ဂျပန်အစိုးရရဲ့ ယမ်း ၁၀၀၀၀၀ ငွေကြေးထောက်ပံ့မှု ဘယ်လို လျှောက်မလဲ

၁။ နိုင်ငံခြားသားတွေ ထောက်ပံ့ကြေးငွေ ရပိုင်ခွင့်ရှိလား။
အခြေခံနေထိုင်ခွင့် မှတ်ပုံတင် အပေါ် မူတည်ပြီး ထောက်ပံ့ကြေးငွေကို နိုင်ငံခြားသား တိုင်း ဂျပန်အစိုးရ ဆီက ရပိုင်ခွင့်ရှိပါတယ်။ ဆိုလိုချင်တာက နေထိုင်ခွင့်ကတ် ရှိတဲ့ နိုင်ငံခြားသား နေထိုင်သူတွေ အပါအဝင် ဂျပန်နိုင်ငံမှာ နေထိုင်သူ အားလုံး အခြေခံနေထိုင်ခွင့်မှတ်ပုံတင် ထဲ က အချက်တွေ နဲ့ ကိုက်ညီမှ ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။
“လူတစ်ဦးလျှင် ယမ်း တစ်သိန်း” ထောက်ပံ့ကြေး အစိုးရ ဆီက ရဖို့ အသက်နဲ့ ဝင်ငွေ ကန့်သတ်ချက် မရှိပါဘူး။

၂။ ထောက်ပံ့ကြေးကို ဘယ်လို လျှောက်ထားရမလဲ။
ဒေသဆိုင်ရာမြူနီစပယ် အစိုးရ (မြို့၊ မြို့သို့မဟုတ် ကျေးရွာ) ရုံး က နေ ပို့လိုက်တဲ့ လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး ထောက်ပံ့ငွေကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ လျှောက်လွှာပုံစံကို ဂျပန်နိုင်ငံမှာ ရှိတဲ့ အိမ်ထောင်စုတိုင်းဆီကို အိမ်ထောင်ဦးစီး အမည်နဲ့ စာတိုက်က ပို့ပေးပါလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်နေထိုင်တဲ့ လူဆိုရင် အဲ့ဒီ လူက အိမ်ထောင်ဦးစီး ပဲ ဖြစ်လို့ သူ့အမည်နဲ့ စာတိုက်က ပို့ပေးမှာပါ။

လိမ်လည် လျှောက်ထားတာမျိုးကို ကာကွယ်ဖို့ အတွက် အိမ်ထောင်ဦးစီး ရဲ့ အမည်ကို လျှောက်လွှာပုံစံမှာ ကြိုတင်ပုံနှိပ်ထားမှာ ဖြစ်ပါတယ်။ ထောက်ပံ့ငွေကို လက်ခံလိုရင်တော့ ထောက်ပံ့ကြေးကို ကိုယ် အပ်နှံထားလိုတဲ့ ဘဏ်အကောင့်နံပါတ်အပါအဝင် လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့် ပေးရပါမယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်မှုကို နည်းနိုင်သလောက် နည်းနိုင်ဖို့ ကိုယ်နေထိုင်တဲ့ မြို့ သို့မဟုတ် ရပ်ကွက်ရုံးမှာ သွားပြီး ထောက်ပံ့ငွေကို ကောက်ယူရမှာ မဟုတ်ပါဘူး။ ဘဏ်အကောင့် မရှိတဲ့ သူတွေအတွက် အစိုးရက သူတို့နဲ့ သက်ဆိုင်တဲ့ ဒေသန္တရ အစိုးရ ရုံးတွေက တဆင့် ထောက်ပံ့ကြေး ပေးသွားဖို့ စဉ်းစားနေပါတယ်။
My Number Card ရှိနေရင်တော့ ဒစ်ဂျစ်တယ်နည်းနဲ့ အတည်ပြုနိုင်ပြီး အွန်လိုင်းက နေ တဆင့်ထောက်ပံ့ကြေးငွေ လျှောက်ထားနိုင်သော ဝက်ဘ်ဆိုဒ်ကို သွားပြီး လျှောက်ထားနိုင်ပါတယ်။

