Iga Ueno ရဲတိုက် နဲ့ Mie၊Shigaစီရင်စုကNinja တွေ

September 12, 2020 at 2:17 PM

Iga နှင့် Koka ဂျပန်အမွေအနှစ်ဒေသတွေမှာ သမိုင်းကြောင်း တစ်လျှောက် Ninja အစစ်အမှန် နေထိုင်မှု နဲ့ နင်ဂျာအတတ်ပညာ လေ့ကျင့် သင်ကြားပုံ တို့ကို ယဉ်ကျေးမှု ထိန်းသိမ်းတဲ့အနေနဲ့ သရုပ်ဖော် ပြသပေးလျက်ရှိပါတယ်။ Geisha၊ Samurai နဲ့ Sumo နပန်းသမားတွေ လိုပဲ Ninja တွေဟာလည်း ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဆက်နွယ်နေတဲ့ သမိုင်းကြောင်းအထင်ကရတွေပဲ ဖြစ်ပါတယ်။

Ninja တွေကို ရာစုနှစ်များစွာအတွင်း ဒဏ္ဍာရီဆန်ဆန် ရေးဖွဲ့ခဲ့ကြပေမဲ့ သူတို့ ရဲ့ အထောက်အထားနဲ့ မှတ်တမ်းတွေဟာလည်း အတော်လေးကို ရှားပါးလှပါတယ်။ ဂျပန်အလယ်ပိုင်း Mie Prefecture ရှိ Iga မြို့ နဲ့ Shiga စီရင်စုရှိ Koka မြို့ တို့ဟာ Ninjutsu ပညာ ထွက်ပေါ်လာခဲ့တဲ့ ဗဟိုချက်ပဲဖြစ်ပါတယ်။ မြို့နှစ်ခုစလုံးက Sengoku ကာလ (၁၄၆၇-၁၅၆၈) အတွင်း Ninja အတတ်ပညာအချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး စိတ်ပါဝင်စားသွားနိုင်လောက်အောင် ဆွဲဆောင်မှုတွေနဲ့ ပြည့်နေပါတယ်။

“ninja” ဆိုတဲ့ နာမည်ဟာ ခေတ်သစ်ဝေါဟာရတစ်ခုဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များက လူကြိုက်များတဲ့ ဂျပန်ဝတ္ထုတွေကနေတစ်ဆင့် ပျံ့နှံ့သွားခဲ့ပါတယ်။ ရှေးခေတ်တုန်းကတော့ Ninja တွေကို Shinobi လို့ ခေါ်ခဲ့ကြပါတယ်။ နောင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ခန့်မှာ စစ်မှန်တဲ့ စာပေ ယဉ်ကျေးမှု ပေါ်ထွက်လာခဲ့ပြီးအပြောင်းအလဲကြီးတစ်ခုစတင် ခဲ့ပါတော့တယ်။ အဲ့ဒီလိုနဲ့ပဲ ninja တွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း တွေ ဟာလည်း အစဉ်အဆက် ပြောင်းလဲခဲ့ရပါတော့တယ်။

လေ့လာတွေ့ရှိရသမျှ သမိုင်းမှတ်တမ်း အားလုံးနီးပါးက တော့ အတော်ဆုံး Ninja တွေဟာ Iga နဲ့ Koka မြို့တွေက ထွက်ပေါ်လာခဲ့တယ်လို့ သိရှိရပါတယ်။ ရန်သူဘက်ကို သူလျှို အဖြစ်ထောက်လှမ်းပေးဖို့၊ ရိက္ခာရုံတွေနဲ့ စစ်ရေးအဓိက ကျတဲ့ အရာတွေကို မီးရှို့ ဖျက်ဆီးရန် နောက်ပြီး ကင်းထိုးဖို့နဲ့လုပ်ကြံသတ်ဖြတ်မှုတွေအတွက် Ninja တွေကို ဂျပန် စစ်နယ်ရှင် တွေက ငှားရမ်းခဲ့ကြပါတယ်။

Koka Ninja Village

ဒီ Koka Ninja ရွာမှာတော့ ကိုယ် ကိုယ်တိုင် နင်ဂျာအဖြစ် နေကြည့်နိုင်ဖို့ ဝတ်စုံငှားပေးခြင်း၊ နံရံများ တက်နိုင်ခြင်း၊ နင်ဂျာလက်နက်များကို စမ်းသပ်ကိုင်တွယ်နိုင်တဲ့အပြင် အထူးဖိနပ်တွေကို သုံးပြီး ရေပေါ်လမ်းလျှောက်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
Ninjutsu ပြတိုက်ထားရှိထားပြီး ၁၆၇၆ ခုနှစ်မှာ ရေးသားပြုစုခဲ့တဲ့ Bansenshukai (The Book of Ninja) စာအုပ်မှ လက်ရေးမူများ ကို ပြသထားပြီး ကျိတို မှာ ယဉ်ကျေးမှု နဲ့ နည်းပညာ ပြောင်းလဲမှု နဲ့အတူ Ninja ပြောက်ကျားစစ်ဆင်ရေး ဘယ်လို ဖွံ့ဖြိုးတိုးတက်လာသလဲဆိုတာကို ဖတ်ရှုလေ့လာနိုင်ပါတယ်။


