးသိသူတွေအဖို့အဆင်ပြေပါတယ်။သီချင်းဆိုရင်းကနေဂျပန်စာနဲ့ပတ်သက်တဲ့အသုံးအနှုန်းများလေ့လာလို့ရနိုင်ပါတယ်။ဂျပန်ရဲ့လူငယ်တွေတော်တော်များများကရှိဘူယာနဲ့ရှင်ဂျူခုအစရှိတဲ့ကာရာအိုကေဆိုင်များကိုအသွားများကြပါတယ်။

ဂျပန်မှာတော့ကာရာအိုကေဆိုင်တွေကမနက်ဆယ်နာရီကနေနောက်နေ့မနက်ငါးနာရီလောက်ထိဖွင့်ကြပါတယ်။ဒါကြောင့်နောက်ဆုံးရထားမမှီလိုက်တဲ့သူတွေအတွက်ကာရာအိုကေဆိုင်မှာနေပြီးရထားပြန်ဖွင့်တဲ့အချိန်မျိုးကိုစောင့်တာတွေမျိုးတောင် ရှိပါတယ်။ကာရာအိုကေဆိုင်တွေမှာ(フリータイム)ယူမယ်ဆိုရင်ဈေးနှုန်းသက်သာပြီးမိမိကြိုက်သလောက်သီဆိုလို့ရနိုင်မှာဖြစ်ပါတယ်။နာရီလိုက်ယူပြီးအသုံးပြုမယ်ဆိုရင်ဈေးပိုကြီးနိုင်ပါတယ်။နောက်တစ်ခုကကာရာအိုကေဆိုင်တွေမှာအသင်းဝင်မှတ်ပုံတင်ထားမယ်ဆိုရင်ပိုပြီးသက်သာပြီးတော့၊နောက်ထပ်ပရိုမိုရှင်းအနေနဲ့ကူပွန်များရရှိမှာဖြစ်ပါတယ်။အခန်းရဲ့ဖွဲ့စည်းပုံမီးဆလိုက်များနဲ့နောက်ထပ်ပျော်ရွင်စရာအနေနဲ့ကာရာအိုကေဆိုင်မှာပြောင်ပြောင်လက်လက်အဝတ်အစားများဖြင့်ပျော်ရွင်စွာသီဆိုလို့ရနိုင်ပါတယ်။သီချင်းသိဆိုရမှာလည်းဂျပန်လိုခန်းဂျီတွေရဲ့အပေါ်မှာဟိရဂနနဲ့ရေးပေးထားတဲ့အတွက်အဆင်ပြေပြီး၊တဖြည်းဖြည်းလေ့ကျင့်ရင်းအဆင်ပြေသီဆိုနိုင်မှာဖြစ်ပါတယ်။

Tags: