ဂျပန်နိုင်ငံရဲ့ရထားနောက်ကျမှု

ဂျပန်နိုင်ငံရဲ့ရထားအချိန်မှန်မှုဟာဆိုရင် အလုပ်သွား ကျောင်းသွားတဲ့သူအများစုက အလုပ်၊ကျောင်းအချိန်မှီရောက်ဖို့ ရထားအချိန်ကို တသမှတ်ထဲသတ်မှတ်ပြီး စီးလို့ရတဲ့အခြေအနေပါ။
ဒါကြောင့်မို့ ဟာသအနေနဲ့ ပြောရရင် ကိုယ်သဘောကျနေတဲ့သူကိုတွေ့ရဖို့ ဒီအချိန်ထွက်တဲ့ ရထားကိုစီးမယ်လို့ တသမှတ်ထဲတွေးရင်တောင်ရပါတယ်။ ဒါပေမယ့်မကြာခဏဆိုသလိုပဲ電車遅延(denshachien) ရထားနောက်ကျတာ ဆိုတဲ့ စကားလုံးကို ကြားရမှာပါ။

အချိန်မှန်တယ်ဆိုပြီး ဘာကြောင့်နောက်ကျတာလဲ?
ရထားဘူတာဝန်ထမ်းတွေရဲ့ရထားတွင်း ကြေညာချက်မှာဆိုရင်တော့ 人事事故の為(jinjijiko no i)လူမတော်တဆဖြစ်ပွားမှု၊ 車内点検の為(shanaitenken no i) ရထားတွင်းစစ်ဆေးမှု၊ 急病人の救護の為 (kyuubyounin no kyuugo no i) အရေးပေါ်လူနာပြုစုစောင့်ရှောက်မှု၊線路内立ち入りの為(senrotachiiri no i) ရထားလိုင်းအတွင်းလူဝင်ရောက်မှု စတာတွေ ကိုအကြားများရမှာပါ။ 電車遅延မှာဆိုရင် ဆယ်မိနစ်မပြည်တဲ့ရထားနောက်ကျမှု小規模遅延နဲ့မိနစ်သုံးဆယ်ကျော်ရထားနောက်ကျမှု大規模遅延 ဆိုပြီး အမျိုးအစားနှစ်ခုခွဲထားပါတယ်။ 国土交通省(kokudokoutsuushou) ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ကနေထုတ်ပြန်တဲ့ ဒေတာအရဆိုရင်တော့ မိနစ်သုံးဆယ်ကျော်ရထားနောက်ကျမှု 大規模遅延နဲ့ ရထားရပ်တန့်မှု運休(unkyuu)က ၂၀၁၇ခုနှစ်မှာဆိုရင် ပျှမ်းမျှ၆၀၀၀လောက် ရှိပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်က အခြေအနေနဲ့နှိုင်းယှဉ်ရင် သုံးဆပိုများလာတယ်လို့ဆိုပါတယ်။

ဆယ်မိနစ်မပြည်တဲ့ရထားနောက်ကျမှု小規模
ဒီအမျိုးအစားရဲ့ ပျှမ်းမျှ၆၀ရာခိုင်နှုန်းကတောာ့ ရထားအသုံးပြုသူုတွေကြောင့် ဖြစ်ပွားတာများပါတယ်။ ရထားအတက်အဆင်းအချိန်မှာအချိန်ကြာမြင့်တာက ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး၊ အိတ်အထုတ်အပိုး ညှပ်တာနဲ့ ရထားတံခါးပိတ်ခါနီး အတင်းဖြတ်ဝင်မှုကြောင့် တံခါးပြန်အဖွင့်အပိတ်လုပ်ရတာတာကြောင့် ဖြစ်ပွားရတာက ၁၆ရာခိုင်နှုန်းလောက်ရှိပါတယ်။ ပိုများပါတယ်။ရထားကုမ္ပဏီကြောင့်ဖြစ်ပွားရတဲ့နောက်ကျမှုမျိုးကတော့ ၆ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

