Kawaii Culture ရင်ထဲအရောက် Wasuta

ဒီတစ်ခါမှာ chika idol အဖွဲ့တစ်ဖွဲ့နဲ့ စာဖတ်သူတွေ ကို မိတ်ဆက်ပေးချင်ပါတယ်။chika idol လို့ ဆိုပေမဲ့ ဂျပန်နိုင်ငံတင်မဟုတ်ပဲ တစ်ခြား အနောက်တိုင်းနိုင်ငံတွေမှာပါ ပရိသတ် တော်တော်များများရှိပြီး အရမ်းကြီးနာမည်ကြီးနေတာမျိုးမဟုတ်မျက်နှာသစ် အဖွဲ့တွေလောက်လည်း ပရိသတ် မနည်းပါဘူး။ Idol အဖွဲ့နာမည်ကတော့ Wasuta(わーすた) a.k.a The World Standard ပါ။

Wasuta ဟာ အမှန်တကယ်တော့ World Standard ကို ဂျပန်နည်းဂျပန်ဟန် ခပ်တိုတိုနဲ့မြန်မြန်ခေါ်ရာကနေ အမည်တွင်သွားတာဖြစ်ပါတယ်။Wasuta ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၁ ရက်နေ့မှာ iDOL Street label က စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းမှာ CD Single, Album တွေကို Avex Group Entertainment နဲ့ လက်တွဲကာ ထုတ်လုပ်ဖြန့်ချီခဲ့တယ်။း သီချင်း producer အဖြစ် Suzuki Manaka က တာဝန်ယူခဲ့ပါတယ်။ မတ်လ၊ ၂၉ ရက်နေ့မှာ အဖွဲ့ဝင် ၅ ယောက်ကို မိတ်ဆက်ခဲ့ပြီး အဖွဲ့ ၅ ယောက်စလုံးကို Suzuki ကိုယ်တိုင် သေချာစီစစ်ရွေးချယ်ခဲ့တယ်။Wasuta ဆိုတဲ့နာမည်ကိုလည်း Suzuki ကပဲ မှည့်ခဲ့တာလိုသိရပါတယ်။

廣川奈々聖(Hirokawa Nanase)
၁၉၉၉ ခုနှစ်၊ မတ်လ၊ ၁၂ ရက်နေ့ Fukuoka ခရိုင်မှာ Nanase ကို မွေးဖွားခဲ့ပြီး ပြိဿ(Taurus)ရာသီဖွားဖြစ်ပါတယ်၊ အရပ်အမောင်း ၅ ပေ ၁ လက်မစွန်းစွန်းရှိပြီး သွေးအမျိုးအစားက B သွေးပါ
Natchun ဆိုတာ သူမရဲ့နာမည်ပြောင်ပါ
သီချင်းနားထောင်တာ၊ ဈေးဝယ်ထွက်တာ၊ ချက်ပြုတ်တာ ဝါသနာပါသူဖြစ်ပြီး အကြိုက်ဆုံးအစားအစာတွေကတော့ ဆယ်လ်မွန်၊ yakitori(ဂျပန်အကင်) နဲ့ Udon(ဂျပန်နန်းကြီး) ခေါက်ဆွဲတို့ဖြစ်ပါတယ်
သူမရဲ့ favorite artist တွေကတော့ 9nine, FLOWER နဲ့ Nogizak46 တို့ပါ
Wasuta ရဲ့ ခေါင်းဆောင်ဖြစ်ပြီး Wasuta မဖွဲ့ခင်မှာ Street-sei နဲ့ FUKUOKA Hakata Minyon အဖွဲ့မှာ ပါဝင်ခဲ့ဖူးပါတယ်
အထက်တန်း ပထမနှစ် တက်နေရင်း Wasuta မှာ ပါဝင်ခွင့်ရခဲ့တာပါ

Idol label အနေနဲ့ iDOL Street က ဦးစီးတဲ့ Super☆Girls, Cheeky Parade, GEM စတဲ့အဖွဲ့တွေ ပြီးရင် Wasuta က လေးဖွဲ့မြောက်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။Avex ရဲ့ အအောင်မြင်ဆုံး idol project အဖွဲ့တွေထဲက တစ်ဖွဲ့ဆိုလည်း မမှားပါဘူး။အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာလိုဖြစ်နေတဲ့ digital ခေတ်ကြီးမှာ digital ကမ္ဘာက idol အနေနဲ့ ဂျပန်နိုင်ငံရဲ့ Kawaii Culture ကို တစ်ကမ္ဘာလုံးပျံ့နှံ့သွားစေဖို့ပါပဲ။

