စားသောက်ဆိုင်တွေအတွက် လွယ်ကူမြန်ဆန် ရွေးချယ်ချင်စဖွယ် ဟင်းလျာ စာအုပ် ဒီဇိုင်းအသစ်

ကိုယ်ချစ်ရတဲ့သူ နဲ့ ဘယ်စားသောက်ဆိုင်မှာတော့ အတူစားလိုက်ကြမယ်ဆိုပြီး ကြိုတင်စီစဉ်ထားတာမျိုးမရှိပဲ ဗိုက်ဆာလာတာကြောင့် စားသောက်ဆိုင်တစ်ခုခုဝင်ပြီး အတူစားဖြစ်ခဲ့ကြတဲ့ အခိုက်အတန့်တွေ ရှိခဲ့ကြဖူးလိမ့်မယ်လို့ ထင်ပါတယ်။ နင်ကတော့ဘာစား ငါကတော့ ဘာမှာစားမယ် ဆိုပြီး ကြို မတွက်ထားတာကြောင့် Menu တစ်ယောက်တစ်အုပ် ကိုင်ပြီး ဘာစားမှာလဲ လို့ အပြန်အလှန် မေးခွန်းထုတ်ကာ အချိန်အတော်ကြာ ငြင်းခုန်ကြရတဲ့ အခြေအနေမျိုးထိ တစ်ခါတစ်လေ ရောက်သွားခဲ့တာမျိုးနဲ့ ကြုံဖူးကြလိမ့်မယ် ထင်ပါရဲ့။

ဂျပန်နိုင်ငံက Twitter အသုံးပြုသူ တစ်ဦး ဖြစ်တဲ့ Nono Inaba ဆိုသူ အမျိုးသမီးက အဲ့ဒီလို ဗိုက်ဆာနေတဲ့အချိန် စကားများ ငြင်းခုန်ရတာမျိုးတွေ မရှိရလေအောင် “ရွေးချယ်ဖွယ်ရာ စားသောက်ဟင်းလျာများ” လို့ အမည်ပေးထားတဲ့ Menu စာအုပ် ဒီဇိုင်း တစ်ခု ကို ဖန်တီးခဲ့ပါတယ်။
Nono ရဲ့ Menu လေး က ပထမ စာမျက်နှာ နှစ်ရွက်မှာ ဂျပန် အဓိက ဟင်းလျာအမည်တွေကို စာလုံးမြင်တာနဲ့ ချက်ချင်း မှာယူသုံးဆောင်နိုင်အောင် ချစ်စဖွယ် ဟင်းလျာပုံလေးတွေ ဆွဲပြီး ပြသထားလေရဲ့။ ဒါ့အပြင် အရှေ့တိုင်း နဲ့ အနောက်တိုင်း ဟင်းလျာတွေကိုလည်း မျက်စိ အရှင်းသား ရှာဖွေ မှာယူ သုံးဆောင်နိုင်လောက်တဲ့အထိ ရေးဆွဲထာလေရဲ့။

SOURCE – SORA NEWS

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်