ဂျပန်ရဲ့တက္ကသိုလ်

November 23, 2020 at 6:43 PM

ဂျပန်နိုင်ငံမှာ တက္ကသိုလ်စုစုပေါင်း၇၈၆ကျောင်းရှိပါတယ်။ ပညာရေးကိုအဓိကဦးစားပေးတဲ့ နိုင်ငံဖြစ်တာကြောင့် နာမည်ကြီးတက္ကသိုလ်မှာ တက်ရောက်ခွင့် ရဖို့ အထက်တန်းမှာကတည်းက စာသေချာကြိုးစား သင်ကြရပါတယ်။ ဂျပန်နိုင်ငံအတွင်း အမျိုးသားတက္ကသိုလ်များ၊ ပြည်သူ့တက္ကသိုလ်များ၊ပုဂ္ဂလိကတက္ကသိုလ်များ၊ ဂျပန်တက္ကသိုလ်များ၊ နိုင်ငံတော်နှင့်စီရင်စုအစိုးရတွေက အုပ်ချုပ်သော အမျိုးသားတက္ကသိုလ်များနှင့်ပြည်သူ့တက္ကသိုလ်များ၊ ကျောင်းကော်ပိုရေးရှင်းများမှ ဖွင့်လှစ်ထားသောပုဂ္ဂလိကတက္ကသိုလ်များ တို့ ရှိပါသည်။ တစ်ချိုကျောင်းများမှာ ကိုယ်ပိုင်အထက်တန်းကျောင်းများ ဖြစ်ကြပြီး အထက်ကျောင်းပြီးတာနဲ့ တစ်ခါတည်း တက္ကသိုလ်ဝင်ခွင့်ဖြေဆိုအောင်မြင်ပြီးတက္ကသိုလ်တက်ရောက်ခွင့်ရနိုင်မှာဖြစ်ပါတယ်။

တက္ကသိုလ်အမျိုးအစားများနဲ့ပတ်သက်ပြီး

အစိုးရပိုင်ကျောင်းတွေအနေနဲ့ နာမည်ကြီးကျောင်း မှာ တက်ရောက်ခွင့်ရရှိမှသာ အလုပ်အကိုင်အခွင့်အလမ်းကောင်းမှာ ဖြစ်ပါတယ်။ ဒီကျောင်းတွေထဲကမှ 「東京大学」ကတော့ နံပါတ်တစ် နာမည်အကြီးဆုံး ကျောင်းဖြဖစ်ပါတယ်။ဒီကျောင်းကပြီးတဲ့လူတွေကို လုပ်ငန်းကြီးတွေက အလုပ်ခန့်အပ်ဖို့ သဘောကျကြပါတယ်။「筑波大学」ဒုတိယအနေနဲ့ဆူခုဘတက္ကသိုလ်၊「大阪大学」တတိယကတော့အိုဆာကာတက္ကသိုလ်၊「名古屋大学」လေးကတော့နာဂိုယာတက္ကသိုလ်နဲ့「京都大学」ကျိုတိုတက္ကသိုလ်တို့ဖြစ်ပါတယ်။ ခရိုင်အစိုးရပိုင်ကျောင်းမှာ နာမည်အကြီးဆုံးဖြစ်တဲ့「名古屋市立大学」နာဂိုယာမြို့ပိုင်တက္ကသိုလ်၊ နှစ် အဆင့်ကတော့「東京都立大学」တိုကျိုမြို့ပိုင်တက္ကသိုလ်၊「大阪市立大学」တတိယအနေနဲ့အိုဆာကာမြို့ပိုင်တက္ကသိုလ်တို့ဖြစ်ပါတယ်။ လေးခုမြောက် နာမည်ကြီးဆုံးကတော့「愛知県立大学」အအိချိစီရင်စုတက္ကသိုလ်၊ နံပါတ် ငါးကတော့「名桜大学」မဲအိဆာကူရာတက္ကသိုလ်ဖြစ်ပါတယ်။ပုဂ္ဂလိကကျောင်းတွေအနေနဲ့နာမည်ကြီးကျောင်းတွေကတော့「青山学院大学」တစ်ကတော့အအိုမိုရိတက္ကသိုလ်၊နှစ်ကတော့「近畿大学」ကင်ခိတက္ကသိုလ်ဖြစ်ပြီး၊「明治大学」သုံးကတော့မေအိဂျိတက္ကသိုလ်၊「慶應義塾大学」ခဲအိအိုခိဂျူခုတက္ကသိုလ်ကလေးခုမြောက်နာမည်အကြီးဆုံးဖြစ်ပြီး၊「関西大学」ငါးကတော့ခန်းဆိုင်းတက္ကသိုလ်နဲ့ခြောက်ကတော့「早稲田大学」ဝါဆဲဒတက္ကသိုလ်ကဂျပန်မှာရှိတဲ့နာမည်ကြီးတက္ကသိုလ်ဖြစ်ပါတယ်။