三品 瑠香 (Mishina Ruka)
Ruka ကို ၂၀၀၁ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့ Aichi ခရိုင်မှာ မွေးပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ အသက် ၁၉ နှစ်ပြည့်သွားတာပါ
မိန်(Pisces)ရာသီဖွား၊ A သွေးအမျိုးအစားဖြစ်ပြီး အရပ် ၅ ပေ ၅ လက်မ ရှိပါတယ်
သူမကို အားလုံးက ချစ်စနိုးနဲ့ Ruu ဆိုပြီးခေါ်ကြတယ်
စားမယ်သောက်မယ်ဆို ဝါသနာအလွန်ပါပြီး အချိုစားရတာ အရမ်းကြိုက်တဲ့ Ruka ရဲ့ favorite artist တွေကတော့ Koda Kumi နဲ့ AAA ပါ
အဖွဲ့ရဲ့ အရေးပါတဲ့ vocalist တစ်ယောက်ဖြစ်ပြီး သူမရဲ့ အသံဟာ အပြစ်အနာအဆာ လုံးဝမရှိအောင်ကို နားဝင်ချိုပြီး အသံပါဝါ အရမ်းကောင်းပါတယ်
ဂစ်တာလည်း ကောင်းကောင်းတီးတတ်တယ်နော်
iDOL Street ရဲ့ ၄ ဆက်မြောက်(4th generation)မျိုးဆက်သစ်အဖွဲ့ဝင်ဖြစ်ပါတယ်
သူမရဲ့ ထူးခြားတဲ့အချက်ကတော့ Wasuta ရဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ audition ဝင်ဖြေစရာမလိုခဲ့ပါဘူး၊ ကျန်တဲ့ အဖွဲ့ဝင် ၄ ယောက်ကို audition ဝင်ဖြေစေခဲ့ပြီး စီစစ်ရွေးချယ်ခဲ့ပေမယ့် Ruka ကိုတော့ Producer Suzuki ကိုယ်တိုင် အဖွဲ့ထဲဝင်ဖို့ တိုက်တွန်းခဲ့တာပါ၊ scout လုပ်ခံရတာပေါ့
Wasuta အဖွဲ့ထဲစရောက်တဲ့အချိန်မှာ Ruka ဟာ အလယ်တန်း တတိယနှစ်(နောက်ဆုံးနှစ်)တက်နေတုန်းပါ
[ဂျပန်က အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေဟာ ၃ နှစ်စီတက်ရတာပါ]
Wasuta ကိုမရောက်ခင် Street-sei နဲ့ w-Street NAGOYA အဖွဲ့တွေမှာလည်း အနုပညာလှုပ်ရှားမှုရှိခဲ့ပါတယ်
မနှစ်က သူမရဲ့ ၁၈ နှစ်ပြည့် မွေးနေ့မှာ Ephemeral photobook ထွက်ရှိထားပါတယ်။

Wasuta အဖွဲ့ဝင်တွေရဲ့ မှတ်မိလွယ်တဲ့ trade mark ကတော့ ကြောင်နားရွက်ပါတဲ့ ဘီးကုတ်လေးတွေကို costume နဲ့တွဲပြီး အမြဲတမ်း တပ်ထားလေ့ရှိတာပါ။Wasuta ဟာ live concert/performance တွေမှာ ပွဲလာပရိသတ်တွေကို video ပေးရိုက်ပြီး SNS(social network service) တွေမှာ share လုပ်ဖို့တိုက်တွန်းလေ့ရှိပါတယ်။[ဂျပန် idol အဖွဲ့ တော်တော်များများဟာ live concert/performance တွေမှာ ပွဲလာ ပရိသတ်တွေ photo/video ရိုက်တာကို တင်းကြပ်စွာတားမြစ်လေ့ရှိတော့ အဲ့ဒီထဲကနေ ခွဲထွက်ကာ တမူထူးခြားပြီး လူသိများအောင်လုပ်တာပါ။

松田美里 (Matsuda Miri)
Hiroshima သူဖြစ်တဲ့ Miri ဟာ ၁၉၉၉ ခုနှစ်ဖွားဖြစ်ပြီး မွေးနေ့ကတော့ ဩဂုတ်လ ၂ ရက်နေ့ပါ
သူမလည်း A သွေးအမျိုးအစားဖြစ်ပြီး အရပ် ၅ ပေ ၃ လက်မခွဲရှိတဲ့ သိဟ်(Leo)ရာသီဖွား တစ်ယောက်ပါ
နာမည်ပြောင်ကတော့ Miriteko လို့ခေါ်ပါတယ်
ပုံဆွဲတာ ဝါသနာပါသလို စားသောက်ရတဲ့ဝါသနာအရဆိုရင်လည်း ကြက်ဥနဲ့ နို့ထွက်အစားအစာတွေ အရမ်းကြိုက်တတ်ပြီး Perfume, Namie Amuro နဲ့ Nogizaka46 တို့ကိုကြိုက်နှစ်သက်သူပါ
အဖွဲ့ထဲစရောက်ချိန်မှာ အထက်တန်း ပထမနှစ် ကျောင်းသူပေါ့
Wasuta မဖွဲ့ခင် ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့တွေကတော့ Street-sei နဲ့ OSAKA Rapirazu ပါ
မွေးချင်း အစ်ကိုတစ်ယောက်ရှိပြီး မောင်ဝမ်းကွဲတစ်ယောက်နဲ့လည်း နီးနီးကပ်ကပ်ရှိပါတယ်။

