ဂျပန်နိုင်ငံရဲ့ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Setsubun ပွဲတော်

Setsubun ဆိုတာကတော့ ဂျပန်နိုင်ငံရဲ့ နွေဦးအစကို ကိုယ်စားပြုတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး နှစ်စဉ် နွေဦးအစရဲ့ ပထမဆုံးနေ့မှာ ကျင်းပလေ့ရှိပါတယ်။ ထိုပွဲတော်ကျင်းပတဲ့နေ့ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အစိုးရရုံးပိတ်ရက်တစ်ရက် မဟုတ်ပေမဲ့လည်း တစ်နိုင်ငံလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ကလေးများ အရမ်းနှစ်သက်ကြတဲ့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

Source : pinterest

ပဲစေ့ပစ်ပေါက်တဲ့ ရိုးရာက ၁၃၃၇ ခုနှစ် Muromachi ခေတ် တွင် စတင်ခဲ့ပြီး ပဲစေ့များက မိမိတို့အိမ်တွင် ရှိသော မကောင်းသောအရာ၊မကောင်းဆိုးဝါးများကို နှင်ထုတ်မောင်းနှင်ပေးပြီး ကံကောင်းခြင်းတို့ကို သယ်ဆောင်လာပေးသည်ဟု ယုံကြည်ကာ Fuku mame လို့ခေါ်တဲ့ လာဘ်လာဘကောင်းစေတဲ့ ပဲစေ့များကိုပစ်ပေါက်ခြင်းနှင့် စားသုံးခြင်းတို့ကို ပြုလုပ်ကြပါတယ်။

Source : Nipponnews

Setsunbun ပွဲတော်နေ့များတွင် အိမ်ထောင်ဦးစီးက ဘီလူးပုံစံ ဝတ်ဆင်ပြီး မိသားစုဝင်များက အိမ်ရှေ့တံခါးပေါက်မှနေ၍ ”Oni wa soto! Fuku wa uchi!’’ မကောင်းဆိုးဝါးတွေ အပြင်သွား၊ကံကောင်းခြင်းတွေလာခဲ့’ ဟု အော်ဟစ်ကာ ပဲစေ့များကို မိမိတို့အိမ်ရှေ့ သို့မဟုတ် ဘုရားကျောင်းများတွင် ပစ်ပေါက်ကာ ပွဲတော်ကို ဆင်နွှဲလေ့ရှိပါတယ်။ ပဲစေ့များပစ်ပေါက်ပြီးပါက ပဲစေ့များကို မိမိတို့သက်စေ့ စားရမှာဖြစ်ပါတယ်။ ထိုသို့ပဲစေ့များကို သက်စေ့ စားသုံးခြင်းဟာ နှစ်တစ်နှစ်လုံး နာမကျမ်းဖြစ်ခြင်းမှ ကင်းဝေးစေပြီး ပဲစေ့များကို မိမိအသက်ထက် တစ်လုံးပို၍စားခြင်းကလည်း ကျန်းမာရေးကောင်းစေသည်ဟု ယုံကြည်ထားကြပါတယ်။

Source : savvytokyo

Setsubun ပွဲတော်ကျရောက်ချိန်ဆိုရင်တော့ Fuku mame ပဲစေ့များကို မိမိတို့အိမ်တွင် ပြုလုပ်ကြလေ့ရှိသလို ကိုယ်တိုင်မပြုလုပ်ချင်သူများအတွက်လည်း နီးစပ်ရာ convenience store များတွင် ဘီလူးမျက်နှာဖုံးနှင့်ပဲစေ့တစ်ထုပ်များပါသည့် Setsubun set များကိုအလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Eho maki လို့ခေါ်တဲ့ ရေညှိထမင်းလိပ်ဟာလည်း Setsubun ပွဲတော်ရဲ့ ရိုးရာအစားအစာတစ်ခုပဲ ဖြစ်ပြီး မိမိတို့အိမ်တွင်လည်း ပြုလုပ်နိုင်သလို ဆိုင်များတွင်လည်း ဝယ်ယူနိုင်ပါတယ်။

Source : savvytokyo

ဘီလူးမျက်နှာဖုံးဝတ်ဆက်ထားသည့်လူကို အခြားသူများက ပဲစေ့များဖြင့် ပစ်ပေါက်ကစားရသောပွဲတော်ဖြစ်သောကြောင့် ဂျပန်နိုင်ငံရှိကလေးအများစုဟာ Setsubun ပွဲတော်ရောက်မယ့်နေ့ကိုနှစ်စဉ်မျှော်လင့်စောင့်စားလေ့ရှိကြပါတယ်။ Setsubun ပွဲတော်ဟာဆိုရင် အချင်းချင်းပဲစေ့များဖြင့်ပစ်ပေါက်ခြင်း ၊ စားသုံးခြင်းဖြင့် ကံဆိုးမှုများကင်းဝေးပြီး ကံကောင်းခြင်းများရောက်ရှိလာနိုင်သည်ဟုယုံကြည်၍ ကျင်းပပြုလုပ်သောကြောင့်ယနေ့အထိပင် နာမည်ကြီးတဲ့ ရိုးရာပွဲတော်တစ်ခု ဖြစ်နေရခြင်းပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်