ဂျပန်နိုင်ငံရဲ့ အရွယ်ရောက်သူများပွဲတော် (Seijin shiki)

Source :Flickr

Seijin Shiki ပွဲတော်ဟာ အသက်(၂၀)ပြည့်တဲ့လူငယ်များကို ရင့်ကျက်တဲ့အရွယ် ရောက်ပြီဖြစ်ကြောင်း အသိအမှတ်ပြု တဲ့အနေနဲ့ ကျင်းပပြုလုပ်ပေးတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

Source: Flickr

ဂျပန်မှာရှိတဲ့လူငယ်များဟာ အသက်(၂၀)ပြည့်ပြီဆိုတာနဲ့ (Seijin Shiki) အရွယ်ရောက်သူများပွဲတော် သို့ တက်ရောက်ခွင့်ရကြပြီ ဖြစ်ပြီး ခရိုင်အသီးသီးမှာရှိတဲ့ အစိုးရရုံးများက ဦးစီးကျင်းပပေးကာ မြို့တော်ခန်းမနဲ့ အားကစားခန်းမ အစရှိတဲ့နေရာတွေမှာ ကျင်းပပြုလုပ်လေ့ရှိကြပါတယ်။

ဂျပန်နိုင်ငံတွင် အရွယ်ရောက်သူများပွဲတော် တက်ရောက်ပြီးပါက လူကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံရကာ မဲပေးခွင့်ကိုလည်း ရရှိပြီဖြစ်ပါတယ်။ဒါ့အပြင် အသက်(၂၀)ပြည့်ပြီ ဖြစ်သောကြောင့် ဆေးလိပ်နဲ့ အရက်တို့ကိုလည်း တရားဝင်ဝယ်ယူနိုင်ပြီဖြစ်ပြီး တဖက်မှာလည်းလူကြီးတစ်ယောက်အနေနှင့် တာဝန်ယူရမှုတွေလည်း ရှိလာမှာကတော့ အသေအချာပါပဲ။ ဥပမာအားဖြင့် သတင်းစာတွေမှာ အသက်(၂၀) မပြည့်ဘဲ ပြစ်မှုကျူးလွန်ထားပါက “လူငယ် A”ဆိုပြီး နာမည်ဖျောက်ပြီး သတင်းရေးသားလေ့ရှိကြပေမဲ့ အသက်(၂၀)ပြည့်ပြီး ပါက အမည်ပါထည့်သွင်းရေးသားခြင်းခံရတော့မှာ ဖြစ်ပါတယ်။

Source: medium

အရွယ်ရောက်သူများနေ့မှာဆိုရင် ကီမိုနိုဝတ်စုံများကို ဝတ်ဆင်ထားတဲ့ ဂျပန်အမျိုးသား၊အမျိုးသမီးငယ်လေးတွေကို နေရာတော်တော်များများမှာ မြင်တွေ့နိုင်မှာဖြစ်ပြီး အလှပြင်ဆိုင်များမှာလည်း အလှပြင်ဆင်နေကြတဲ့ ဂျပန်အမျိုးသမီးငယ်လေးတွေနဲ့ အရမ်းကို စည်ကားနေမှာဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်နှင့် အရွယ်ရောက်သူများပွဲတော်ဟာ လှပတဲ့ ဂျပန်မလေးများ ကီမိုနိုဝတ်ဆင်ထားပုံကို မြင်ဖူးချင်သူများအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဂျပန်နိုင်ငံမှာ အသက်(၂၀)ပြည့်လျှင် လူကြီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းကို ပွဲတော်တစ်ခုအဖြစ် ကျင်းပပြုလုပ်ပေးခြင်းကိုက အရွယ်ရောက်သူများပွဲတော်ရဲ့ ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်