Wasuta အဖွဲ့ဝင်တွေဟာ live performance တွေမှာ vocal ပိုင်း(အဆိုသီးသန့်)ကို Hirokawa Nanase(အသက် ၂၀) နဲ့ Mishina Ruka(အသက် ၁၉ နှစ်) တို့ကိုရွေးချယ်ထားပြီး ကျန်တဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Matsuda Miri(အသက် ၂၀), Kodama Ririka(အသက် ၁၉ နှစ်), Sakamoto Hazuki(အသက် ၂၁ နှစ်) တို့တတွေဟာ အကပိုင်း(choreography) အတွက်ရွေးချယ်ခံထားရသူတွေပါRuka နဲ့ Ririka တို့ဟာ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်ကြပြီး Nogizaka46 ရဲ့ 3rd Gen အဖွဲ့ဝင် Yoda Yuki နဲ့လည်း သိကျွမ်းကြပါတယ်။

小玉 梨々華(Kodama Ririka)
၂၀၀၀ ပြည့်နှစ်ဖွား Ririka ကတော့ Hokkaido ဇာတိဖြစ်ပြီး အောက်တိုဘာလမှာ အသက် ၂၀ ပြည့်ခဲ့ပါတယ်။အရပ် ၅ ပေ ၃ လက်မရှိတဲ့ တူ(Libra)ရာသီဖွား Ririka ရဲ့ သွေးအမျိုးအစားကလည်း A သွေးပါပဲ (ဒါကြောင့် သူနဲ့ Ruka နဲ့ အရမ်းကိုချစ်ကြတာနေမှာ) Miri နဲ့လည်း တော်တော်ရင်းနှီးတယ်
နာမည်ပြောင်ကတော့ Ririka ပဲဆိုပေမယ့် သူမကို Riri(Lili အသံထွက်) လို့ပဲခေါ်ကြပါတယ်
Ruka နဲ့ အတူတူပဲ favorite artist ကတော့ AAA ပါ
Sushi အရမ်းကြိုက်ပါတယ်။
ရေချိုးရင်း သီချင်းအကျယ်ကြီးအော်ဆိုရတာ ဝါသနာပါသူ တစ်ယောက်ပါ
Ririka တစ်ယောက် အဖွဲ့ထဲစရောက်တဲ့အချိန်မှာ အလယ်တန်း တတိယနှစ် တက်ရောက်နေဆဲပေါ့
Wasuta မတိုင်ခင် Street-sei, Sapporo Snow Loveits နဲ့ Hanarichu အဖွဲ့တွေမှာ ပါဝင်ခဲ့ဖူးပါတယ်
မွေးချင်း အစ်ကို တစ်ယောက်ရှိပါတယ်

၂၀၁၅ ခုနှစ် ကုန်ခါနီးမှာကျင်းပတဲ့ ၄ ကြိမ်မြောက် Idol Song Ranking Contest မှာ Indie/Underground သီချင်း အမျိုးအစားအနေနဲ့ Inu Neko Seishun Massagari က နံပါတ် ၁၊Chiisana Chiisana က နံပါတ် ၈၊Zili Zili Love က နံပါတ် ၂၁၊Doki Doki Today က နံပါတ် ၂၇၊Ran Ran Jidai က နံပါတ် ၅၂ ဆိုပြီး နေရာအသီးသီး ချိတ်ခဲ့ပါတယ်။

