သားအဖ ဆက်ဆံရေး ကနေ ဘဝ အပိုင်းအစ ခံစားမှုတစ်ခုကို ပေးမဲ့ “Kakushigoto”

ဘဝအတွက် ခံစားမှုအသစ်တစ်မျိုးရရှိနိုင်မဲ့ အစိတ်အပိုင်းတစ်ခုနဲ့ ဒရာမာ အပြင် လျှို့ဝှက်ချက်တွေ ရောထွေးနေတဲ့ “Kakushigoto” ဆိုတဲ့ Anime ဟာ မုဆိုးဖိုဖြစ်သူက ဖခင်က သမီးဖြစ်သူ Hime မသိအောင် တစ်စုံတစ်ခုကို လျှို့ဝှက်ရင်း သားအဖ နှစ်ယောက် ချစ်ခြင်းတွေ ပြည့်နေတဲ့ အခိုက်အတန့်တွေကို ဘယ်လို ပုံဖော်ထားလဲ ဆိုတာကို ကြည့်ရှုခံစားရမှာပါ။

Anime ဇာတ်လမ်းတွေမှာ Slice Of Life ဆိုတဲ့ Genre ကို သိကြရင် ကြည့်ဖူးကြရင် ဒီလိုမျိုး သားအဖနှစ်ယောက်တည်းကို အခြေခံတဲ့ ဇာတ်လမ်းတွေက သိပ်ပြီး မထူးဆန်းတော့ပါဘူး။ ဒါပေမဲ့ ဒီလို ဇာတ်လမ်းတွေ အများစုက ချစ်ဖို့ကောင်းလှတဲ့ ဘဝရဲ့ သာယာမှုတွေထဲက အစိတ်အပိုင်းတစ်ခုတည်းကို သာ အဓိက ထား ပြလေ့ ရှိတာက ဆွဲဆောင်မှုတစ်ခု ဖြစ်နေပါတော့တယ်။ Kakushigoto: ကျွန်မအဖေရဲ့ လျှို့ဝှက်ရည်မှန်းချက် Anime လေးက ဇာတ်လမ်းတစ်ခု ဖြစ်လာဖို့အပိုင်းတစ်ပိုင်းချင်းစီမှာရှိတဲ့ ပြန့်ကျဲနေတဲ့ စိတ်ကူးတွေကို တစ်နည်းနည်းနဲ့ အတူတကွပုံဖော်စုစည်းထားတာမျိုးလေး ဖြစ်ပါတယ်။ Barakamon နဲ့ Usagi Drop တို့လို Anime မျိုး ကြိုက်ရင်တော့ Kakushigoto ဟာလည်း အကောင်းဆုံး မိသားစု ချစ်ခြင်းဖွဲ့ Anime တွေထဲမှာ တစ်ခုအဖြစ် ပါဝင်သွားမယ်လို့ ထင်မိပါတယ်။

Usagi Drop

“Kakushigoto” ကို Sayonara၊ Zetsubou-Sensei နဲ့ Joshiraku တို့နဲ့ လူသိများတဲ့ Kouji Kumeta က ရေးဆွဲထားပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ Shounen Manga Magazine နဲ့ လစဉ် Shounen Magazine တို့မှာ“Kakushigoto” ဟာ Manga အဖြစ်နဲ့ စတင် ရေးသားပါရှိခဲ့ပါတယ်။ အတွဲ ၁၁ ရှိတဲ့ Kakushigoto ကို Anime အဖြစ် Ajia Animation Works က နေ ဧပြီလ ၂ ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Hime Goto က Manga Artist တစ်ယောက်ဖြစ်တဲ့ သူမရဲ့ ဖခင်ဖြစ်သူရဲ့ Manga စာမူကြမ်းတွေ သိမ်းထားတဲ့ အခန်းသော့ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါပေမဲ့ စီးရီး အစအဆုံးကတော့ Hime Goto ရဲ့ အသက် ၁၀ နှစ် အရွယ် အချိန်ကာလကို အများဆုံး တွေ့မြင်ရမှာဖြစ်ပါတယ်နော်။ အသက် ၁၈ နှစ် အရွယ် Hime Goto နဲ့ ဇာတ်လမ်း အစ အဆုံး တည်ဆောက်ထားပြီး အလယ်မှာက ဘယ်လို အခိုက်အတန့်တွေကို ခံစားရပြီး ဖခင်ဖြစ်သူက Hime ကို မသိစေချင်တဲ့ လျှို့ဝှက်ချက်က ဘာလဲ ဆိုတာကို တစ ချင်းစီ ဖြည်းဖြည်းချင်း စုစည်းပြသသွားမှာဖြစ်ပါတယ်။

အရေးပါမှု၊ ကျော်ကြားမှု နဲ့ ပျော်ရွှင်မှုတို့ ဟာ သူတို့သားအဖ နှစ်ယောက် ဆက်ဆံရေးမှာ ဘယ်လိုတွေ အဓိက ကျနေမလဲဆိုတာကို ခံစားရမှာဖြစ်ပြီး ဖခင်ဖြစ်သူတိုင်း ဘယ်လောက်ပဲ နီးနီးဝေးဝေး သားသမီးဖြစ်သူကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းစေလိုမှုအပြင် တခြား ဆန္ဒတွေကိုလည်း ကျွန်တော်တို့ သုံးဆောင်ရမှာဖြစ်ပါတယ်။
တစ်ကိုယ်တည်း ရင်သွေး ကို ပျိုးထောင်ဖို့ အခက်အခဲတွေ အမှားအယွင်းတွေရဲ့ ထောင့်တစ်ခုက ဟာသ ရှုထောင့်အမြင် နဲ့ ပြင်းထန်လာမဲ့ ခံစားချက်တွေကို Soundtrack နဲ့ အတူ ထိန်းညှိပေးထားပါလိမ့်မယ်။
Kakushigoto အပိုင်းတစ်ပိုင်း ကြည့်ပြီးတဲ့အခါတိုင်း စိတ်အပန်းလည်း ပြေသလို တွေးစရာ ငေးစရာ လေးတစ်ခု ကျန်ရစ်ခဲ့တာကိုက MMKizuna စာဖတ်သူတွေကို ပြောပြပေးဖို့ တိုက်တွန်းနေခဲ့သလိုပါပဲခင်ဗျာ။

အမှတ်တရ တွေကြောင့် နေ့တိုင်း သတိရခြင်း အလွမ်းတွေနဲ့ အတူ သာယာပါစေ။

2 thoughts on “သားအဖ ဆက်ဆံရေး ကနေ ဘဝ အပိုင်းအစ ခံစားမှုတစ်ခုကို ပေးမဲ့ “Kakushigoto”

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်