ဂျပန်မှာ အသစ်နီးပါးSecondစက်ဘီးတွေကို ဈေးသက်သက်သာသာနဲ့ ဘယ်လိုဝယ်ကြမလဲ

ဂျပန်မှာ များသောအားဖြင့် public transportation သုံးကြပါတယ်။ Transportation fees အကုန်မခံချင်ပဲ တခါတလေ ဟိုနား ဒီနား သွားချင်တယ်၊ လမ်းလျောက်သွားရအောင်လည်း မနီးတဲ့ နေရာတွေ၊ နီးနီးနားနား ဈေးဝယ်၊ အဝတ်လျှော်ဆိုင် တွေ သွားရင် ပစ္စည်းတွေပါတော့ စက်ဘီး လေးတော့ မဖြစ်မနေ လိုအပ်ပါတယ်။ ၃ ဘူတာ လောက် အကွာ အဝေးဆိုရင်တော့ စက်ဘီးလေး ရှိရင် အဆင်ပြေပါတယ်။

ဂျပန်မှာတော့ စက်ဘီးဝယ်ဖို့ အရောင်းဆိုင်တွေ သွားဝယ်ရင် အနည်းဆုံး အောက်ထစ် ၁၀,၀၀၀ က နေ စပြီး ရှိပါတယ်။ အွန်လိုင်းကနေ တစ်ဆင့်မှာပြန်ရင် လည်း ပို့ခ တွေ ပေါင်းလိုက်လည်း သိပ် မထူးပါဘူး။ တစ်ချို့ တော်တော်များများလည်း ဈေးသက်သာအောင်ဆိုပြီး အသိတွေဆီက second ဘီးတွေ ပြန်ဝယ် ကြတာလည်းရှိပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်းဘဲ seond ဆိုတဲ့ အတိုင်း အခြေအနေ အမျိုးမျိုး ရှိပါတယ်။

ခုမှ ဂျပန်လာမဲ့ သူတွေနဲ့ စက်ဘီး ဝယ်ဖို့ ပြင်ဆင်နေတဲ့ လူတွေ အတွက် အထောက် အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။

ပထမှ ဦးဆုံး Google မှာ リサイクル自転車販売 + မိမိ နေထိုင်ရာရပ်ကွက် နာမည် ကို ထည့်ပြီး ရှာလိုက်ပါ။

ဥပမာ ကျွန်တော်က 中野区 မှာနေတော့ リサイクル自転車販売中野区 ဆိုပြီး ရှာရမှာပါ။

ရပ်ကွက်တိုင်းမှာတော့ မရှိလို့ မိမိ နေထိုင်ရာ ရပ်ကွက် နဲ့ နီးတဲ့ ရပ်ကွက်နေရာမှာ ရှာလည်းရပါတယ်။ သွားဝယ်ပြီး နင်းပြီး အိမ်ပြန်ပေါ့ 
ခုလိုရိုက်ရှာလိုက်ရင် အများကြီး ကျလာပါလိမ့်မယ်။

ဈေးတွေ အကုန်လုံးက တော့ 5 ထောင်ကနေပြီး ၁ သောင်းခွဲ ဝန်းကျင် အထိ အမျိူး မျိူး ရှိပါတယ် … ရပ်ကွက် တစ်ခုနဲ့တစ်ခုမတူပါဘူး။

သူတို့ရဲ့ official website မှာ ရောင်းချမဲ့ ရက် နဲ့ အချိန် ကို ရေးပေးထားလေ့ရှိပါတယ်။

ထုံးစံအတိုင်း ပေါချောင်ကောင်း ဆိုတော့ လူကြိုက်များပါတယ်။ အစောကြီး သွားတန်းစီလည်း ဘာမှ မထူးပါဘူး။ ဝယ်ယူလို့ရမဲ့ အစဉ်လိုက်ကို မဲနှိုက်တာပါ။ နံပါတ် ရှေ့ရောက်နေရင်တော့ ကိုယ်လိုချင်တာကို အရင် ဆုံး ရွေးဝယ်လို့ ရတာပါ။

ခုပြန်ရောင်း တဲ့ စက်ဘီးတွေ အကုန်လုံးက အဲ့ ရပ်ကွက် မှာ လျှောက်ရပ် လို့ အသိမ်း ခံရတဲ့ စက်ဘီးတွေပါ။ တစ်လအတွင်းဒဏ်ငွေ ဆောင်ပြီးပြန် မရွေးရင်တော့ အဆုံးပါ။

ခုလိုသိမ်းထားတဲ့ စက်ဘီးတွေကို ဆေးကျော သန့် စင် တာတို့ တစ်ချို့သုံးလို့ ရတဲ့ အစိတ် အပိုင်း တွေကိုဘဲ ဖြုတ်ပြီး ပြန်ပြင် ပြန်တပ် တာတို့ကို လုပ်ဆာင် ပါတယ်။ အဲ့ တော့ ကြည့်လိုက်ရင် အသစ်အတိုင်းပါဘဲ။ နောက်ပြီး သံချေးတို့ ဘာတို့ လည်း အကုန် ရှင်းပေးထားပါတယ်။ ဆေးတွေ လည်း ပြန်မှုတ် ပေးထား တာတွေ့ ရပါတယ်။

အဲ့ တော့ ခုလို့ リサイクル自転車 တွေ ဝယ်တော့ အဟောင်းဈေးနဲ့ အသစ် ရလိုက် သလို ဖြစ်တဲ့ အတွက် တော်တော်လေးကို တန်တယ်လို့ ပြောလို့ ရ ပါတယ်။

နောက်ဆုံး အနေနဲ့ကတော့ ကျွန်တော်တို့ စက်ဘီးတွေ အခိုးမခံရအောင် ကာကွယ်ပေးတဲ့ စက်ဘီး မှတ်ပုံတင်ကို လည်း အခမဲ့လုပ်ပေးပါတယ် ပုံမှန် အားဖြစ် ရဲစခန်းမှာ ၅၀၀ အကုန်ခံပြီး ကိုယ်တိုင်သွားလုပ်ရတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်