နေထိုင်ခွင့် ကဒ်ပြား နမူနာ။ ပုံ- ဂျပန်လူဝင်မှု ကြီးကြပ်ရေးဗျူရို

၃။ ထောက်ပံ့ကြေးကို ဘယ်တော့လောက် ရမလဲ။
အစိုးရအနေနဲ့ မေလ မှာ ငွေသားအကျိုးခံစားခွင့် ထောက်ပံ့ကြေးတွေကို ပေးပို့လိုကြောင်း ဧပြီလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဝန်ကြီးချုပ်/ ဘဏ္ဍာရေးဝန်ကြီး တစ်ဦးလည်း ဖြစ်တဲ့ Aso က ပြောကြားခဲ့ပါတယ်။
ဝင်ငွေနည်းပါးတဲ့ မိသားစုတွေ ကို ထောက်ပံ့ဖို့ အတည်ပြုထားတဲ့ ထောက်ပံ့ငွေ ယမ်းသုံးသိန်း ကို ဖျက်ပြီး ယမ်းတစ်သိန်း သာ ထောက်ပံ့သွားမယ်လို့ နောက်ဆုံးဆုံးဖြတ်ခဲ့တာကြောင့် ကုန်ကျစရိတ်ကို ဖြည့်ရန် ဘတ်ဂျက်ကို အတည်ပြုဖို့ အချိန်ယူအုန်းမှာပါ။ အဲ့ဒါကြောင့် အစိုးရက မေလ မှာ ထောက်ပံ့ကြေးငွေ ပေးချေမှုကို ဘယ်လို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ်ဆိုတာနဲ့ ဒေသဆိုင်ရာအစိုးရရုံးတွေက ဘယ်လောက်အထိ ထောက်ပံ့ကြေးငွေကို ထိထိရောက်ရောက်ဖြန့်ကျက်နိုင်မလဲကို မရှင်းလင်းနိုင်သေးတာဖြစ်ပါတယ်။

၄။ ထောက်ပံ့ငွေ ယမ်းသုံးသိန်း လျာထားသတ်မှတ်ချက်ပြည့်မီတဲ့ အိမ်ထောင်စုတွေ အတွက်ကော။
တစ်ချို့ ကိစ္စတွေမှာ အိမ်ထောင်စုအချို့ က မူလ စီစဉ်ထားတဲ့ ထောက်ပံ့ငွေထက် သိသိသာသာ လျော့နည်း တဲ့ ပမာဏ ကို လက်ခံရရှိပါလိမ့်မယ်။ ဝင်ငွေနည်းတဲ့ အိမ်ထောင်စု တွေ လည်း တစ်ကိုယ်ရည်သမားသော်လည်းကောင်း ကလေးမရှိတဲ့ အိမ်ထောင်စုံတွဲတွေ သော်လည်းကောင်း ဒါမှမဟုတ် ကလေးတစ်ဦးရှိတဲ့ ကြင်ဖော်မဲ့ မိဘဖြစ်နေရင်သော်လည်းကောင်း မူလစီစဉ်ထားတာထက် သိသိသာသာလျော့နည်းတဲ့ ပမာဏကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလို ကိစ္စတစ်ခု ချင်းစီမှာ အိမ်ထောင်စု တစ်စု ကို ယမ်းသုံးသိန်း ရရှိနိုင်ပေမဲ့ အစီအစဉ်အသစ် သတ်မှတ်ချက်အရ နေထိုင်သူ တစ်ဦးလျှင် ယမ်း တစ်သိန်း ရရှိသွားမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုတစ်စု မှာ တစ်ဦးတည်းဆိုရင် ယမ်းတစ်သိန်းပဲ ရရှိသွားမှာ ဖြစ်ပါတယ်။
မိဘနှစ်ပါးနှင့် ကလေးတစ်ဦး ရှိသော ဝင်ငွေနည်း အိမ်ထောင်စု များ က ယမ်းသုံးသိန်း (လူတစ်ဦးလျှင် တစ်သိန်းနှုန်း) နဲ့ လက်ခံရရှိနိုင်မှာ ဖြစ်တာကြောင့် ငွေကြေးထောက်ပံ့မှု ပမာဏက ပြောင်းလဲ သွားနိုင်ချေမရှိပါဘူး။

