Origin of Tanabata

Tanabata မူရင်းမှာတရုတ်ကဗျာဖြစ်ပါတယ်။ Tanabata အကြောင်း ကို ပြော ရမယ်ဆိုရင် Orihime နှင့် Hikoboshi တို့နှစ်ဦး ရဲ့ နဂါးငွေ့တန်းကိုဖြတ်ပြီး တစ်နှစ်တစ်ကြိမ် တွေ့ဆုံကြတဲ့ ဇာတ်လမ်းကို အရင်ပြောရပါမယ်။

တကယ်တော့ ဒီဇာတ်လမ်းရဲ့ မူရင်းဇစ်မြစ်ကို တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံးကဗျာစုဆောင်းမှု “The Classic of Poetry” ကိုပြန်လေ့လာကြည့်ဖို့လိုပါလိမ့်မယ်။ ဂျပန်နိုင်ငံက Orihime “Shokujo” နှင့် “Hikoboshi” Kengyu တို့အမည်တွေကိုပထမဆုံးအကြိမ်တွေ့ရပါလိမ့်မယ်။ တရုတ်ပြည် မင်းဆက် (၆)ဆက်မြောက်ရဲ့ “ရှေးဟောင်းကဗျာ” ဖြစ်လာပြီး ဝမ်းနည်းဖွယ်ချစ်ခြင်းမေတ္တာအ ကြောင်းအရာ ကို ရေးထားပါတယ်။ Orihime က Tentei လိုခေါ်တဲ့ နတ်မင်းရဲ့ သမီးဖြစ်ပါတယ်။ သူက နတ်ဘုရားတွေရဲ့ကီမိုနို ယက်လုပ်ပေးတဲ့သူ ဖြစ်ပါတယ်။ ကီမိုနိုယက် ရင်းနဲ့ အချိန်ကုန်နေတဲ့ သူ့ကို နတ်မင်း က နဂါးငွေ့တန်း ရဲ့ ဆန့်ကျင်ဘက်အခြမ်းက ကမ်းရိုးတန်းမှာ နေတဲ့ နွားကျောင်းသားလေး Kangyu နှင့်တွေ့ပေးခဲ့တယ်။ အဲ့ဒီနောက် သူတို့ နှစ်ဦး လက်ထပ်ခဲ့ကြတယ်။ သူတို့နှစ် ဦးဟာ အရင်လို အလုပ်မလုပ်တော့ပဲ အပျော်တွေနဲ့ အချိန်ကုန်လာခဲ့တဲ့အခါမှာတော့ နတ်ဘုရားတွေရဲ့ ကီမိုနိုတွေ ဟောင်းနွမ်းလာခဲ့ပြီး နွားတွေလည်း သေဆုံးလာခဲ့တယ်။ စိတ်ဆိုးဒေါသထွက်နေသောနတ်မင်းက နဂါးငွေ့တန်းတဖက်စီကို ခွဲလိုက်ပြီး၊တဖက်ခြမ်းစီရောက်နေကြတဲ့ သူတို့ကို တစ်နှစ်ကို တစ်ကြိမ်ပဲ အတူပြန်တွေ့ခွင့် ပြုခဲ့ကြတယ်။

Tanabata ဇာတ်လမ်းတွဲကို နာရကာလအတွင်းတရုတ်မှဂျပန်သို့ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီလိုနဲ့ Kikkouden ဟုခေါ်သောပွဲတော်ကိုနန်းတော်တွင်ကျင်းပခဲ့ပြီးကြယ်များကိုကြည့်၍ ကဗျာရွတ်ဆိုခြင်းဖြင့်ပျော်ပွဲရွှင်ပွဲ ကို ကျင်းပခဲ့ကြပါတယ်။
ဒီလို ပွဲတော်မှာ ယက်ကန်းရက်လုပ်ခြင်းအတတ်ပညာကို ပြသတဲ့ ပွဲလို့ ဆိုရင်လည်း ရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့တွင်အိမ်ခြံဝန်းထဲမှာ ရှိတဲ့ ပွဲတော်စင်၌အရောင်ငါးမျိုးရှိတဲ့ချည်ခင်နဲ့ ကြယ်တွေဆီကိုဆုတောင်းကြပါတယ်။ နောက်ပိုင်းကျမှ စာလုံးအလှရေးခြင်းပါပေါင်းစပ်ပြီး၎င်းနှင့်အတူအနုပညာတစ်ခုလုံးတိုးတက်စေရန်ဆန္ဒရှိသည့်ပွဲတော်အဖြစ်အပျက်တစ်ခုသို့ပြောင်းလဲသွားခဲ့တယ္။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်