Torii 鳥居 Part 1

ဒီဂိတ်တွေက လူ့လောကနဲ့ နတ်ဘုရားလောကကို ပိုင်းခြားထားတဲ့ အရာဖြစ်ပြီးတော့ နတ်ဘုရားနယ်မြေဆီ အဝင်ပေါက်လို့လည်းဆိုကြပါတယ်
တိုရိဂိတ်ကို ဂျပန်ရိုးရာရှင်တိုဘုရားကျောင်းရဲ့အဝင်ဝမျက်နှာစာမှာ အများဆုံးတွေ့နိုင်တာကြောင့် ရှင်တိုဘုရားကျောင်းရဲ့ အမှတ်အသားလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် အချို့သောဗုဒ္ဓဘာသာဘုရားကျောင်းတွေမှာလည်း တွေ့ရှိနိုင်ပါတယ်။ ဂျပန်ရဲ့ခရီးသွားမြေပုံတွေမှာ တိုရိဂိတ်အမှတ်အသားကို တွေ့ရင် ဒါက ရှင်တိုဘုရားကျောင်းပါပဲ
ယုံကြည်မှုတစ်ရပ်အနေနဲ့ တိုရိဂိတ်ပေါ်ကို ကျောက်တုံးပစ်တင်ပြီး ဆုတောင်းမယ်ဆိုရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိပါတယ်။

တိုရိဂိတ်တွေနဲ့ ပက်သက်ပြီး သမိုင်းကြောင်းမှာ အစောဆုံးတွေ့ရတာကတော့ ဟေးအန်း(Heian) ခေတ်လယ်ပိုင်းမှာပါလို့ ပြောကြပါတယ်။ သက်တန်းအရှည်ကြာဆုံးကျောက်နဲ့ တည်ဆောက်ထားတဲ့ တိုရိဂိတ်ကို ၁၂ရာစုမှာတည်ဆောက်ခဲ့ပြီး ယမဂတ(Yamagata)ခရိုင်မှာရှိတဲ့ ဟချိမန်း(Hachiman)ဘုရားကျောင်းမှာ တွေ့ရမှာပါ။ သစ်သားနဲ့တည်ဆောက်ထားတဲ့ သက်တမ်းအရှည်ကြာဆုံး တိုရိဂိတ်ကတော့ ရောဘိ(Ryoubi)တိုရိဂိတ် ဖြစ်ပြီး ၁၅၃၅ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့ ယမနရှိ(Yamanashi)ခရိုင်ရဲ့ ခုဘိုးဟချိမန်း (KubouHachiman) ဘုရားကျောင်းမှာတွေ့နိုင်ပါတယ်။ ပုံမှန်အားဖြင့်တိုရိဂိတ်တွေကို ကျောက်တုံး ဒါမှမဟုတ် သစ်သားနဲ့ တည်ဆောက်လေ့ရှိပေမယ့် အခုခေတ်မှာတော့ ကွန်ကရစ်၊ကြေးနီ၊ စတီးနဲ့ တခြားကုန်ကြမ်းတွေကို အသုံးပြုပြီး တည်ဆောက်လာကြပါတယ်။

အိနာရီ(Inari)ဘုရားကျောင်းတွေမှာ ပုံမှန်အားဖြင့်တိုရိဂိတ်တွေ အများအပြားရှိကြပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ စီးပွားရေးတွေမှာ အောင်မြင်လာကြတဲ့သူတွေက မိမိတို့ရဲ့ဂါရဝတရားကို ပြသဖို့ လှူဒါန်းတည်ဆောက်လေ့ရှိကြတာပါ။ ကျိုတို(Kyoto)မှာရှိတဲ့ ဖုရှိမိ အိနရိတိုင်းရှိ (Fushimi Inari-taisha)မှာဆိုရင် တိုရိဂိတ်တွေ ထောင်ပေါင်းများစွာရှိပြီးတော့တိုရိဂိတ်တွေပေါ်မှာ အလှူရှင်တွေရဲ့ နာမည်ရေးထိုးထားတာကို တွေ့မြင်နိုင်ပါတယ်။

မူရင်းအစ

ရှင်တိုဘုရားကျောင်းဆီကို ဝင်တဲ့လမ်းပေါ်မှာ တွေ့ရလေ့ရှိတဲ့ ဒီတိုရိဂိတ်တွေဟာဆိုရင် အိန္ဒိယစကားလုံးဖြစ်တဲ့ တိုရန(Torana) ကနေ ဆင်းသက်လာတာဖြစ်ပါတယ် မူရင်းစကားလုံးမှာဆိုရင် ဖြင့် ဂိတ်ပေါက်လို့ အမြည်ရတဲ့ စကားလုံးက ဂျပန်စကားလုံးကို ဘာသာပြန်လိုက်မယ်ဆိုရင် ငှက်အိမ် လို့ အဓိပ္ပါယ်ရတာပါ။ တိုရန နဲ့ ဆင်တူတဲ့စကားလုံးတွေကို တခြား ဥရောပ ဘာသာစကားတွေမှာလည်းတွေ့ရပါတယ်။

