ဂျပန်နိုင်ငံ၏ရာသီ (၄)မျိုး

Source : livejapan.com

မတ်လမှ မေလအထိက တော့ နွေဦး၊ ဇွန်လမှ ဩဂုတ်လအထိကနွေ ၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိကတော့ ဆောင်းဦး နှင့် ဒီဇင်ဘာလမှ ဖေဖော်ရီလအထိကတော့ ဆောင်းရာသီတို့ပဲဖြစ်ပါတယ်။ ရာသီဥတုတစ်ခုစီကို (၃)လစီကြာမြင့်ပြီး မတူညီတဲ့အပူချိန်များရှိကြပါတယ်။

Haru

Source : livejapan.com

နွေဦး နှင့် ဆောင်းဦးကတော့ဂျပန်နိုင်ငံရဲ့ ရာသီ(၄)ခုထဲမှာမှ နေလို့အကောင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်။ နွေဦးဟာဆိုရင် ဂျပန်နိုင်ငံရဲ့ Symbol တစ်ခုဖြစ်တဲ့ ချယ်ရီပန်းများဖူးပွင့်ချိန်ဖြစ်ပြီး Hanami လို့ခေါ်တဲ့ပန်းကြည့်ပွဲတော်ကိုလည်း ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ နေရာအသီးသီး မှာပြုလုပ်လေ့ရှိကြပါတယ်။

Tsuyu

Source : livejapan.com

ရာသီ(၄)ခုထဲမှာ မိုးရာသီမပါတဲ့အတွက် ဂျပန်မှာမိုးမရွာဘူးလို့တော့မထင်လိုက်ပါနဲ့ ။ Tsuyu‌ လို့ခေါ်တဲ့ မိုးရာသီကတော့ ဂျပန်နိုင်ငံတောင်ပိုင်းအရပ်ဒေသဘက်မှ စတင်ရွှာသွန်းလေ့ရှိပြီး မြောက်ဘက်အရပ်ဒေသများသို့ တဖြေးဖြးကူးပြောင်းသွားပါတယ်။ ပုံမှန်အားဖြင့် မိုးရွှာသွန်းချိန်မှာ မေလကုန်လမှ ဇူလိုင်လလယ်လောက်အထိဖြစ်ပြီး နေရာဒေသအပေါ်မူတည်၍ (၁)လကနေ (၁)လခွဲအထိ ရွာသွန်းချိန်ကြာတတ်ပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမြောက်ဘက်အရပ်မှာရှိတဲ့ Hokkaido ကျွန်းမှာတော့မိုးရွာသွန်းလေ့သိပ်မရှိပါဘူး။

Source : livejapan.com

Natsu

မိုးရာသီကုန်ပြီဆိုတာနဲ့အမျှ အလွန်ပူပြင်းတဲ့ နွေရာသီသို့ရောက်ရှိလာပါတယ်။ လက်တလော Japan Meteorological Agency ရဲ့ Data အရ နွေရာသီရဲ့ပျမ်းမျှအပူချိန်ဟာ ၂၇.၆°C ရှိပါတယ်။ နွေရာသီမှာဆိုရင်တော့ နွေရာသီပွဲတော်များနဲ့ မီးရှူးမီးပန်းပွဲတော်များကိုပြုလုပ်လေ့ရှိကြပါတယ်။

Typhoon season

Source : livejapan.com

ဩဂုတ်လနဲ့ စက်တင်ဘာလကြားမှတော့ မုန်တိုင်းများဝင်လေ့ရှိပြီး မုန်တိုင်းဒဏ်ခံရသောအရပ်ဒေသများတွင် လေကြီး၊မိုးကြီးများတိုက်ခတ်ရွာသွန်းမှုကြောင့် သွားရေး၊လာရေးအတွက် အခက်အခဲဖြစ်စေပါတယ်။

Aki

Source : livejapan.com

ဆောင်းဦးမှာတော့ အပူချိန်လျော့ကျသွားပြီး အေးမြခြောက်သွေ့တဲ့လေညှင်းကိုပါခံစားနိုင်မှာဖြစ်တဲ့အတွက်အလွန်ပင်နေလို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ် ။ နွေဦးမှာပွင့်သောချယ်ရီပန်းရဲ့အလှဟာ လူတွေကိုဆွဲဆောင်သလိုမျိုးပဲ ဆောင်းဦးမှာလည်း ပြည်ပမှနိုင်ငံခြားသားများဟာ Nara , Kyoto ခရိုင်နှင့် Nikko မြို့ များသို့ သွားရောက်ကာဆောင်းဦးရာသီီီီီီီီရဲ့ အလှအပကို ခံစားလေ့ရှိကြပါတယ်။

Fuyu

Source : livejapan.com

ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ အပူချိန်ဟာ သိသိသာသာကျဆင်းသွားပြီး စတင်အေးစက်လာပါတော့တယ်။ ဇန်နဝါရီလအစမှ မတ်လအထိမှာတော့ အပူချိန်ဟာ ရေခဲအမှတ်ထိကျဆင်းပြီး Hokuriku, Tohoku နှင့် Hokkaido ကျွန်းတွေမှာ နှင်းများထူထပ်စွာကျဆင်းတတ်ပါတယ်။ ထိုသို့နှင်းထူထပ်စွာကျဆင်းချိန်တွင် နှင်းအထူမှာ မီတာအနည်းငယ်အထိ မြင့်တက်တတ်ပါတယ်။ Pacific ဘက်ခြမ်းတွေမှာတေ့ာ နှင်းကျဆင်းမှုအလွန်နည်းပါးပြီး နေသာ ၍ ချမ်းအေးတဲ့နေ့များ သာရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်