緊急事態宣言(Kinkyuujitaisengen) State of emergency ဖြစ်လာရင်

April 6, 2020 at 7:50 PM

ဂျပန်ရဲ့緊急事態宣言ကအခြားသောနိုင်ငံများရဲ့ ပိတ်ဆို့မှုနဲ႕ကွာခြားပြီးတော့ အခြေခံအားဖြင့်တော့ ပူပေါင်းလိုက်နာဖို့ တောင်းဆိုခြင်းဖြစ်ပြီး မလိုက်နာရင်တောင်မှ ပြစ်ဒဏ်မရှိဘူးလို့ဆိုပါတယ်။ တကယ်ထုတ်ပြန်ခဲ့ရင်ဘယ်လိုအခြေအနေမျိုးဖြစ်လာမှာလဲဆိုတာကို NHKသတင်းဌာနကနေပြီးတော့စုစည်းတင်ပြထားပါတယ်။ အကြီးစားစူပါမားကတ်နဲ့ Convenience Store တွေကတော့緊急事態宣言ထုတ်ပြန်ခဲ့ရင်တောင် လုပ်ငန်းကို ပုံမှန်အတိုင်းဆက်လုပ်နေမှာပဲ ဖြစ်ပါတယ်။

အဓိကမြို့ကြီးတွေမှာ ဖွင့်လှစ်ထားတဲ့ စူပါတွေအထဲမှာမှ Aeonイオン၊ Itoyokadoイトーヨーカドー၊ Maruetsuマルエツ၊ Inageyaいなげや၊ CoopMiraiコープみらい၊ Okオーケー အစရှိတဲ့ လုပ်ငန်းစုတွေကတော့ လုပ်ငန်းကိုပုံမှန်အတိုင်းဆက်လုပ်သွားမယ်လို့ဆိုပါတယ်။ တခြားသောစူပါတွေကလည်းအရောင်းအဝယ်ဆက်လုပ်သွားနိုင်မယ့် နည်းလမ်းကို ရှာဖွေနေပြီးတော့ ကြေညာချက်အသေးစိတ်ပေါ်မူတည်ပြီး အရောင်းအဝယ်အချိန်ကိုပြောင်းလဲဖို့ကိုလည်းစဉ်းစားနေတယ်လို့ဆိုပါတယ်။ အချို့သောစူပါမားကတ်တွေကတော့ ဆိုင်တွင်းလူအဝင်အထွက်များပြားမှုက ကူးစက်နိုင်ခြေမြင့်တက်လာနိုင်တာကြောင့် တစ်ကြိမ်မှာဝင်ရောက်နိုင်တဲ့ လူအဝင်အထွက်ကို ကန့်သတ်ဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။ အကြီးစားDrugstore တွေကလည်း ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ထုတ်ပြန်ချက်ရဲ့ အသေးစိတ်အခြေအနေပေါ်လိုက်ပြီးတော့ တချို့သောဆိုင်ခွဲတွေမှာ အလုပ်ချိန်လျှော့ဖို့ကိုလည်း စဉ်းစားနေတယ်လို့လည်းဆိုပါတယ်။

ကုန်တိုက်デパート

緊急事態宣言ကြေညာချက်ထုတ်ပြန်ချိန်မှာတော့ မြို့တော်ဝန်ကနေ အဝတ်အစားအလှကုန် အခြားသောအိမ်ထောင်ပစ္စည်းတွေကိုရောင်းချတဲ့ ကုန်တိုက်အသုံးပြုမှုကို ကန့်သတ်တာ၊ သုံးစွဲဖို့တောင်းဆိုခြင်းနဲ့ ကုန်တိုက်မှာပြုလုပ်တဲ့ ပွဲကျင်းပခြင်းတွေကို ကန့်သတ်နိုင်ပါတယ်။ အကြီးစားကုန်တိုက်လုပ်ငန်းတွေကတော့ အရေးပေါ်ကြေညာချက်အပေါ်မူတည်ပြီး လုပ်ငန်းကို တစ်ခဏတာ ပိတ်ထားဖို့ 休業စဉ်းစားနေတယ်လို့ဆိုပါတယ်။ တိုကျိုမြို့မှာဆိုရင်တော့ နှစ်ပတ်ဆက်တိုက် အရေးပေါ်ကိစ္စမရှိပဲနဲ့ အပြင်ထွက်ခြင်းကို ရှောင်ရှားဖို့ မြို့တော်ဝန်မှ တောင်းဆိုချက်ထုတ်ပြန်ထားမှုကြောင့် မြို့ကြီးတွေက အကြီးစားကုန်တိုက်မှာတော့ အရေးပေါ်အခြေအနေဆိုင်ပိတ်တာမျိူး臨時休業တွေလုပ်ထားပါတယ်။

