ဘာကြောင့် ဂျပန်လူမျိုးတွေ Christmas မှာ KFC စားကြတာလဲ

December 22, 2019 at 1:30 PM

ဒီဇင်ဘာ ၂၅ ရက်ခန့်တွင် မိသားစုများသည် စားပွဲတစ်ဝိုက်တွင် ကြက်သားကြော် ပုံးတစ်ပုံးကို စားရန် စုရုံးကြသည်။ ခရစ်ယာန် အခြေပြုနိုင်ငံများတွင် ခရစ္စမတ်ပွဲတော်တွင် အများအားဖြင့် ကြက်ကြော်ကဲ့သို့ Fast Food ကို စားသုံးရန် အလျဉ်းမသင့်ပေ။ သို့သော် KFC ကြက်ကြော်ပုံး အမှာစာများကို နိုဝင်ဘာ လဆန်းပိုင်း ကတည်းကပင် စတင်၍ မှာယူကြသည်။ သို့မှသာ Christmas နေ့တွင် KFC ဆိုင်တွင် လူအများကြားတွင်တန်းစီ၍ KFC ကြက်ကြော် ပုံးတစ်ပုံးကို ရယူနိုင်မည်ဖြစ်သည်။

Source: ShutterStock

ထိုသို့ လူအများနှင့် တိုး၍ KFC ကို Christmas နေ့တွင် တန်းစီ၍ ရယူနေရခြင်းမှာ ဘာကြောင့်ပါလဲ လို့ စဉ်းစားမိပေလိမ့်မည်။ KFC ကြက်ကြော် Fast Food ကို Christmas နေ့တွင် ကြိတ်ကြိတ်တိုးဝယ်ယူရန် ကိုင်လှုပ်နိုင်သူမှာ ဂျပန်နိုင်ငံ၏ ပထမဦးဆုံး KFC စီးပွားရေး မန်နေဂျာ Takeshi Okawara သည် ၁၉၇၀ခုနှစ် နိုဝင်ဘာလတွင် နာဂိုယာတွင် KFCကို ဖွင့်လှစ်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် Okawara သည် ကြက်ကြော်များ အပြည့်ပါသည့် ပါတီ ကြက်ကြော်ပုံးကို ရောင်းရန် အိပ်မက်ကို အကောင်အထည်ဖော်ရန် one-store campaign ကို စတင်ခဲ့ပြီး ရောင်းအားမြှင့်တင်ခဲ့သည်။ ထိုသို့ အိပ်မက်ကို အကောင်အထည်ဖော်ရခြင်းအကြောင်းမှာ ကြက်ဆင်သားကို Christmas နေ့တွင် မစားလိုက်ရပါက ကြက်သားသည် နောက်ထပ်ရွေးချယ် စရာ အကောင်းဆုံး အသားဖြစ်တယ် လို့ ပြောတာကို ခဏ ခဏ ကြားရခြင်းကြောင့် ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ Okawara၏ စွန့်စားမှုသည် ဂျပန်တွင် Christmas နေ့အတွက် စံသတ်မှတ်ချက် တစ်ခုလို ဖြစ်လာသည်မှာ ၁၉၇၄ ၏ ဆောင်းတွင်းမှ စ၍ ယခုတိုင် ဆယ်စုနှစ် သက်တမ်းတစ်ခု ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ ကြက်ကြော်ပုံးပါတီသည် ၁၉၇၄တွင် ケンタッキーはクリスマス!(Kentucky is Christmas!) ကန်တာကီသည် ခရစ္စမတ်ဖြစ်သည်ဆိုသော ဆောင်ပုဒ်ဖြင့် တစ်နိုင်ငံလုံးရှိ ဂျပန်လူမျိုးများ စိတ်ထဲတွင် ကြက်ကြော်နှင့်ခရစ္စမတ်အကြားတွင်ဆက်စပ်မှုရှိသည်ကို စွဲမြစေခဲ့သည်။

ဂျပန်နဲ့ Christmas ကြား ဘယ်လောက်တောင်ဆက်နွယ်မှု ကြီးသွားသလဲဆိုတော့ KFCရဲ့ နှစ်စဉ် ရောင်းအားရဲ့ သုံးပုံတစ်ပုံ အထိ ပွဲတော်ကာလတွေမှာ ရောင်းအားအရမ်းကောင်းခဲ့ပါတယ်။ ကြိုတင် ဘိုကင်လုပ်ရင်တောင် ဈေးသက်သက်သာသာ မရနိုင်ပါဘူး။ ကြက်ကြော်ပါတီပုံးမှာ ပါဝင်တာတွေက ကြက်ကြော် ၈ တုံး၊ ပုဇွန်ပါမုန့်ကပ်ကြော်၊ ၃ထပ် berry tiramisu cake ကို ¥4,000 ဖြင့် ကြိုတင် ဘိုကင်လုပ်ထားရပါတယ်။

Source: Business Insider

ခရစ္စမတ်သည် ဂျပန်နိုင်ငံ၏ အစိုးရ သတ်မှတ်ထားသော ရုံးပိတ်ရက်မဟုတ်ပါ။( Colonel Sanders သည်ဂုဏ်ထူးဆောင်နိုင်ငံသားမဟုတ်လျှင်) ဘယ်တော့မှမဖြစ်နိုင်ပါ။ အကယ်၍ မင်းက ခရစ်စမတ်ကာလမှာ တိုကျိုကိုရောက်နေပြီး KFC ကိုတန်းစီ မစောင့်ဆိုင်းချင်ဖူးဆိုရင်၊ မင်းကိုယ်တိုင ်စတိုးဆိုင် တစ်ဆိုင်သို့သွားပြီး အဲဒီမှာကြက်ကြော် အချို့ကို ဝယ်ယူလိုက်ပါ။ ဒါပေမဲ့ ထို စတိုးဆိုင်များတွင်ပင် ကြက်ကြော် အကုန် မြန် တာ ကို သတိချပ်စေလိုပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ ကန်တာကီ Christmas ဖြစ်ပါစေနော်။