Covid-19ကြောင့်ဖြစ်ပေါ်လာတဲ့ အိမ်တွင်းအကြမ်းဖက်မှုများ

April 29, 2020 at 6:43 PM

Covid-19 ကြောင့် ဆိုတဲ့ ဖြစ်လာတဲ့နဲ့ အတူ နောက်ဆက်တွယ်ဖြစ်တဲ့ပြသနာတွေကလည်း ရှိလာပါတယ်။ နောက်ဆက်တွဲပြသနာတွေထဲကမှ တစ်ခုကတော့ အိမ်တွင်းအကြမ်းဖက်မှုပြသနာပါပဲ။ အိမ်တွင်းအကြမ်းဖက်တွေနဲ့ ပက်သက်ပြီးလုပ်ဆောင်ကြတဲ့ ပြောကြားမှုအရကတော့ ကျောင်းပိတ်မှုနဲ့ အခြားသောအစိုးရက တားမြစ်သတ်မှတ်မှုကြောင့် ကြုံတွေ့လာရတဲ့ စိတ်ဖိအားတွေကြောင့် ဖြစ်တယ်လို့ ဆိုလိုပါတယ်။

ဒီလိုအဖြစ်အပျက်တွေက ကျောင်းပိတ်ခြင်းနဲ့ အိမ်မှအလုပ်လုပ်ခြင်းWork from home တွေ ပိုကြာမြင့်လာရင် ပြသနာဖြစ်ပွားနိုင်ခြေက ပိုများလာတယ်လို့ဆိုပါတယ်။ တချို့သောမိသားစုတွေအတွက်တော့ တစ်အိမ်ထဲအချိန်အတူတူပိုမိုကုန်ဆုံးရခြင်းကတော့ ခန္ဓာပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊စိတ်ပိုင်းဆိုင်ရာနှောက်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေကို ဦးတည်လာတယ်လို့ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြသနာတွေကိုင်တွယ်ဖြေရှင်းမှုနဲ့ ပက်သက်ပြီး ကျမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟီရိုရှီးမားတက္ကသိုလ်က တွဲဖက်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ခိတနက ချိဆတိုကတော့ သူ့ှဆီကို အိမ်တွင်းပြသနာနဲ့ ပက်သက်တဲ့ သတင်းပို့ပေးမှုတွေများပြားလာတယ်လို့ဆိုပါတယ်။ဒီထက်ပိုပြီးတော့ များပြားလာလာနိုင်တဲ့ အကြောင်းနဲ့ပက်သက်ပြီးလည်း သတိပေးခဲ့ပါတယ်။

တိုကျို ၂၃ ရပ်ကွက်ထဲမှာတည်ရှိတဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပက်သက်ပြီး ဆွေးနွေးအကြံပေးစင်တာတစ်ခုကအရာရှိတစ်ဦးကတော့ မတ်လအတွင်းမှာ အကူအညီဖုန်းခေါ်ဆိုမှုက ၂၃ ခုရှိတယ်လို့ဆိုပါတယ်။ ၂၀၁၉ခုနှစ်အတွင်းတုန်းကတော့ လစဉ်ဖုန်းခေါ်ဆိုမှုအရေအတွက်က ဂဏန်းတစ်လုံးစာပဲရှိခဲ့ပြီး အများဆုံးကတော့ ၂၅ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ လစဉ်ပျှမ်းမျှတွက်ချက်မှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒါက တော်တော်လေးများလာခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

ဒီများပြားလာတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပက်သက်ကြီး အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရတဲ့ အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကတော့ မတရားခံရသူတွေကို အကူအညီပေးတဲ့ ပန်ကြားတောင်းခံလွှာကို အစိုးရဆီပေးပို့ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါအဖွဲ့အစည်းက အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကလေးသူငယ်အကြမ်းဖက်မှုနဲ့ ပက်သက်ပြီး ကိုင်တွယ်ဖြေရှင်းတဲ့ရုံးတွေ၊ ဆွေးနွေးတိုင်ပင်မှုစင်တာတွေကို အရေးပေါ်ကြေညာချက်အတောအတွင်းမှယ ပိတ်တာကို မလှုပ်ဖို့တောင်းဆိုခဲ့ပြီး အကူအညီတောင်းနိုင်မယ့်နေရာကိုလည်း ပိုပြီးဖွင့်လှစ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

ပါမောက္ခခိတခန ကတော့ ဒီကူးစက်ရောဂါစတင်လာခဲ့တဲ့အချိန်ကကစပြီး အစိုးရကဖွင့်လှစ်ထားတဲ့ ဆွေးနွေးတိုင်ပင်မှုစင်တာတွေက မျက်နှာချင်းဆိုင် ဆွေးနွေးအကြံပေးတာကို ရပ်ပစ်လိုက့်အတွက် ပြသာနနဲ့ ကြုံတွေ့ရတဲ့သူတွေ များလာတယ်လို့ဆိုပါတယ်။ တကယ်လို့သာ တစ်နှစ်လောက်အခြေအနေတွေဆက်တိုက်ဆိုးသွားမယ်ဆိုရင်တော့ ပြသာနာက ပိုမိုကြီးမားလာမှာဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။