မိသားစုစားသောက်ဆိုင်

အများစုမိသားစုစားသောက်ဆိုင်တွေကတော့ 緊急事態宣言ထုတ်ပြန်ချက်ရဲ့အသေးစိတ်ကို အတည်ပြုပြီး ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ဆိုပါတယ်။ Skylark Holdings ကပိုင်ဆိုင်တဲ့ ガストနဲ့ ジョナサンစတဲ့ဆိုင်တွေကတော့ 緊急事態宣言ထုတ်ပြန်ရင်တောင်မှ ဆက်လက်ဆိုင်ဖွင့်သွားမယ်လို့ပြောကြားထားတဲ့ အပြင် အိမ်အရောက်ပို့ဝန်ဆောင်မှုနဲ့ ပါဆယ်ဝန်ဆောင်မှုတွေကို ဝန်ထမ်းအင်အားတိုးချဲ့ပြီးတော့ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ Royal Host ၊ Sazeria ဆိုင်တွေကတော့ 緊急事態宣言ကြေညာချက်အသေးစိတ်ကို အတည်ပြုပြီးတဲ့နောက်မှာ ဆိုင်ဖွင့်ချိန်အပြောင်းအလဲဝန်ထမ်းအင်အားအပြောင်းအလဲနဲ့ပက်သက်ပြီးလုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း

စားသောက်ကုန်လုပ်ငန်းအကြီးးစားတွေဖြစ်တဲ့ 味の素Ajinimoto၊日本水産Nippon Suisan၊ニチレイNichirei၊ キューピーKewpie၊日清食品Nissan Foods ကတော့ 緊急事態宣言ထွက်ရှိလာတဲ့အချိန်မှာလည်း ကုန်ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။ ကျောင်းပိတ်တာ休校၊ အိမ်မှာအလုပ်လုပ်တာတွေ自宅勤務 များလာတာနဲ့အတူ အိမ်မှာ လွယ်လင့်တကူစားသုံးနိုင်တဲ့ カレーနဲ့ အအေးခဲစားသောက်ကုန် အသင့်စားခေါက်ဆွဲတွေကိုစားသုံးလာမှုတွေများလာတာကြောင့် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းအသီးသီးက ကုန်ထုတ်စွမ်းအားကို မြင့်တင်နေကြတာပဲ ဖြစ်ပါတယ်။


လျှပ်စစ်၊ ဂတ်စ်

တိုကျိုလျှစ်စစ်နဲ့တိုကျိုဂတ်စ်ကတော့ လျှစ်စစ်နဲ့ဂတ်စ်တွေကို ပုံမှန်အတိုင်းဆက်လက်ဖြန့်ဝေပေးသွားမယ်လို့ဆိုပါတယ်။

စာတိုက်郵便၊ ပစ္စည်းအိမ်အရောက်ပို့ဆောင်ရေး自宅便

日本郵便ဂျပန်စာတိုက်ကတော့ ပုံမှန်အတိုင်း စာတိုက်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်ရှိနေပြီးတော့ ကြေညာချက်အသေးစိတ်ပေါ်လိုက်ပြီး လိုက်နာလုပ်ဆောင်ရမယ့် အခြေအနေတွေရှိလားဆိုတာကို သုံးသပ်နေတယ်လို့ဆိုပါတယ်။

ဂျပန်စာတိုက်က ညဘက်အလုပ်ချိန်လျှော့ချခြင်းကို ယခင်ကထဲက လုပ်ဆောင်နေလျက်ရှိပြီးတော့ ဒီထက်ပိုပြီး လိုအပ်နိုင်မလားဆိုတာကို သုံးသပ်နေပါတယ်။ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ Yamatoヤマト運輸 နဲ့ Sagawa佐川急便ကတော့ 緊急事態宣言ကြေညာချက်ထုတ်ပြန်တဲ့အချိန်မှာလည်းပဲ ပစ္စည်းကို့ဆောင်ခြင်းကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

