ဂျပန်အစိုးရရဲ့ ယမ်း ၁၀၀၀၀၀ ငွေကြေးထောက်ပံ့မှု ဘယ်လို လျှောက်မလဲ – UPDATE

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ကိုင်တွယ်ဖို့ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ်နဲ့ ဂျပန်အစိုးရဟာ နိုင်ငံအတွင်း နေထိုင်သူ အားလုံးအတွက် ယန်းငွေ တစ်သိန်းစီ ထောက်ပံ့ပေးမယ့် သူ့ရဲ့အစီအစဉ် အသေးစိတ်နဲ့ပတ်သက်ပြီး အချက်အလက် အကျဉ်းချုပ်ကို ထုတ်ပြန်လိုက်ပါတယ်။

ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင် စာရင်းမှာ ပါဝင်သူတိုင်းကို အဲဒီလို ငွေကြေးထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြည်ထဲရေးဝန်ကြီး တာကာ့အိချိ စာနာ့အဲ (Takaichi Sanae) က ဒီအစီအစဉ် အကျဉ်းချုပ်ကို ပြောကြားခဲ့ပါတယ်။
ဧပြီလ ၂၇ရက် အချိန်မှာ ဂျပန်နိုင်ငံရဲ့ နေထိုင်သူ အခြေခံ မှတ်ပုံတင်စာရင်းထဲ ပါဝင်နေသူတိုင်း အရည်အချင်း ပြည့်မီပါတယ်။ ဒါဟာ နေထိုင်သူအဖြစ် မှတ်ပုံတင်ထားပြီး ဗီဇာ ၃လ အထက်ရှိတဲ့ နိုင်ငံခြားသားတွေ အပါအဝင် ဂျပန်မှာ နေထိုင်သူတွေ ဒီအစီအစဉ်နဲ့ အကျုံးဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
မြို့ရွာ အုပ်ချုပ်ရေးရုံးတွေက အိမ်ထောင်ဦးစီးဆီကို လျှောက်လွှာတွေ ပို့ပေးမှာဖြစ်ပါတယ်။ လျှောက်ထားသူတွေဟာ သူတို့ရဲ့ ကိုယ်ရေး သက်သေခံ အထောက်အထားနဲ့ ဘဏ်စာရင်းဆိုင်ရာ အချက်အလက်တွေရဲ့ မိတ္တူတွေကို ပူးတွဲပြီး ဘဏ်စာရင်း နံပါတ်တစ်ခုကို တင်ပြဖို့ လိုပါတယ်။ အိမ်ထောင်စုအတွက် ပေးအပ်မယ့် ငွေစုစုပေါင်းကို နောက်ပိုင်းမှာ အဲဒီ ဘဏ်စာရင်းထဲ လွှဲထည့်ပေးမှာ ဖြစ်ပါတယ်။
အင်တာနက်ကနေ လျှောက်ထားဖို့ “My Number Card” လို့ သိကြတဲ့ တစ်ဦးချင်း သက်သေခံ စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။
လျှောက်လွှာလက်ခံမှုတွေ စတင်ဖို့နဲ့ ထောက်ပံ့ငွေ ပေးမယ့်အချိန်တွေကို မြို့ရွာအုပ်ချုပ်ရေးအဖွဲ့အသီးသီးက ဆုံးဖြတ်နိုင်ပါတယ်။ အစောဆုံး နောက်လမှာ တချို့ အုပ်ချုပ်ရေးအဖွဲ့တွေက စတင် လုပ်ဆောင်ကြ ဖွယ်ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
SOURCE – NHK

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်