梅祭り မက်မွန်ပန်းကြည့်ပွဲတော်

ဂျပန်နိုင်ငံတွင် ဆောင်းရာသီကုန်ဆုံးပြီး နွေဦးရာသီရောက်တော့မည်ဆိုတာနှင့် မက်မွန်ပန်းများ စတင်ဖူးပွင့်လာပြီပဲ ဖြစ်ပါတယ်။ မက်မွန်သီးကို ဂျပန်လို ume လို့ခေါ် ပြီး မက်မွန်သီးဟာ တရုတ်နိုင်ငံမှ ဆင်းသက်လာကာ ကျန်းမာရေးကောင်းခြင်း၊မျှော်လင့်ချက်နှင့် အသစ်တဖန်ပြန်စခြင်း အစရှိတဲ့သင်္ကေတအနေနှင့် ဖော်ညွှန်းလေ့ရှိကြပါတယ်။ မက်မွန်ပန်းများဟာ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ အရေးပါတဲ့နေရာတစ်နေရာအနေနဲ့ ပါဝင်ခဲ့တဲ့ ပန်းတစ်ပွင့်လည်း ဖြစ်ပါတယ်။ မက်မွန်ပန်းနှင့် ချယ်ရီပန်းများဟာ ပုံသဏာန်ဆင်တူတာကြောင့် တခါတရံ နှိုင်းယှဉ်ပြီး ပြောလေ့ရှိပါတယ်။ မက်မွန်ပန်းရော ချယ်ရီပန်းရော နှစ်မျိုးလုံးဟာဆိုရင် ပန်းရောင်အဖျော့ကနေ ပန်းရောင်အရင့်အထိ အရောင်အမျိုးမျိုး ပွင့်လေ့ရှိပြီး ချယ်ရီပန်းနှင့် မက်မွန်ပန်းများရဲ့အဓိကကွာခြားချက်ကတော့ ပွင့်ဖတ်လွှာတွေပဲ ဖြစ်ပါတယ်။မက်မွန်ပန်းများရဲ့ ပွင့်ဖတ်လွှာတွေဟာ အဝိုင်းပုံသဏ္ဍာန်ရှိပြီး ချယ်ရီပန်းရဲ့ ပွင့်ဖတ်လွှာအစွန်းတွေကတော့ နှစ်ခြမ်းကွဲနေတဲ့ ပုံသဏာန်မျိုး ရှိပါတယ်။ မက်မွန်ပန်းများဟာ ဖေဖော်ဝါရီလကနေ မတ်လအထိ အချိန် တစ်လကြာ ပွင့်လေ့ရှိပြီး ချယ်ရီပန်းများကတော့ မတ်လကုန်ကနေ ဧပြီလအစပိုင်းလောက်အထိ ပွင့်ကာ ချယ်ရီပန်းများသက်တမ်းကတော့ (၇)ရက်ကနေ (၁၀)ရက်အတွင်းပဲ ဖြစ်ပါတယ်။

Source : tokyo-in-pic

ချယ်ရီပန်းပွင့်ချိန်ဟာ ဂျပန်နိုင်ငံမှာ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်ကြတဲ့အချိန်ဖြစ်တာကြောင့် ချယ်ရီပန်း ကြည့်တဲ့နေရာများဟာ လူများရှုပ်ပြီး ပြည့်နှက်နေပါတယ်။ခရီးသွားတဲ့အချိန်မှာ လူရှုပ်တာကို ရှောင်ချင်ပြီး အေးအေးဆေးဆေးနဲ့ ပန်းပွဲတော်အလှကို ခံစားချင်သူများအတွက်ကတော့ မက်မွန်ပန်းပန်းကြည့်ပွဲတော် ကျင်းပချိန်ဟာ အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ဒါ့အပြင် မက်မွန်ပန်းများရဲ့ သက်တမ်းဟာ ချယ်ရီပန်းများသက်တမ်းတွေထက် ပိုပြီးရှည်ကြာတာကြောင့် ချယ်ရီပန်းများထက် ပိုပြီးအချိန်ကြာကြာ ပန်းအလှကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ မက်မွန်းပန်းပွင့်ချိန်ရောက်ပြီဆိုတာနဲ့ ဂျပန်နိုင်ငံတစ်ဝိုက်မှာ မက်မွန်ပန်းပန်းကြည့်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ Hanamiyama ပန်းခြံ၊ Kairakuen ပန်းခြံ၊Yushima Tenmangu ဘုရားကျောင်း၊ Inabe မက်မွန်ပန်းခြံ၊ Suzuka ပန်းခြံ အစရှိတဲ့နေရာများကတော့ နာမည်ကြီးထင်ရှားတဲ့ မက်မွန်ပန်းကြည့်ပွဲတော် ကျင်းပတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ မက်မွန်ပန်း ပန်းကြည့်ပွဲတော်ဟာ ချယ်ရီပန်း ပန်းကြည့်ပွဲတော်လောက်တော့ ခရီးသွားဧည့်သည်တွေကြားမှာ နာမည်မကြီးပေမဲ့ အေးအေးဆေးဆေး၊သာသာယာယာနဲ့ ပန်းအလှကို ခံစားချင်သူများအတွက်တော့ မက်မွန်ပန်း ပန်းကြည့်ပွဲတော်ဟာ မဖြစ်မနေ သွားရောက်သင့်တဲ့ ပွဲတော်တစ်ခုဆိုရင်လည်း မမှားပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

ရိုးရာယဉ်ကျေးမှု

နေ့ခင်းအိပ်မက်မမက်နိုင်ကြပဲ လက်တွေ့အတွက်အသင့်ပြင်နေကြတဲ့ ဂျပန်က ကလေးတွေ

မူလတန်းကလေး ၈၀ ရာနှုန်း ကျူရှင်ယူကြ၊ သင်တန်းတွေ တက်ကြတယ်လို့ မနှစ်ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဆိုတယ်။ ဒုတိယနဲ့ တတိယတန်း ကလေးတွေကျတော့ ကိုးဆယ်ရာနှုန်းထိတဲ့။ ရေကူး၊ ဂီတနဲ့ အင်္ဂလိပ်စာသင်တန်းတွေကို တက်တာ အများဆုံးပဲတဲ့။ ဂျပန်နိုင်ငံရဲ့ အီလစ် ပုဂ္ဂလိကကျောင်းက ကလေးတွေဟာ ကျွမ်းဘား၊ မြင်းစီး၊ ကစားစရာအိမ်ဆောက် (Lego building) သင်တဲ့ သင်တန်းတွေတောင် ပါတယ်။

Read More
ရိုးရာယဉ်ကျေးမှု သွားမယ်

ဝဿန်မိုးနဲ့အတူ ရှင်သန် ပွင့်လန်းလာခဲ့တဲ့ ပန်းတွေ

မိုးလေ ကင်းစင်သော နေ့များ… ကောင်းကင်ပြာပြာပေါ်တွင် တိမ်များ အစုလိုက် အစုလိုက်ဖြင့် လှပနေသော နေ့များတွင် ထို သစ်တောလမ်းကလေးကို ဖြတ်သန်းသွားလာကြသော

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်