ဒါအပြင်ဝင်ငွေနည်းပါးတဲ့ မိသားစုအတွင်းအိမ်တွင်းပိုင်းအကြမ်းဖက်မှုက ပိုမိုများပြားတာကြောင့် အစိုးရက ထောက်ပံ့မှုပေးဖို့ ပိုမိုလိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုသားကောင်တစ်ဦးဖြစ်တဲ့ အမျိူးသမီးတစ်ယောက်ကတော့ သူမကလေးနဲ့အတူ အိမ်ကနေ ထွက်ခွာဖို့တော်တော်ကြာ စီစဉ်နေခဲ့ပေးမယ့် အခုအချိန်မှာ သူမရောအမျိုးသားပါ အလုပ်လက်မဲ့အခြေအနေနဲ့ အိမ်မှာ အမြဲရှိနေရတာကြောင့် ထွက်ခွာဖို့ ပိုမိုခက်ခဲ့သွားပြီး စိတ်ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။

ကလေးတွေကိုဦးတည်တဲ့ အိမ်တွင်းအကြမ်းဖက်မှု
ကလေးသူငယ်အကြမ်းဖက်မှုနဲ့ လျစ်လျူရူခံရမှုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌဖြစ်တဲ့ ယိုရှိဒ ဆွတ်နဲအိုကတော့ စိတ်ဖိအားတွေက ကလေးသူငယ်အိမ်တွင်းအကြမ်းဖက်မှုကို ဖြစ်စေတဲ့ အဓိက တရားခံလို့ဆိုပါတယ်။ ယိုရှိဒရဲ့အဖွဲ့အစည်းကတော့ မိသားစုအများအပြားကို ကူးစက်ရောဂါကာလအတွင်းမှာ အိမ်က စိတ်ဖိစီးမှုတွေ စုစည်းလာနိုင်တဲ့နေရာဖြစ်လာကြောင်း သတိပေးထားပါတယ်။ ကလေးသူငယ်အကြမ်းဖက်မှုခံရတဲ့ ကလေးတွေက သူတို့ရဲ့ ပြသနာကို ထုတ်ဖော်ပြသဖို့ ခက်ခဲတာကြောင့်အိမ်နီးနားချင်းတွေက စောင့်ကြည့်ပေးသင့်တယ်လို့ဆိုပါတယ်။

ယိုရှိဒကတော့ ကလေးသူငယ်အကြမ်းဖက်မှုနဲ့ ပက်သက်ပြီး ရာဇဝင်ရှိတဲ့ အိမ်ထောင်စုက ကလေးတွေကို စာလေ့လာမှုနဲ့ စိတ်လုံခြုံစိတ်ချရမှုကိုပေးနိုင်မယ့် ဘေးကင်တဲ့နေရာ ဒါမှမဟုတ် ခေတ္တနေရာတွေကို လုပ်ဆောင်ပေးဖို့အကြံပေးပါတယ်။
ဆယ်ကျော်သက်အမျိုးသမီးတွေကို ကူညီထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Colabo ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိတိုယုမဲနဲကတော့ ဂျပန်ကလေးသူငယ်တော်တော်များများက မိမိရဲ့အိမ်ကို လုံခြုံစိတ်ချရတဲ့ နေရာလို့ မမြင်ကြပဲ အဆိုပါကလေးတွေက ပုံမှန်အခြေအနေမှာတောင် လိုအပ်တဲ့ဂရုစိုက်မှုတွေကို မရရှိဘူးလို့ဆိုပါတယ်။

ဆယ်ကျော်သက်တွေရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အိမ်တွင်း၊ အိမ်ပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ခံစားရနိုင်ကြောင်း သတိပေးမှုတွေရှိပါတယ်။
နတိုရဲ့ပြောကြားချက်အရ ဒီလိုကိစ္စရပ်တွေကို ကြုံတွေခံစားနေရသူတွေအတွက် အချိန်ပိုင်းအလုပ်က ထွက်ပေါက်တစ်ခု ဖြစ်ပြီးတော့ ကူးစက်ရောဂါကာလအတွင်းမှာ အချိန်ပိုင်းအလုပ်တွေက ရပ်တန့်သွားပါတယ်။

ပုံမှန်ဆိုရင် ဒီလိုမိန်းကလေးတွေက အချိန်ပိုင်းအလုပ်လုပ် ငွေရှာပြီးတော့ အိမ်မှာနေတဲ့ အချိန်ကိုလျှော့ချနိုင်ဖို့ ပိုက်ဆံပေးပြီး နားလို့ရတဲ့နေရာတွေ မန်ဂါကဖေးတွေမှာနေလေ့ရှိပါတယ်။ဒါပေမယ့် ယခုလိုအချိန်မျိူးမှာဆိုရင် အလုပ်မလုပ်နိုင်တဲ့အတွက် အိမ်မှာပဲနေရဖို့ဖြစ်လာပါတယ်။အိမ်မှာနေရခြင်းကြောင့် မိသားစုဝင်၊ ဆွေမျိူးရဲ့အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့လာရပါတယ်။

