ဂျပန်ကိုပထမဆုံးရောက်ဖူးတဲ့သူတစ်ယောက်အနေနဲ့  အိမ်ငှားမယ်ဆိုရင်

ဂ်ပန္မွာ ပထမဆုံး နေထိုင်ရေးအတွက် အိမ်ငှားတာနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။

အိမ်ငှားဖို့ကုန်ကျမယ့်စရိတ်ကို ကိုယ်တတ်နိုင်တဲ့ ပမာဏ ခန့်မှန်းပြီးပြီဆိုတာနဲ့ တစ်ခြားအချက်တွေဖြစ်တဲ့ ကိုယ်နေမဲ့ အိမ်ခန်းက ဘူတာနဲ့ နီးသလား။ ပတ်ဝန်းကျင်အခြေအနေကောင်းမကောင်း၊ အိမ်သာနဲ့ရေချိုးခန်းသပ်သပ်၊အဲယားကွန်းအပါ အစရှိသဖြင့်
ကိုယ်လိုချင်တဲ့ အိမ်ခန်း ပုံစံလေးကော ဖြစ်ရဲ့လား ဆိုပြီး တွေးဖို့လိုလာပါလိမ့်မယ်။
ပထမဦးစွာအနေနဲ့ စဉ်းစားရမှာက ဂျပန်စတိုင်Tatami မြက်ဖျာခင်းထားတဲ့အခန်းပုံစံ နဲ့ flooringခင်းထားတဲ့အခန်းပုံစံရယ်(၂)မျိုးရှိပါတယ်။ DဆိုတာကDinning Room ကိုခေါ်တာပါ။LကLiving Room။Kကမီးဖိုချောင်။တခါတရံSဆိုတဲ့စာလုံးလေးပါတာကပစ္စည်းထည့်တဲ့စတိုခန်းအရွယ်အခန်းသေးသေးလေးပါတယ်ဆိုတာပါ။ ကိုယ့်ငှားမဲ့ အိမ်ခန်းမှာမီးဖိုချောင်နဲ့အိပ်တဲ့နေရာကို အခန်းကန့်ထားတဲ့နံရံ(သို့)တံခါးမရှိတဲ့ 1R style၊မီးဖိုချောင်နဲ့အိပ်တဲ့နေရာကိုအပိုင်းကန့်ထားတဲ့နံရံ(သို့)တံခါးရှိတဲ့ 1K style၊ အခန်း(၂)ခန်းပါရင်2K,2DK,2LDK,2SLDK၊အခန်း(၃)ခန်းပါရင်3K,3DK,3LDK,3SLDK စသဖြင့် အမျိုးမျိုး ရှိပြီး 1R,1Kအခန်းတခန်းကိုနှစ်ယောက်နေလို့ရတယ်ဆိုတာအတော့်ကိုနည်းပါတယ်။ အိမ်ပိုင်ရှင်ကခွင့်ပြုရင်တော့ နေလို့ရပါတယ်။
အိမ်ပိုင်ရှင်သတ်မှတ်ထားတဲ့စည်းကမ်းကိုဖောက်ဖျက်ပြီးခွင့်ပြုချက်မယူပဲလူတွေအများကြီးဝင်နေမယ်ဆိုရင် အိမ်ပိုင်ရှင်သိသွားတဲ့အခါမှာ အရေးယူခံရမယ်လို့ အိမ်စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတဲ့ အိမ်တွေလည်းရှိပါတယ်။အိမ်အကျိုးဆောင်ရုံးခန်း FuDooSan တွေမှာ ကိုယ်တိုင်သွားရှာမလား၊အင်တာနက်ကနေတဆင့် အိမ်ရှာတဲ့ Web-Site တွေ မွှေမလား ဒါမှမဟုတ် စာစောင်တွေထဲမှာပဲရှာမလား။

ဂျပန်မှာအလုပ်တွေပြောင်း၊အိမ်တွေပြောင်းတဲ့အကြပ်ဆုံးချိန်ကတော့၁လပိုင်းကနေ၃လပိုင်းလောက်ဖြစ်ပါတယ်။ဒီအချိန်အတွင်းမှာအကျိုးဆောင်ရုံးခန်းတွေမှာလဲအလုပ်များသလို အိမ်ပြောင်းတဲ့အခါ ပစ္စည်းရွှေပေးတဲ့ဝန်ဆောင်မှုကုမ္ပဏီ Hikoshi Companyတွေကို ငှားဖို့ ခက်ခဲတဲ့ အချိန်ပဲဖြစ်ပါတယ်။

