ဂျပန်နိုင်ငံ အကြီးဆုံး ရုပ်တု ဖြစ်လာနိုင်ခြေရှိတဲ့Hideyoshi သစ်သား ရုပ်တု တူးဖော် တွေ့ရှိ

May 24, 2020 at 7:39 AM

Omiyajinja ဘုရားကျောင်း၌ တူးဖော်တွေ့ရှိခဲ့သည့် လူ အရွယ်အစား ခန့် ရှိသော Toyotomi Hideyoshi သစ်သားရုပ်တုက ၎င်း ထီးနန်းဆက်ခံနေစဉ်အတွင်း ပြည်သူလူထုက မည်သို့ကိုးကွယ်ခဲ့သည်နှင့်ပတ်သက်ပြီး သဲလွန်စ ရရှိခဲ့သည်။ အဆိုပါ ရုပ်တုက မေလ ၂၁ ရက်နေ့တွင် တူးဖော်တွေ့ရှိခဲ့ကြောင်း Osaka မြို့ ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ရုပ်တုကို Edo ခေတ် (၁၆၀၃-၁၈၆၇ခုနှစ်) အတွင်း ပြုလုပ်ခဲ့ပြီး ယနေ့ခေတ်နှင့် လက်ရှိခေတ်များမှ လွဲပြီး ဂျပန်နိုင်ငံအတွင်း ရှာဖွေတွေ့ရှိခဲ့သည်အနက် ဂျပန်ဘုရင်Hideoyoshi (နန်းသက်၁၅၃၇-၁၅၉၈ခုနှစ်)၏ အကြီးဆုံး သစ်သားရုပ်တုတစ်ခု ဖြစ်သည်။

၈၁.၉ စင်တီမီတာ အရှည်ရှိတဲ့ ရုပ်တုကို ကျောက်ပန်းပင်တစ်မျိုးဖြစ်သည့် “Hinoki”cypress သစ်သား ဖြင့် ထုလုပ် ပုံသွင်းထားသည်။ အဆိုပါ ရုပ်တုသည် Kyoto ရှိ Sakyo ရပ်ကွက်မှ Saihoji ဘုရားကျောင်း၏ ၈၁ စင်တီမီတာ ရုပ်တု ထက် ကြီးမားပြီး ဂျပန်နိုင်ငံအတွင်း ရှိသော Hideyoshi ရုပ်တု ၂၀ ခု အနက် အရွယ်အစားအကြီးမားဆုံး ရုပ်တု တစ်ခုဖြစ်ဖွယ်ရှိကြောင်း ပညာရေးဘုတ်အဖွဲ့ထုတ်ပြန်ကြေညာချက်အရသိရသည်။
နောက်ဆုံး တူးဖော်တွေ့ရှိခဲ့သည့် ရုပ်တု တွေ မျက်ခုံး နှင့် မုတ်ဆိတ်မွှေး စသည့် Hideoyoshi ၏ ပုံသဏ္ဍာန် အသေးစိတ်ပါရှိပါသည်။ အဆိုပါ ရုပ်တုကို Osaka ၏ Asahi ရပ်ကွက်ရှိ Omiyajinjya ဘုရားကျောင်းနှင့် ဆက်စပ်နေသော Korasha ဘုရားကျောင်းတွင် တွေ့ရှိခဲ့သည်။

Hideyoshi နတ်ရွာစံပြီးနောက်တွင် ဂျပန်နိုင်ငံ၏ အခြား ဒေသများနှင့် Kyoto ရှိ Toyokunijinja ဘုရားကျောင်းတို့တွင် ၎င်းအား နတ်ဘုရားအဖြစ် ပြည်သူလူထု က ကိုးကွယ်ခဲ့ကြသည်။ Toyotomi မျိုးနွယ် အရေးနိမ့်ခဲ့ပြီးနောက် ဘုရင် Tokugawa Ieyasu (နန်းသက် ၁၅၄၃-၁၆၁၆ ခုနှစ်) က ထိုသို့ ဘုရားကျောင်းများကို ဖျက်ဆီး ခဲ့သောကြောင့် နှောင်းလူတို့ Hideyoshi အား အများရှေ့ တွင် ကိုးကွယ်ရန် ခက်ခဲသွားခဲ့သည်။
သို့သော် အဓိက Osaka မြို့ အနှံ့တွင် ဆက်လက် ထင်ရှားခဲ့ပြီး Osaka နှင့် Kyoto တို့ရှိ “Joruri” ခေါ် ရုပ်သေးဇာတ်ရုံများနှင့် Kabuki ပြဇာတ်များက စာအုပ်ကို ကိုးကားပြီး တင်ဆက်ပြသ ခဲ့မှုကြောင် Tokugawa Shogunate က Hideyoshi၏ အတ္ထုပ္ပတ္တိ ရုပ်ပုံများပါ မှတ်တမ်း စာအုပ်များကို ပိတ်ပင်ဖျက်ဆီးခဲ့သော်လည်း Hideyoshi ထင်ရှားမှုကို တားဆီးနိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။
Omiyajinja ဘုရားကျောင်းကို 1823 ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ထိုအချိန်က Hideyoshi ရုပ်တုကို ပြည်သူလူထုအား ပြသခဲ့ကြောင်း မှတ်တမ်းအချို့က ဖော်ပြထားသည်။
Source – Japan Today

Tags: