ဂျပန်နိုင်ငံရဲ့ အဓိက ကူးသန်းသွားလာရေး စနစ်တစ်ခု

ဂျပန်နိုင်ငံကို ကမ္ဘာက စိတ်ဝင်စားမှုများထဲက တစ်ခုက တော့ “ရထား” ပဲ ဖြစ်ပါတယ်။ နည်းပညာမြင့်မားပြီး လျင်မြန်တဲ့ရထားတွေဟာ ဂျပန်နိုင်ငံရဲ့ မြို့တစ်မြို့ နဲ့ တစ်မြို့ ကို အချိန်ခဏလေးဖြင့် သွားလာနိုင်ပါတယ်။ ရှင်ခန်ဆန်လို့ခေါ်တဲ့အမြန်ရထားများစွာရှိပြီး ရိုးရိုးရထား၊အမြန်ရထား စသဖြင့် ခွဲခြားထားပါတယ်။ နေ့စဉ်ဘဝရုံးတက်ရုံးဆင်းနဲ့အခြားကိစ္စတော်တော်များများမှာ ဂျပန်နိုင်ငံက ရထားကို ရထားကို အဓိက အသုံးပြုကြပါတယ်။ နောက်တစ်ခုအနေနဲ့ရထားလိုင်းဟာ အချိန်မှန်ဆိုက်ရောက်မှု အမြဲ ရှိပြီး ဘူတာဝန်ထမ်းတွေရဲ့ အကောင်းဆုံး ဝန်ဆောင်မှုများနှင့် ရထားကို ဂျပန်ရဲ့နေရာတော်တော်များများကို ရထားနဲ့ ၂၄ နာရီ သွားရောက်နိုင်ပါတယ်။

ရထားစတင်ပြေးဆွဲတဲ့အချိန်က မနက်မိုးလင်းလေးနာရီခွဲငါးနာရီကနေ ညဆယ့်နာရီလေးဆယ့်ငါးမိနစ်လောက်အထိပြေးဆွဲပေးလျက်ရှိပါတယ်။ ရထားထဲမှာလည်း လူကြီး၊အသက်ကြီးတဲ့သူတွေအတွက် သီးသန့်ထိုင်လို့ရမယ့်နေရာနဲ့ရထား အချိန်မှန်နောက်ကျခြင်းမရှိတာတွေက ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပဲ ဖြစ်ပါတယ်။ ရထားကဒ်ကိုလည်း တိုကျိုမြို့ထဲအနေနဲ့ PASMO၊ SUICA ဆိုပြီးအသုံးပြုပါတယ်။ တစ်လစာဝယ်ပြီး အသုံးပြုမယ်ဆိုရင် ပုံမှန်တစ်ရက်တစ်ခါဝယ်ပြီးသုံးတာထက်စာရင် အများကြီးသက်သာမှုရှိမှာဖြစ်ပါတယ်။ အခုနောက်ပိုင်းအင်တာနက်ရထားကဒ်ဝက်ဆိုက်ကနေ မိမိဘဏ်ထဲပိုက်ဆံရှိရုံနဲ့ဝယ်ယူနိုင်ပါတယ်။ Credit Card ကနေ တစ်ဆင့် ပေးချေနိုင်ပါတယ်။ ပုံမှန်မြို့ထဲတွေက ရိုးရိုးရထားနဲ့အမြန်ရထားသာ ရှိပြီး တစ်မြို့ကနေနောက်တစ်မြို့ကိုသွားဖို့အတွက်အချိန်အများကြီးမပေးချင်တဲ့သူတွေအတွက် ရှင်ခန်ဆန် ဆိုတဲ့ အမြန်ဆုံးရထားကို အသုံးပြုကြပါတယ်။ ဘူတာတစ်ခုကနေနောက်တစ်ခုကိုသွားဖို့အတွက်乗り換えナビタイムနဲ့乗換案内ရထားအပီလီကေရှင်းများကိုကြည့်ပြီး တစ်ဘူတာကနေ နောက်တစ်ဘူတာကို ဘယ်လိုသွားရမလဲဆိုတာကိုရှာဖွေပြီး ထွက်ပေါ်လာတဲ့အချိန်၊ဘယ်နံပါတ်၊ရထားနာမည်၊သွားမယ့်ဘူတာကိုဘယ်အချိန်ရောက်မှာကအစအတိအကျဖော်ပြတဲ့အတွက်အရမ်းအဆင်ပြေတဲ့ရထားအပီလီကေရှင်းဖြစ်ပါတယ်။

