Weekly Shonen Jump က ဂျပန်နိုင်ငံမှာ ဘာကြောင့် နာမည်ကြီးသလဲ။
Weekly Shonen Jump ဟာ ဂျပန်နိုင်ငံမှာ ၁၉၆၈ ခုနှစ်တည်းက စတင်ထုတ်ဝေခဲ့တဲ့ Manga Magazine စာအုပ် ဖြစ်ပါတယ်။ အပတ်စဉ် ထွက်ရှိတဲ့ ဒီ Manga Magazine စာအုပ်မှာ Manga ဇာတ်လမ်း ၁၅ ခု က နေ အခု ၂၀၏ Chapter တစ်ခုချင်းစီ ပါဝင်ပါတယ်။ Shonen Jump က နေ ပဲ စာရေးသူတို့ကို ဆွဲဆောင်သွားခဲ့တဲ့ Bleach တို့ Dragon Ball နဲ့ Gintama တို့ ထွက်ရှိခဲ့တာပေါ့။

Weekly Shonen Jump ရွှေခေတ် The Golden Age
WSJ ရဲ့ ရွှေခေတ်ကတော့ ၁၉၈၀ ခုနှစ်များအလယ်ပိုင်းကနေ ၉၀ ခုနှစ်များပိုင်းအလယ်အထိ လို့ ဆိုရမှာပါပဲ။ JoJo’s Bizarre Adventure၊ Fist of the North Star၊ Slam Dunk နဲ့ Yu Yu Hakusho နောက်ပြီး Dragon Ball၊ Yu Gi Oh! နဲ့ Kenshin ဇာတ်လမ်းတွဲတွေကြောင့် 1995 ခုနှစ်မှာတော့ WSJ အုပ်ရေ ၆.၅ သန်း ရောင်းချခဲ့ရပါတယ်။


ဒါကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မတ်လ အထိ ထုတ်ဝေခဲ့တဲ့ Shonen Jump Magazine စောင်ရေပဲဖြစ်ပါတယ်။ တစ်ခြား Manga Magazine တွေနဲ့ ယှဉ်ရင် Shonen Jump ဟာ ဂျပန်နိုင်ငံမှာ ရောင်းရအကောင်းဆုံး Manga Magazine ထိပ်ဆုံး စာရင်းဝင်ပဲ ဖြစ်ပါတယ်။

Anime
ဒီလိုအောင်မြင်ပြီးနောက်မှာတော့ Dragon Ball စီးရီး ကို Anime အဖြစ် ဖန်တီးပြသခဲ့ပြီးနောက် အနောက်နိုင်ငံတွေကိုပါ ရောက်ရှိသွားခဲ့ပါတော့တယ်။ စာရေးသူ ကိုယ်တိုင်လည်း အစပိုင်းတုန်းကတော့ Anime သာ ကြည့်တဲ့ သူတစ်ဦးပါ။ နောက်ပိုင်း Ongoing Anime တွေကို မစောင့်နိုင်တာကနေ တစ်ပတ်တစ်ခါ တစ်ပိုင်း Chapter အသစ် ထွက်ရှိတဲ့ Manga တွေကို အားကိုးလာခဲ့ရပါတော့တယ်။