ဒီပြသာနက အိမ်တွင်းမှာတင်မဟုတ်ပဲ သွားစရာမရှိလို့ အပြင်ရောက်နေတဲ့ မိန်းကလေးတွေက လိပ်ပိုင်းဆိုင်ရာ နှောက်ယှက်သူတွေရဲ့ပစ်မှတ်ဖြစ်လာပါတယ်။ ဂျပန်စကားကိုကောင်းကောင်းနားမလည်တဲ့နိင်ငံခြားသားမိန်းကလေးတွေဟာလည်း ပစ်မှတ်တစ်ခုဖြစ်လာပြီး အပြာကား ဒါမှမဟုတ် တရားမဝင်ကလပ်တွေမှာ Host လုပ်ဖို့သိမ်းသွင်းခံရမှုတွေရှိလာပါတယ်။ လိင်ပိုင်းဆိုင်ရာနှောက်ယှက်သူတွေက အကူအညီပေးမယ့်သူမရှိတဲ့ မိန်းကလေးတွေကို ကူညီထောက့်ပံချင်ယောင်ဆောင်ပြီး လှည့်ဖြားတတ်တယ်လို့ဆိုပါတယ်။

Colabo လိုမျိူးအဖွဲ့အစည်းကတွေက ဆွေးနွေးတိုင်ပင်မှုနဲ့ ပက်သက်ပြီး ဖုန်းခေါ်ဆိုမှုတွေ ပိုမိုများပြားလာတယ်လို့ဆိုပါတယ်။ ဆယ်ကျော်သက်မိန်းကလေးတွေနဲ့ အသက်၂၀အရွယ် အမျိူးသမီးတွေကို ကူညီထောက်ပံ့မှုပေးတဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ Bond Projectက တဒ ခန်းဂျိရိုကတော့ နေ့တိုင်းလိုလို အိမ်ပြန်ရမှာကို ကြောက်ရွံ့နေတဲ့ မိန်းကလေးတွေဆီကနေ ဖုန်းတွေလက်ခံရရှိတယ်လို့ဆိုပါတယ်။ ဒီပရောဂျက်ကတော့ အဆိုပါမိန်းကလေးတွေက ဆွေးနွေးအကြံပေးစင်တာတွေနဲ့ချိတ်ဆက်ပေးပြီး အသက်အရွယ်ကန့်သတ်ချက်ကြောင့် အစိုးရက ဖွင့်လှစ်ထားတဲ့နေရာတွေမှာခိုလှုံခွင့်မရှိတဲ့သူတွေကို နေစရာထာက်ပံ့ပေးပါတယ်။

အစိုးရက ဗိုင်းရပ်ကြောင့် ကျောင်းပိတ်မှုတွေကို ကြေညာလိုက်ချိန်ကစပြီး အကူအညီတောင်းတဲ့သူတွေက ဗိုင်းရပ်ကို အကြောင်းပြလာတဲ့သူတွေများလာတယ်လို့ဆိုပါတယ်။
တဒကတေည့ အကြမ်းဖက်မှုရာဇဝင်ရှိတဲ့မိသားစုက ကူးစက်ခံရမယ်ဆိုရင် ဒီပြသာနမျိုးတွေကို ပိုမိုကြုံတွေ့လာမှာဖြစ်ကြောင်းထောက်ပြထားပါတယ်။

နိတိုကတော့ ယခုအချိန်မှာ ဆိုရှယ်မီဒီယာဒါမှမဟုတ် ဖုန်းနဲ့ ဆွေးနွေးအကြံပေးမှုတွေကို လုပ်ဆောင်နေတာဖြစ်တာကြောင့် တစ်ဖက်က အခြေအနေကို နားလည်ဖို့တော်တော်လေးကြိုးစားရပြီး ကြိုးစားနေဆဲမှာလည်းဖုန်းလိုင်း ပြတ်တောက်မှုတွေ ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ ငြင်းပန်းနှိပ်စက်တဲ့မိဘတွေရှိတဲ့ကလေးတွေက ကလေးတွေက အကူအညီတောင်းခံဖို့လည်း မလွယ်ဘူးလို့ဆိုပါတယ်။ နိတိုရဲ့ အဖွဲ့အစည်း အကူအညီလိုအပ်တဲ့ဆယ်ကျော်သက်မိန်းကလေးတွေကို အစားအသောက်နဲ့ ဆွေးနွေးအကြံပေးမှုကို ရှင်းဘုယနဲ့ ရှင်းဂျုုခုမှာ ကားနဲ့လိုက်ပြီး လုပ်ဆောင်ပေးနေပါတယ်။

Source: The Japan Times