မဖြစ်မနေအိမ်ပြောင်းရတော့မယ်ဆိုရင်တော့ကြိုတင်ရှာထားတာကအကောင်းဆုံးပါပဲ။ ဂျပန်မှာနာမည်ကြီးအကျိုးဆောင်ကုမ္ပဏီတွေ၊မိဘလက်ငုပ်လက်ရင်းအကျိုးဆောင်ရုံးခန်းတွေရှိပါတယ်။ နှစ်အတော်ကြာနေပြီဖြစ်တာကြောင့် အတွေ့အကြုံရင့်တဲ့ အကျိုးဆောင်ရုံးခန်းတွေမှာတော့ငှားရမ်းဖို့စုထားတဲ့အခန်းတွေအများကြီးရှိပါတယ်။ နာမည်ကြီးကုမ္ပဏီတွေကဖွင့်ထားတဲ့အကျိုးဆောင်ရုံးခန်းတွေကတော့အိမ်ဆိုင်အကျိုးဆောင်ရုံးခန်းတွေဆီကနေတဆင့်(သို့)မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲနေတဲ့အိမ်ရာတွေ၊အုံနာတွေဆီကနေအခန်းတွေကိုစုဆောင်းပြီး အင်တာနက်မှာတင်ကာ အခန်းငှားမဲ့သူကို ရှာကြတာဖြစ်ပါတယ်။ အကျိုးဆောင်ရုံးခန်းတွေမှာသွားရှာတဲ့အခါ သူတို့က အင်တာနက်Web-site တွေကနေတဆင့် အခန်းတွေကိုရှာပေးကြပါတယ်။ ဒီအကျိုးဆောင်ကုမ္ပဏီ ဝန်ဆောင်ခပေးပြီးမှတ်ပုံတင်ထားမှ ကြည့်လို့ရမှာဖြစ်ပါတယ်။

အိမ်တစ်အိမ်ကိုငှားမယ်ဆိုရင် ယျေဘုယျအားဖြင့် ၎င်းအိမ်လခရဲ့၅လစာလောက်ပျှမ်းမျှကုန်ကျမယ်လို့သိထားရပါမယ်။

ဥပမာ အိမ်လခ ယမ်း ၇သောင်းရှိတဲ့အိမ်ကိုငှားမယ်ဆိုပါစို့။

စငှားငှားချင်းလမှာပေးရမယ့်ကုန်ကျစရိတ်က

⓵စဘော်ငွေ – ၇သောင်း၊

⓶Key Money – ၇သောင်း၊

⓷အိမ်အကျိုးဆောင်ကုမ္ပဏီကိုအကျိုးဆောင်ခအိမ်လခတစ်လစာ – ၇သောင်း၊

⓸အိမ်လခကြိုပေးငွေ – ၇သောင်း၊

⓹မီးအာမခ ံ- ၁သောင်းအထက်

အကုန်ပေါင်းလိုက်ရင် ယန်းသောင်း(၃၀)လောက်ကအနဲဆုံးကုန်ကျမယ့်စရိတ်ပဲဖြစ်ပါတယ်။

တအိမ်နဲ့တအိမ်ပေးရမယ့်လိုအပ်ချက်တွေမတူသလို စဘော်ငွေKeyMoneyပေးဖို့မလိုအပ်တဲ့အိမ်များလဲရှိပါတယ်။ဒါဆိုစစချင်းပေးရမယ့်ကုန်ကျစရိတ်ကသက်သာပါတယ်။စဘော်ငွေ က အိမ်စဘော်အနေနဲ့ပေးရတာပါ။အိမ်ကနေထွက်တဲ့အချိန်မှာပြန်ရတယ်ဆိုပေမယ့် အိမ်ကအပျက်အစီးတွေရှိတယ်ဆိုရင်အိမ်ပြင်ခနှုတ်ပြီးပြန်ပေးပါတယ်။ ကိုယ်ကထပ်ဆောင်းထပ်ပေးရတာမျိုးတောင်ရှိပါတယ်။
အိမ်တွေကို များသောအားဖြင့်၂နှစ်သက်တမ်းစာချုပ်ကိုချုပ်ကြပါတယ်။၂နှစ်နေပြီးရင်စဘော်ငွေနဲနဲပဲပြန်ရတာများပါတယ်။
ကြာကြာနေဖြစ်တဲ့လူဆိုရင်တော့ “အိမ်ပိုင်ရှင်က အပျက်အစီးတွေရဲ့ကုန်ကျစရိတ်ကိုမျှခံရမယ်” ဆိုတဲ့Tokyo property Rule ရှိတာကြောင့် အဆင်ပြေရင် အိမ်တစ်အိမ်မှာကြာကြာနေတာကောင်းပါတယ်။

