Studio Ghibli ပရိသတ်တွေကို ဆွဲဆောင်ခဲ့တဲ့ Spirited Away ရုပ်ရှင်ရဲ့ ရေမြုပ်နေတဲ့ ရထားသံလမ်းတွေ

May 11, 2020 at 8:32 AM

၂၀၀၁ ခုနှစ်မှာ Studio Ghibli ကနေ ထွက်ရှိခဲ့တဲ့ Spirited Away ရုပ်ရှင်ကို တော်တော်များများ ကြည့်ဖူးကြမယ်လို့ထင်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ထဲက ရေနစ်မြုပ်နေတဲ့ ရထားသံလမ်းတွေ ပေါ်ကနေပြီး ရေတိမ်ပိုင်းကို ဖြတ်ပြီး မောင်းသွားတဲ့ ရထားကို အဓိက ဇာတ်ကောင် Chihiro တစ်ယောက် စီးတဲ့ ဇာတ်ဝင်ခန်းကို မှတ်မိကြအုန်းမယ်လို့ထင်ပါတယ်။ ရုပ်ရှင်ထဲမှာ လုပပြီး နွေးထွေးလှတဲ့ မြင်ကွင်းတစ်ခု ဖြစ်အောင် ရေးဆွဲထားခဲ့တဲ့ ဒီ မြင်ကွင်းကို လက်တွေ့ဘဝထဲမှာ Ehime စီရင်စု က Shimonada ရထားဘူတာ မှာ ၂၀၁၉ခုနှစ် မတ်လ တုန်းက ဖြစ်ပေါ်ခဲ့ပြီး Studio Ghibli ရဲ့ ပရိသတ်အချို့ သွားပြီး တွေ့ကြုံခံစားခဲ့ကြတယ်လို့ သိရပါတယ်။

Shimonada ဘူတာနဲ့ Ghibli ရုပ်ရှင်ကားထဲက ရေလမ်းရထားဘူတာရုံဟာ လုံးဝ ပုံစံတူနေတဲ့အပြင် Shimonada ဘူတာ အနီးမှာ ရေနစ်မြုပ်နေတဲ့ သံလမ်းတွေ မှာ ကြည့်ရှုလေ့လာသူတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ရေထဲကို ဦးတည်သွားနေတဲ့ ရထားသံလမ်းကြောင်းဟာ ရုပ်ရှင်ထဲက ဘူတာရုံကို ရောက်ဖို့ Chihiro စီးခဲ့တဲ့ ရထားရဲ့ သံလမ်းတွေ လိုပါပဲ။ ဒါပေမဲ့ Shimonada ဘူတာ မှာရှိတဲ့ သံလမ်းကြောင်းက တော့ အများပြည်သူ ကြည့်ရှုခွင့် ပိတ်ပင်ထားပြီး ဘူတာအနီးက သဘောၤကျင်း တစ်ခု ထဲအထိ လမ်းကြောင်းပေါက်တယ်လို့ သိရပါတယ်။ ဒီရေမြုပ်နေတဲ့ သံလမ်းကြောင်းတွေ ရှိတဲ့ ဧရိယာကို ပိုင်တဲ့ သူ ပြောပုံအရ ခန့်မှန်းခြေအားဖြင့် တစ်နေ့ လူ ၁၀၀ ခန့် ကိုယ်ပိုင်ဧရိယာထဲသို့ ကျူးကျော်ဝင်ရောက်ကြပြီး အမှိုက်များကို မဆင်မခြင် လွှင့်ပစ်ကာ ဒီရထားသံလမ်းကြောင်းကို လာရောက်ကြည့်ရှုနေခဲ့တယ်လို့ သိရပါတယ်။ ဒီ သံလမ်းကြောင်း ရှိတဲ့ နေရာဟာ ကန့်သတ်တားမြစ်နယ်မြေတစ်ခုထက် ခရီးသွား အလည်အပတ် နေရာ တစ်ခုလို ဖြစ်နေခဲ့ပါတယ်။
လက်ရှိမှာ ဒီသံလမ်းကြောင်း ရှိတဲ့ မြေပိုင်ရှင် ဝင်ရောက်ခွင့်မပြုတဲ့ သတိပေးချက်တွေကို မဆင်မခြင် စွန့်ပစ်ထားတဲ့ အမှိုက်တွေနဲ့ အတူ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်မှာ အားလုံးကို အသိပေးခဲ့ပါတယ်။

ဒီသတင်းကို လူတွေ က ဒီရထားသံလမ်းကြောင်းနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ဆက်ပြီး မျှဝေနေတဲ့အချိန်မှာ Nagoya မီးရထား သံလမ်း ပုဂ္ဂလိကမီးရထား အော်ပရေတာ က စီမံခန့်ခွဲတဲ့ Meitetsu Tokoname Line က သူ့ရဲ့ တရားဝင်တွစ်တာအကောင့်မှာ “Spirited Away ရုပ်ရှင်မှာ ပါတဲ့ ရထားသံလမ်းနဲ့ တူနေတဲ့ ဒီသံလမ်းကြောင်းဟာ 1959 ခုနှစ်မှာ တိုက်ခတ်ခဲ့တဲ့ Typhoon Vera ကြောင့် ရေလွှမ်းသွားခဲ့တဲ့ Meitetsu ရထားသံလမ်းကြောင်းးတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုင်းက ရထားကိုယ်ထည်ကလည်း Spirited Away ရုပ်ရှင်ထဲကနဲ့ ချွတ်စွပ်တူပြီး Imo-mushi လို့ အမည်ပေးထားတယ်” လို့ ရေးတင်ခဲ့ကြပါသေးတယ်။
SOURCE – SORANEWS 24