အမြန်ရထားလို့ခေါ်တဲ့ ရှင်ခန်ဆန်တွေကို မြို့ကြီးတစ်မြို့ကနေနောက်တစ်မြို့သွားတဲ့အချိန်အချိန်ကုန်မခံချင်ဘဲ၊အမြန်သွားလိုတဲ့အခါအသုံးပြုကြပါတယ်။ခရီးသွားတဲ့အခါမျိုးမှာအဝေးကြီးသွားရမယ့်အချိန်မျိုးမှာလည်းအသုံးပြုကြပါတယ်။ ရှင်ခန်ဆန်ကို၁၉၈၇ခုနှစ်ကစတင်တီထွင်ခဲ့တာဖြစ်ပြီး၊ရှင်ခန်ဆန်အမျိုးအစားအနေနဲ့(E5系)東北・北海道新幹線ကတိုဟိုဒေသနဲ့ဟိုကိုင်းဒိုးဘက်ကိုမောင်နှင်းတဲ့ရှင်ခန်ဆန်ဖြစ်ပြီး၃၂၀ကီလိုထိအမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။၂၀၁၁ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့ရှင်ခန်ဆန်အမျိုးအစားဖြစ်ပါတယ်။(E6系)秋田新幹線ကတော့အခိတမြို့ဘက်ကိုအဓိကမောင်းနှင်ပေးပါတယ်။အမြန်ဆုံး၃၂၀ကီလိုအထိမောင်နိုင်ပြီးအခိတဘက်ကို၁၃၀ကိလိုမောင်းနှင်ပါတယ်။၂၀၁၃ခုနှစ်မှာပြုလုပ်တဲ့ရှင်ခန်ဆန်အမျိုးအစားဖြစ်ပါတယ်။(E6系とE5/H5系)新幹線အမျိုးအစားကတော့(東京~盛岡)တိုကျိုနဲ့မိုရိအိုကာကြားကိုပြေးဆွဲပေးပါတယ်။(N700系)九州山陽新幹線ကတော့ဆန်ယိုဒေသနဲ့ကျူရှူးဒေသဘက်ကိုမောင်းနှင်တဲ့ရှင်ခန်ဆန်ဖြစ်ပါတယ်။ဆန်ယိုဘက်ကို၃၀၀ကီလိုအထိမောင်းပြီးကျူရှူးဘက်ကို၂၆၀ကီလိုအထိမောင်းပါတယ်။၂၀၁၁ခုနှစ်မှာထုတ်လုပ်ထားတဲ့ရှင်ခန်ဆန်အမျိုးအစားဖြစ်ပါတယ်။အခြားနေရာမျိုးစုံကိုသွားတဲ့ရှင်ခန်ဆန်များစွာလည်းရှိပါသေးတယ်။ခရီးစဉ်အကွာအဝေးပေါ်လိုက်ပြီးဂျပန်ယန်းထောင်ဂဏန်းကနေသောင်းဂဏန်းအထိရှိနိုင်ပါတယ်။

ရိုးရိုးရထားနဲ့ရှင်ခန်ဆန်ရဲ့ကွာခြားချက်ကအရှိန်နှုန်းနဲ့မောင်းတာကွာခြားမှာဖြစ်ပါတယ်။ရိုးရိုးရထားကတစ်ဘူတာချင်းစီရပ်နားတာဖြစ်ပြီး၊ရှင်ခန်ဆန်ကသွားမယ့်ဦးတည်ရာဘူတာကိုမောင်းတာဖြစ်ပါတယ်။နောက်တစ်ခုကရှင်ခန်ဆန်ကနယ်ဝေးတွေအတွက်အထူးသီးသန့်သွားတာမျိုးဖြစ်ပါတယ်။ခုံတွေဝယ်ယူတဲ့နေရာမှာလည်းရှင်ခန်ဆန်ကမိမိကြိုက်တဲ့ခုံကိုဝယ်ယူလို့ရတာနဲ့သတ်မှတ်ပေးထားတဲ့ခုံစျေးမတူညီပါဘူး။စျေးနှုန်းလည်းကွာခြားသလို၊ရိုးရိုးရထားမှာကရထားကဒ်ကိုအသုံးကပြုရသလို၊ရှင်ခန်ဆန်မှာကသီးသန့်ထုတ်ထားတဲ့လက်မှတ်ကိုအသုံးပြုရတာဖြစ်ပါတယ်။ရိုးရိုးရထားကနေ့စဥ်လူနေမှုဘဝသွားလာဖို့အသုံးပြုပါတယ်။ရိုးရိုးရထားကဒ်တွေမှာလပေးလည်းစီးလို့ရသလို၊ငွေဖြည့်ပြီးတော့လည်းအသုံးပြုနိုင်ပါတယ်။ထောင်ဂဏန်းကနေသောင်းဂဏန်းအထိငွေဖြည့်ပြီးအသုံးပြုနိုင်သလို၊အခြားနေရာတွေမှာလည်းအသုံးပြုနိုင်ပါတယ်။ဥပမာစျေးဝယ်တာတွေပြုလုပ်လို့ရနိုင်ပါတယ်။အခုတလောမှာရှင်ခန်ဆန်တွေကမ်းပိန်းတွေပြုလုပ်ပြီးတဝက်စျေးချတာတွေကိုနောက်လဆယ်လပိုင်းကနေစတင်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။နယ်ဒေသကတော့ပြီးခဲ့တဲ့လကတည်းကစတင်နေကြပြီးဖြစ်ပါတယ်။

SOURCE – AKido Journal

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်