ဒါအပြင့် Yamato Transportingヤマト運輸၊Sagawa Transporting佐川急便၊ 日本通運 Nittsu ၊Fukuyama Transporting 福山通運၊Seino西濃通運စတာတွေက ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးအစီအစဉ်ရဲ့အထူးဥပဒေသတ်မှတ်ချက်အရ အများပြည်သူကူညီထောက်ပံရေးအတွက်အစိုးရက သတ်မှတ်ထားတဲ့ အစီအစဉ်ထဲမှာပါဝင်လျက်ရှိပြီး အစိုးရနဲ့ မြို့တော်ဝန်၊ခရိုင်ဝန်တွေက ဆေးဝါးပို့ဆောင်ပေးဖို့အတွက် တောင်းဆိုခြင်းခံရရင် လုပ်ဆောင်ပေးနိုင်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ဆိုပါတယ်။

ဖုန်းအော်ပရေတာဆက်သွယ်ရေး

ဖုန်းအော်ပရေတာနဲ့ အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီအကြီးစားတွေဖြစ်တဲ့ တို့ကတော့ အခြေအနေမှာလည်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ အဆင်ပြေဆင်ဖို့အတွက် လိုအပ်တဲ့ ဝန်ထမ်းတွေကို ဆက်လက်အလုပ်တက်စေမယ်လို့ဆိုပါတယ်။ အရောင်းအဝယ်ဆိုင်တွေအနေနဲ့ကတော့ အလုပ်ချိန်လျှော့ချတာမျိုးတွေလုပ်ဆောင်ထားပြီး တခြားသော ကူးစက်မှုပြန့်ပွားမှုတွေဖြစ်လာတဲ့ ဒေသတွေမှာလည်း လိုအပ်နိုင်မယ့် အစီအစဉ်တွေကို သုံးသပ်နေတယ်လို့ဆိုပါတယ်။

ATM၊Net Banking

ATMအသုံးပြုခွင့်ကတော့ ဆက်လက်ရှိနေဦးမှာဖြစ်ပြီး ကုန်တိုက်၊ စူပါ အစရှိတဲအဆောက်အအုံထဲက ATMကတော့ အဆောက်အအုံဖွင့်လှစ်တဲ့ အချိန်အတွင်းပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဖုန်း၊ ကွန်ပြူတာနဲ့ အသုံးပြုရတဲ့ Net Bankingအက်ပလီကေးရှင်းတွေလည်း ဆက်လက်အသုံးပြုလို့ရမှာဖြစ်ပြီးတော့ ဘဏ်အသီးသီးကလည်း ငွေသွင်းငွေလွှဲ တခြားသော ဘဏ်ကိစ္စရပ်များကို ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါပေမယ့် အပြင်ထွက်ခွင့်ကန့်သတ်မှုအပေါ်လိုက်ပြီး ဆိုင်ခွဲအသေးတွေကို ပိတ်ထားနိုင်တာမျိုး ရှိတယ်လို့ဆိုပါတယ်။ ဝန်ထမ်းတွေကို အချိန်အပြောင်းအလဲနဲ့ အလုပ်တတ်ခိုင်းခြင်းတွေကို လုပ်ဆောင်မှာဖြစ်တာကြောင့် ကောင်တာဖွင့်လှစ်တာကို ပုံမှန်ထက်ချုံ့နိုင်တာမျိူးတွေရှိနိုင်ပါတယ်။

တက္ကစီ
တိုကျိုမြို့တွင်း အကြီးစားတက္ကစီကုမ္ပဏီတွေဖြစ်တဲ့国際自動車၊日の丸交通 ကတော့ 緊急事態宣言အခြေအနေမှာလည်း ဝန်ထမ်းတွေအပေါ်ရောဂါကူးစက်မှုကာကွယ်ရေးအစီအစဉ်တွေကို လုပ်ဆောင်လျက်ရှိပြီး ဆက်လက်ပြေးဆွဲသွားမယ်လို့ဆိုပါတယ်။ အသေးစိတ်အပေါ်လိုက်ပြီး ပြေးဆွဲတဲ့ ယာဉ်အစီးရေကို လျော့ချခြင်းရှိနိုင်တယ်လို့လည်းဆိုပါတယ်။