ဝိဇ္ဇာတွဲဘွဲ့အတွက်တက်ရောက်သင့်တဲ့ကျောင်းမျာ;

ဝိဇ္ဇာတွဲအားကောင်းတဲ့ကျောင်းမှာ တက်ရောက်ဖို့ဆိုရင် (京都大学)ကျိုတိုတက္ကသိုလ်ကတော့ ပထမဦးစားပေး ဖြစ်သည်။ ဒုတိယ တွင် (早稲田大学)ဖြစ်ပြီး၊တတိယကတော့(一橋大学)ဖြစ်ကာ (神戸大学)စတုတ္တာကကိုဘေးတက္ကသိုလ်၊ ငါးခုမြောက်ကတော့(横浜国立大学)ယိုကိုဟားမားအမျိုးသားတက္ကသိုလ်၊(上智大学)ခြောက်ခုမြောက်ကဆိုဖီးယာတက္ကသိုလ်ဖြစ်ပြီး၊ခုနှစ်ခုမြောက်ကတော့(筑波大学)ဆူခုဘတက္ကသိုလ်ကတော့ဝိဇ္ဇာတွဲမှာနာမည်ကြီးတက္ကသိုလ်ဖြစ်ပါတယ်။တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းပေါင်းများစွာရှိပါတယ်။အဲအထဲကမှနာမည်ကြီးပြီးအဲကျောင်းမှကျောင်းပြီးဆုံးသွားတဲ့သူတွေအတွက်အလုပ်ကောင်းကောင်းရရှိကြတာဖြစ်ပါတယ်။ဘာသာရပ်အနေနဲ့နာမည်ကြီး(学部)အနေနဲ့(法学部)ဥပဒေဘာသာရပ်၊(経済学部)စီးပွားရေးဘာသာရပ်၊နောက်တစ်ခုက(政治経済学部)နိုင်ငံစီးပွားရေးနဲ့နာမည်ကြီးနောက်တစ်ခုကတော့(商学部)စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဘာသာရပ်ဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဘာသာရပ်များထဲမှလူကြိုက်များတဲ့ဘာသာရပ်ဖြစ်ပါတယ်။

သိပ္ပံတွဲမှနာမည်ကြီးကျောင်းများနဲ့ဘာသာရပ်များ

သိပ္ပံတွဲထဲမှနာမည်ကြီးကျောင်းများကတော့(東京大学)ကတော့နာမည်ကြီးကျောင်းဖြစ်ပြီး၊ဒုတိယ(京都大学)ဖြစ်ပါတယ်။တတိယကတော့(東京工業大学)တိုကျိုခိုကယောတက္ကသိုလ်ဖြစ်ပါတယ်။လေးခုမြောက်နာမည်အကြီးဆုံးက(早稲田大学)ဖြစ်ပြီး၊ငါးခုမြောက်အနေနဲ့(慶應義塾大学)ခဲအိအိုဂိဂျူခုတက္ကသိုလ်၊(大阪大学)ခြောက်ခုမြောက်ကတော့အိုဆာကာတက္ကသိုလ်ဖြစ်ပါတယ်။ခုနှစ်မြောက်အနေနဲ့(東北大学)တိုဟိုခုတက္ကသိုလ်ဖြစ်ပါတယ်။သိပ္ပံတွဲကပိုပြီးခက်ခဲတဲ့အတွက်တက္ကသိုလ်ကောင်းကောင်းရဖို့မလွယ်ကူပေ။ဒီလိုတက္ကသိုလ်ကောင်းကောင်းပြီးမှအလုပ်ကောင်းကောင်းရမှာဖြစ်ပါတယ်။ဘာသာရပ်အနေနဲ့လည်း(理学部)သိပ္ပံဘာသာရပ်၊(工学部)အင်ဂျင်နီယာဘာသာရပ်၊(農学部)စိုက်ပျိုးရေးဘာသာရပ်နဲ့(情報理工学院)သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာဘာသာရပ်၊(物質理工学院)ပစ္စည်းသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်၊(生命理工学院)ဘဝသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်၊(環境・社会理工学院)သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးသိပ္ပံနှင့်အင်ဂျင်နီယာဘာသာရပ်တို့ဖြစ်ပါတယ်။အခြားစိတ်ဝင်စားစရာဘာသာရပ်များစွာထဲမှမိမိစိတ်ကြိုက်ဖြစ်တဲ့ဘာသပ်ရပ်ကိုလေ့လာကြည့်သင့်ပါတယ်။