Key Money – အိမ်လခရဲ့တလစာကိုပေးရပါတယ်။မပေးရတဲ့အခန်းတွေလဲရှိပါတယ်။KeyMoneyကပြန်မပေးပါဘူး။
အိမ်လခကြိုပေးငွေ – ဂျပန်မှာအိမ်လခကအများအားဖြင့် လအကုန်မှာပေးရတာမဟုတ်ပဲ လအစမှာကြိုပေးရတာများပါတယ်။

အိမ်အကျိုးဆောင်ကုမ္ပဏီကိုလည်းပဲအခြေခံအားဖြင့်တစ်လစာပေးရပါတယ်။အကျိုးဆောင်ခကိုအိမ်လခရဲ့တစ်လခစာပေးရမယ်လို့ဆိုထားပေမယ့်အကျိုးဆောင်ကုမ္ပဏီတစ်ခုနဲ့တစ်ခုယူတဲ့ဈေးနှုန်းမတူကြပါဘူး။ကုမ္ပဏီတွေကိုလိုက်ပြီး အိမ်လခရဲ့တဝက်(သို့) အကျိုးဆောင်ခမယူတဲ့ကုမ္ပဏီတွေလဲရှိပါတယ်။

နိုင်ငံခြားသားတွေအတွက် ဟိုရှေားနင်း(Hoshoonin)လို့ခေါ်တဲ့ဂျပန်လူမျိုးအာမခံရှိမှငှားလို့ရတဲ့အိမ်တွေလဲရှိပါတယ်။ အိမ်ငှားတဲ့လူအတွက်လူအာမခံလဲလိုပါသေးတယ်။ ဂျပန်လူမျိုးတွေကတော့ အာမခံကုမ္ပဏီကိုသုံးပြီးငှားကြပါတယ်။
အာမခံကုမ္ပဏီဟိုရှေားခအိရှ(HoshooKaisha)ကိုသုံးပြီးငှားလို့ရတဲ့အိမ်အတွက်ကတော့ အိမ်လခရဲ့တစ်လစာ(သို့)တစ်ဝက်စာ(သို့)အာမခံကုမ္ပဏီကိုလိုက်ပြီးပေးရမှာပါ။ဈေးနှုန်းအစားစားရှိပါတယ်။အာမခံကုမ္ပဏီတွေကိုသုံးမယ်ဆိုရင်တော့ကုမ္ပဏီတွေကတောင်းတာကတော့အသိဖုန်းနံပါတ်ပါ။အရေးကြီးတဲ့အချိန်ကျရင်ဆက်သွယ်ရမယ့်(Emergency Contact Person)ပုဂ္ဂိုလ်ကဂျပန်လူမျိုးအသိ(သို့)ကိုယ့်နဲ့လူမျိုးတူတဲ့အသိ၊ကိုယ့်မိသားစုဝင်ရဲ့ဖုန်းနံပါတ်ကိုပေးဖို့လိုပါတယ်။အိမ်တွေကိုလိုက်ပြီးပေးရ။မပေးရတာရှိပါတယ်။Depositထဲကနှုတ်တဲ့အခါလဲရှိပါတယ်။ မီးအာမခံကတော့ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။ကိုယ်ငှားမယ့်အိမ်ရဲ့ပိုင်ရှင်ကသတ်မှတ်ထားတဲ့မီးအာမခံကုမ္ပဏီမှာဝင်ရမှာဖြစ်ပါတယ်။အာမခံကုမ္ပဏီကိုလိုက်ပြီး ဈေးနှုန်းအစားစားရှိပါတယ်၊ခန့်မှန်းခြေ ယန်း၁သောင်း ၂သောင်းပတ်ဝန်းကျင်ပါ။
ကဲဒီလောက်ဆိုရင် လုံလောက်လိမ့်မယ်လို့ထင်မိတယ်။ ကျန်ခဲ့တာလေးတွေရှိရင် ဖြည့်ပေးသွားခဲ့ပါအုန်းနော်။

SOURCE – https://theculturetrip.com/asia/japan/articles/how-to-rent-an-apartment-in-japan/

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်