၅။ ငွေကြေးထောက်ပံ့မှုကို အခွန်ကောက်ခံပါသလား။
မကောက်ခံပါဘူး။ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။

၆။ ငွေကြေးထောက်ပံ့မှုရဲ့ ရည်ရွယ်ချက်က ဘာလဲ။
အစိုးရအနေနဲ့ ငွေကြေးထောက်ပံ့ရခြင်းရဲ့ ရည်ရွယ်ချက်က နိုင်ငံသားတိုင်းရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကူညီ ထောက်ပံ့ပေးနိုင်ဖို့ဖြစ်ပါတယ်။ စီးပွားရေးကို ပြန်အားဖြည့်ဖို့ ဒါမှမဟုတ် အသုံးစရိတ် တိုးမြှင့် စေဖို့ အတွက် ရည်ရွယ်ထားတာမဟုတ်ပါဘူး။ ဧပြီလ ၁၆ ရက်နေ့မှာ အရေးပေါ်အခြေအနေ ကြေငြာချက်ကို အရတစ်နိုင်ငံလုံး အတိုင်းအတာအထိ တိုးချဲ့ခဲ့တာကြောင့် လူတွေရဲ့ ဘဝအပေါ် စီးပွားရေးသက်ရောက်မှုက ယခင် မျှော်မှန်းထားတာထက် ပိုမိုကျယ်ပြန့်ပြီး နက်ရှိုင်းတာကြောင့် ထောက်ပံကြေးငွေ ပေးအပ်တာဖြစ်ပါတယ်။

၇။ ဒီကုန်ကျစရိတ်ကို အစိုးရက ဘယ်လို သုံးစွဲတာလဲ။
ဂျပန်အစိုးရက ခန့်မှန်းခြေ အားဖြင့် ထောက်ပံ့ကြေးငွေ ၁၂.၆ ထရီလီယံသန်း ကို ပြန်ကာမိရန် နေထိုင်သူတစ်ဦးချင်းစီကို လိုအပ်တဲ့ ငွေချေးစာချုပ်တွေ ထုတ်ပေးပါလိမ့်မယ်။ ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စု တွေ ကို ယမ်းသုံးသိန် ပေးချေရန် အစိုးရ ယမ်း ၈.၆ ထရီလီယံ တန်ဖိုးရှိသော ငွေချေးစာချုပ်တွေကို ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်။ အစီအစဉ်သစ်အတွက် ယမ်း ၈.၆ ထရီလီယံ ရန်ပုံငွေ လိုအပ်ပါလိမ့်မယ်။

SOURCE – https://resources.realestate.co.jp/

2 thoughts on “ဂျပန်အစိုးရရဲ့ ယမ်း ၁၀၀၀၀၀ ငွေကြေးထောက်ပံ့မှု ဘယ်လို လျှောက်မလဲ

  1. My number card နဲ့ Residence cardမတူးဘူးနော်အကို ပုံမှာပြထားတဲ့ကပ်က နိုင်ငံခြားသားတွေဘဲကိုင်တာ

    1. ဟုတ်အမ သတင်း page က sample ပုံ လေး အတိုင်းယူသုံးထားတာပါ … ဂျပန်မှာ နေတဲ့လူတွေတော်တော်များျားလည်း ကဒ်နှစ်ခု အကြောင်းသိမယ်ထင်လို့ပါ

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်