သူမရဲ့ နာမည်ပြောင်က Haachin ပါ
Haachin ဟာ Hyogo ခရိုင်ဇာတိဖြစ်ပြီး ၁၉၉၈ မှာမွေးဖွားခဲ့တာပါ၊ မွေးနေ့ကတော့ စက်တင်ဘာလ ၈ ရက်နေ့ပေါ့၊ အဖွဲ့ဝင်တွေထဲမှာ အသက် အကြီးဆုံးနော်
O သွေးအမျိုးအစားဖြစ်ပြီး ကန်(Virgo)ရာသီဖွားဖြစ်ပါတယ်
သူမရဲ့ အရပ်အမောင်းကတော့ ၅ ပေ ကျော်ရုံကလေးပဲရှိတဲ့အတွက် အဖွဲ့ဝင်တွေထဲမှာ အပုဆုံးပါ (သက်ကြီးပု lol)
မုန်လာထုပ်နဲ့သခွားသီးစားရတာကြိုက်နှစ်သက်ပြီး ပုံဆွဲတာနဲ့အမွေးပွအရုပ်တွေ စုရတာ Hacchin ရဲ့ ဝါသနာပါ
Haachin လည်း AAA ပရိသတ်ပါပဲ
Wasuta အပြင် Street-sei, w-Street OSAKA Rapirazu , GEM နဲ့ hanarichu အဖွဲ့တွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်
OSAKA Rapirazu ရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး Street-sei အဖွဲ့မှာ Ririka နဲ့ စတင်သိကျွမ်းခဲ့တာပါ
GEM အဖွဲ့တွက်လျာထားခံရပေမယ့် အဖွဲ့ debut မလုပ်ခင်မှာပဲ အဖွဲ့ကထွက်လိုက်တာပါ
Haachin ဟာ ၂၀၁၁ ခုနှစ်ကတည်းက Street-sei အဖွဲ့ဝင်အဖြစ်နဲ့ chika idol လောကမှာ ကျင်လည်နေသူတစ်ယောက်ပေါ့
Haachin ဟာ Wasuta စတင်ဖွဲ့တဲ့ အချိန်မှာ အထက်တန်း ဒုတိယနှစ် တက်ရောက်နေပါပြီ

Wasuta ဟာ နာမည်နဲ့လိုက်အောင် World Standard အနေနဲ့ America, France, Thailand, Malaysia, Vietnam နဲ့ Taiwan စတဲ့ ပြည်ပနိုင်ငံတွေမှာလည်း သွားရောက်ဖျော်ဖြေခဲ့ဖူးတယ်Thailand ရဲ့ Japan Expo Thailand ကို ၄ နှစ် ဆက်တိုက် တက်ရောက်ဖျော်ဖြေထားပါတယ်Vietnam မှာတော့ Kizuna Fest 2018 ပွဲကို ဖိတ်ကြားခြင်းခံရတာပါMalaysia မှာတော့ ပွဲစီစဉ်သူရဲ့ ညံ့ဖျင်းမှုကြောင့် Live Performance မဖျော်ဖြေလိုက်ရဘဲ cheki ရိုက်တဲ့ activity နဲ့ပဲ fan တွေ ကျေနပ်လိုက်ရပါတယ်။ Spain က ဆယ်ကျော်သက် အဆိုတော်အတွဲဖြစ်တဲ့ Adexe & Nau တို့ရဲ့ ကမ်းလှမ်းချက်ကြောင့် collaborate လုပ်ပြီး Yo Quiero Vivie ဆိုတဲ့သီချင်းတစ်ပုဒ် ထွက်ခဲ့ပါသေးတယ်။

Wa-tube နာမည်နဲ့ Official Youtube ရှိပါတယ်Wasuta ကို Taiwan အခြေစိုက် အထင်ကရ bubble tea brand ဖြစ်တဲ့ The Alley LuJiaoXiang ရဲ့ Brand Ambassador of Japan အဖြစ်ခန့်ထားတာလည်းရှိပါတယ်၊(Wasuta ရဲ့ Tapioka Milk Tea သီချင်းကြောင့် Brand Ambassador နေရာကိုရခဲ့တာပါ)Wasuta ရဲ့ complete discography ကိုလည်း တစ်ပါတည်း ဖော်ပြလိုက်ပါတယ်Singles ⁃ Kanzannaru Idol (2016) ⁃ Yumei ni Nyaritai (2017) ⁃ Just Be Yourself (2017) ⁃ Saijokyuu Paradox (2017) ⁃ WELCOME TO DREAM (2018) ⁃ Pretty Channel (2018) ⁃ Yo Quiero Vivie (2018) ⁃ Kira Kira Hologram (2018) ⁃ Shanimuni Ikiru (2019)Albums ⁃ Inu Neko Seishun Massagari (2015) ⁃ The World Standard (2017) ⁃ Jumping Summer 2018) ⁃ Girls Be Ambitious (2018) ⁃ CAT’CH THE WORLD (2019) ⁃ The Legend of Wasuta (2019)

အဖွဲ့ဝင် တစ်ယောက်ချင်းရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း ပုံတစ်ပုံချင်းစီနဲ့ မိတ်ဆက်ပေးထားပါတယ်နော်။

: mi©ky

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်