ဒီရှေးအိန္ဒိယကနေ အစပြုလိုက်တဲ့ ဂိတ်တွေနဲ့ ပက်သက်တဲ့ဗိသုကာပညာရပ်က အာရှတစ်ခွင်ပျံနေတာကို တွေ့ရမှာပါ။ အထူးသဖြင့် အိန္ဒိယကနေ ဗုဒ္ဓဘာသာပြန့်နှံ့သွားတဲ့ နေရာတွေဖြစ်တဲ့ တရုတ် ပိုင်ဖန် (Paifang)ဂိတ်၊ ဂျပန်တိုရိဂိတ်၊ ကိုးရီးယား ဟုန်းဆဲမွန်(Hongsalmun) ဂိတ် ထိုင်းမှာဆိုရင် ဆအိုချင်းချ (Sao Ching Cha) စတာတွေက အိန္ဒိယ တိုရန ကနေဆင်းသက်လာတာပါ။ တည်ဆောက်ထားတဲ့ ပုံစံတွေက ဆင်တူတယ်ထင်ရပေမယ့် သူတို့ရဲ့ ဗိသုကာပညာရပ်ပေါ်လိုက်ပြီးတော့ ကွာခြားတာကို လည်းတွေ့ရမှာပါ

တိုရိဂိတ်က ဘာကိုလုပ်ဆောင်ပေးလဲဆိုတော့ မြင့်မြတ်တဲ့နယ်ပယ်ကို ချဉ်းနင်းဝင်ရောက်တဲ့ ဝင်ပေါက်ကို အမှတ်အသားပြုပေးတာပါ
ဒါကြောင့်မို့ ရှင်တိုဘုရားကျောင်းဆီကို ဝင်ရောက်တဲ့ လမ်းမှာဆိုရင် တိုရိဂိတ်တစ်ခု ဒါမှမဟုတ် တစ်ခုထက်များပြားတာကို တွေ့ရပြီးတော့ ဒီအကြောင်းအရာကြောင့်ပဲ ဗုဒ္ဒဘာသာဘုရားကျောင်းကို ခွဲခြားနိုင်တဲ့ အရာဖြစ်နေတာပါ။

ဆန်းဒိုး(Sandou)ဆိုတာကတော့ ရှင်တိုဘုရားကျောင်းဆီဝင်တဲ့လမ်းကြောင်းကိုခေါ်တာပါ။ ဆန်းဒိုးတစ်လျှောက်မှာ တိုရိဂိတ်အများအပြားကိုဖြတ်ရမယ်ဆိုရင် အပြင်ဘက်အကျဆုံးဂိတ်ကိုတော့ အိချိနော့တိုရိ ( ပထမဆုံးတိုရိဂိတ် Ichino Torii)လို့ခေါ်ပါတယ်။

နောက်ထပ်တွေ့ရမယ့်တစ်ခု ဘုရားကျောင်းနဲ့ ပိုနီးတဲ့ တစ်ခုကိုတော့ နိနော့တိုရ(ဒုတိယဂိတ် Ni No Torii) နဲ့ ဆန်းနော့တိုရိ(တတိယဂိတ် San no Torii)လို့ခေါ်ပါတယ်။ ဟွန်းဒန်း Honden ပင်မဆောင် အတွင်းပိုင်းနေရာကို နီးကပ်လာလာလေလေ ပိုမိုတွေ့လာရတဲ့ တိုရိဂိတ်တွေက အရေအတွက်များလေလေ ကြီးကြယ်မြင့်မြတ်မှုပိုမြင့်မားလေလေဆိုတာကို ပြပါတယ်။

ရှင်တိုဘုရားကျောင်းတွေနဲ့ ဂျပန်တော်ဝင်မိသားစုနဲ့ လေးနက်တဲ့ ဆက်နွယ်မှုကို ပြသတဲ့ အရာဟာဆိုရင်
ဂျပန်အင်ပါယာတွေရဲ့ မှတ်တိုင်တွေအရှေ့မှာ တိုရိကို တွေ့ရပါတယ်
တိုရိဂိတ်တွေရဲ့ အမျိုးအစားကို ၁၀ ခု လိုပြောကြပါတယ်။

၁။ ရှင်းမဲအိတိုရိဂိတ် Shinmei Torii
၂။ ခရှိမတိုရိဂိတ် Kashima Torii
၃။ မြောဂျင်းတိုရိဂိတ် Myoujin Torii
၄။ ဟချိမန်းတိုရိဂိတ် Hachiman Torii
၅။ ခဆုဂတိုရိဂိတ် Kasuga Torii
၆။ နကယမတိုရိဂိတ် Nakayama Torii
၇။ ဂဲခုတိုရိဂိတ် Gekuu Torii
၈။ မိဟရှိယတိုရိဂိတ် Mihashira Torii
၉။ မိဝတိုရိဂိတ် Miwa Torii
၁၀။ ရောဘိတိုရိဂိတ် Ryoubu Torii တို့ဖြစ်ပါတယ်


နောက်အပိုင်း၂ မှာတော့ အတွေ့ရအများဆုံးအမျိုးအစားဖြစ်တဲ့
ရှင်းမဲအိတိုရိဂိတ် Shinmei Torii နဲ့ မြောဂျင်းတိုရိဂိတ် Myoujin Torii အကြောင်းကို အသေးစိတ်ရေးပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်