Village ဧရိယာ အနီးအနားမှာရှိတဲ့ ထူထပ် အုံ့မှိုင်းနေတဲ့ သစ်တောတွေက Ninja တွေအတွက် လျှို့ဝှက် လေ့ကျင့်ရေး နေရာ တစ်ခု ဖြစ်ပါတယ်။ တစ်ချိန်က ဒီလောက် ကြမ်းတမ်းလှတဲ့ မြေအနေအထားရှိတဲ့ သစ်တော နေရာတွေ ပိုင်ဆိုင်နိုင်ဖို့ Ninja အချင်းချင်း တစ်ခါတစ်ရံ တိုက်ခိုက်လေ့ရှိကြပါတယ်။ ပြတိုက်က သရုပ်ပြသထားတဲ့ Ninja တွေရဲ့ ထောင်ချောက် အမျိုးမျိုး အပြင် လျှို့ဝှက်အခန်းတွေကို ဝင်ရောက်လေ့လာနိုင်ပါသေးတယ်

Iga Ueno Castle

၁၅၈၅ ခုနှစ်မှာ ပထမ ဦး ဆုံးတည်ဆောက်ခဲ့တဲ့ ဒီ ရဲတိုက်ကနေ တဆင့် Ninja တွေကို အမိန့်ပေး ခဲ့ကြတာပေါ့။ ရဲတိုက် ဆီကို သွားတဲ့ တောင်တက်လမ်းက နည်းနည်းတော့ ကြမ်းပေမဲ့ ရဲတိုက်တည်ရှိရာ တောင်ထိပ်ကို ရောက်သွားခဲ့ရင် အမော လုံးဝ ပြေသွားအောင် ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အဖြူရောင်နန်းတော်ကြီးက ဆွဲဆောင်နေပါလိ့မ်မယ်။ အထူးသဖြင့်ချယ်ရီပန်းပွင့်ချိန် နွေ ဦး ပေါက်ရာသီ မှာ သွားရင် ပိုပြီးတောင် လှပ ပါသေးတယျ။

တောင်ထိပ်ကနေ စီးမြင်ရတဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကျယ် ကြီးဟာ ရှေးအခါက စစ်တလင်း ဖြစ်ခဲ့ရရှာတယ်။ ထိန်းသိမ်းထားတဲ့ ရာနဲ့ ချီတဲ့ ရဲတိုက်အပျက်အဆီးတွေ ရွှံ့နံရံတွေနဲ့ သစ်သားအဆောက်အဦး အချို့ တောင်အောက်မှာ တည်ရှိပြီး မထိရသေးသောသစ်တောတွေနဲ့ တောင်တွေက ဝိုင်းရံထားပါတယ်။Ueno Castle ဟာ မီတာ ၃၀ ရှိတဲ့ ကျောက်တုံးနံရံတွေနဲ့ တည်ဆောက်ထားပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံး ရဲတိုက်တစ်ခု ဖြစ်ပါတယ်။ Iga နဲ့ Koka နင်ဂျာတို့ဟာ ရဲတိုက်တွေထဲ ဖောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိတဲ့ အတွက်ကြောင့် ဂျပန်ကို အနောက်နိုင်ငံ အမြောက် လက်နက် စတင်ရောက်ရှိလာတဲ့အချိန်မှာတော့ ရဲတိုက် စောင့် လုံခြုံရေးအဖြစ် နင်ဂျာတွေကို ခန့်အပ်ခဲ့ပါတော့တယ်။

၁၅၀၀ ပြည့်လွန်နှစ်များနှောင်းပိုင်း မှာ Shogun Tokugawa Ieyasu က Iga နှင့် Koka ninjas တွေကို စုဆောင်းခဲ့ပါတယ်။ သူတို့ကို ဂျပန်သမိုင်းကြောင်း တစ်လျှောက် အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့ Iga ဖွား ဆာမူရိုင်း Hattori Hanzo က ဦး ဆောင် ခဲ့ပါတယ်။ Shogunate က တော့ Iga နှင့် Koka ninjas များကို ၁၈၀၀ ပြည့်လွန်နှစ်အလယ်ကာလအဆုံးပိုင်းအထိ ပုဂ္ဂိုလ်ရေးအစောင့်အရှောက်များအဖြစ် ထားရှိခဲ့ပါတယ်။

Tags: