Osaki ဘူတာ mascot အသစ်ဖြစ်လာတဲ့ ဝမ်းနည်းနေတဲ့ ယုန်ကလေး

ယုန်ကလေးက ရုံးဆင်းရုံးတက်ချိန် (Rush Hour)ကြောင့် ဂျပန် ရထား ဘူတာ မှာ လူတွေ ပြည့် ကြပ်နေလို့ စိတ်ညစ်နေပုံတော့ မပေါက်ပါဘူး။

ဂျပန်နိုင်ငံမှာ ကုမ္ပဏီတွေ၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ အဖွဲ့အစည်းတွေ အားလုံးမှာ သရုပ်ဖော် Mascot ဇာတ်ကောင်လေးတွေ ကို သူတို့ရဲ့ ကိုယ်စားပြု အဖြစ် ထားလေ့ရှိကြတယ်။

ဒါကြောင့် တိုကျိုမြို့တော်မှာရှိတဲ့ Osaki ဘူတာ ကိုယ်စားပြု ဖြစ်လာမဲ့ Ousaki လို့ ခေါ်တဲ့ ယုန် လာဘ်ကောင်ရုပ်လေးကို ပွဲထုတ်ပြသခဲ့တာကလည်း ဂျပန်နိုင်ငံအတွက် သိပ်ပြီး အထူးအဆန်း မဟုတ်တော့ပါဘူး။

Mascot အရုပ်လေးတွေရဲ့ ထုံးစံအတိုင်း Ousaki လုပ်ဆောင်ရမဲ့ အဓိက ရည်ရွယ်ချက်က တော့ လူတွေရဲ့ မျက်နှာ တွေပေါ်မှာ အပြုံးတစ်ပွင့် ပွင့်လာစေဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Ousaki လာဘ်ကောင်လေးရဲ့ ပုံစံက သူကိုယ်တိုင် ဝမ်းနည်းနေပုံ ရ နေတယ်နော်။

“ဘာကြောင့် Ousaki ဒီလောက် ဝမ်းနည်းနေရတာလဲ။

Osaki ဘူတာ နဲ့ ပတ်သက်ပြီး ဘာမှ စိတ်ဝင်စားစရာမရှိဘူးလို့ လူတွေက အမြဲ တမ်း ပြောကြတယ်။ Yamanote လိုင်းမှာ Osaki ဘူတာမှာ မရပ်သင့်ဘူးတို့ ရထားပေါ်ကနေ Osaki ဘူတာမှာ ဆင်းနေမိခဲ့ရင်တောင် အမှုမှတ်အမှတ်မဲ့ ဆင်းမိသွားတာ ဖြစ်တယ်လို့ လူတွေရဲ့ ပြောဆိုမှု အပေါ် Ousaki လေးက စိတ်မကောင်းဖြစ်နေတာပါ။” လို့ Ousaki လာဘ်ကောင်ရုပ် မိတ်ဆက် ပိုစတာ ဒီဇိုင်းပေါ်မှာ ရှင်းပြထားလေရဲ့။

Osaki ဘူတာ က Yamanote Line ပေါ်မှာ ရှိပြီး တိုကျိုမြို့ထဲ ကို ပတ်တဲ့ ရထားလိုင်းဖြစ်တာကြောင့် ဂျပန်နိုင်ငံရဲ့ အရေးကြီးဆုံး ရထားလိုင်းလို့ ပြောရမှာပါပဲ။ Yamanote Line ကို စီးမယ်ဆိုရင် Shibuya၊ Harajuku၊ Shinjuku နဲ့ Ikebukuro အပြင် ယဉ်ကျေးမှု စင်တာ တွေရှိတဲ့ Ueno နဲ့
Kanda ကို လည်း ရောက်ပါတယ်။

ပိုစတာလေးရဲ့ အောက်ဆုံးမှာတော့ “Ousaki ပြုံးပျော်နေတာမျိုးကို ပြန်မြင်ချင်တဲ့အတွက် ကြောင့် ဝန်ထမ်းအားလုံးက Osaki ဘူတာကို ဆွဲဆောင်မှု ရှိတဲ့ နေရာဖြစ်အောင် လုပ်ဖို့ကြိုးစားနေပါတယ်” လို့ Ousaki လေးကို အားပေးထားလေရဲ့။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်