မိနစ်သုံးဆယ်ကျော်နောက်ကျမှု 大規模遅延

မိနစ်သုံးဆယ်ကျော်နောက်ကျမှုကတော့ ရာခိုင်နှုန်းတစ်ဝက်ကျော်ကျော်ကတော့ ရထားအသုံးပြုသူကြောင့်ဖြစ်ပြီး ဒီအထဲမှာ မိမိကိုယ်ကိုသတ်သေရန်ကြိုးပမ်းမှု ၄၉.၄ ရာခိုင်နှုန်း၊ ရထားလမ်းကြောင်းပေါ်ကျူးကျော်ဝင်ရောက်မှု၊ ဖျက်ဆီးမှုက ၂၄.၈ရာခိုင်နှုန်းတို့ပါဝင်ပါတယ်။အခြားအကြောင်းအရာအနေနဲ့ မီးမတော်တဆမှု ၊ရထားကုမ္ပဏီကြောင့်ဖြစ်တဲ့ နောက်ကျမှုတွေလည်း ရှိပါတယ်။

ပညာရှင်အရဆိုရင်တော့ ရထားနောက်ကျမှုဆိုတာက အကြောင်းအရင်းအသေးလေးတစ်ခုကနေ ထပ်ဆင့်ပြီး ဖြစ်ပွားလာတယ်လို့ ဆိုပါတယ်။ ရထားထွက်ခါနီးမှာ အတင်းပြေးတက်တာကိုရပ်ပါလို့ ကြေညာချက်ထုတ်ပြန်ရင်ရင်လည်း မိမိအတွက်ကတော့ အလုပ်၊ ကျောင်းနောက်ကျမှာစိုးလို့ စီးချင်တယ်။အတင်းပြေးတက်တာကြောင့် ဘူတာတစ်ခုမှာနောက်ကျမှုုဖြစ်ပြီဆိုရင် ပထမဘူတာ၊ ဒုတိယဘူတာ နောက်ဘူတာတွေထပ်ဆင့်ပြီးတော့ နောက်ကျတဲ့အချိန်ပိုတိုးလာရတာပဲဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေကိုကာကွယ်ဖို့အတွက် ရထားကုမ္ပဏီကနေ ရထားနောက်ကျကာကွယ်မှုအစီအစဉ်တွေကို ပြုလုပ်နေကြပါတယ်။

ခေးအိုး(keio)ရထားလိုင်းရဲ့ ပလက်ဖောင်းမှာဆိုရင် တက်တဲ့လူနဲ့ဆင်းတဲ့သူအတွက်နေရာကို ပြသပေးထားတဲ့ အမှတ်အသားရှိပါတယ်။ ဒီလိုအမှတ်အသားပြုလုပ်မှုကြောင့် အတက်အဆင်းက လွယ်ကူချောမွေ့စေပြီးတော့ ရထားနောက်ကျတာကို ကာကွယ်နိုင်တဲ့လို့ဆိုပါတယ်။

နောက်ကျတဲ့အကြောင်းပြချက်သတ်မှတ်မှုတွေကဘာတွေလဲ

線路内立ち
ရထားလမ်းကြောင်းပေါ်ဝင်ရောက်တာကြောင့်ရထားနောက်ကျမှုထဲမှာ ရထားပေါ်ကမသာမာသူက ထွက်ပြေးတဲ့အခါမှာ ရထားလမ်းပေါ်ကနေ ထွက်ပြေးမှု၊ မိမိကိုယ်ကိုသတ်သေဖို့ရထားလမ်းကြောင်းထဲ ဝင်ရောက်ခုန်ချမှု၊ ပလက်ဖောင်းပေါ်ကနေ မတော်တတရထားလမ်းပေါ်ပြုတ်ကျမှု။

急病人の救護
နေမကောင်းဖြစ်သူကြောင့်ရထားရပ်တန့်မှု။ ဒါကတော့စကားလုံးအတိုင်းပါပဲ ရထားပေါ်ရောက်မှ နေမကောင်းတာ၊ ရထားကြပ်တာတွေကြောင့် မူးလဲတာမျိုးတွေဖြစ်ပွားချိန် မူးမေ့မတတ်ဖြစ်တာကြောင့် အရေးပေါ်ခလုတ်နှိပ်လိုက်တဲ့ အချိန်မှာ ရထားရပ်တန့်လိုက်ရပြီး ဒီအခြေအနေမျိုးကို လို့ပြောကြပါတယ်။

車内点検
ရထားအတွင်းစစ်ဆေးမှုပြုလုပ်ခြင်းကြောင့်ရထားနောက်ကျမှု၊ ရထားအတွင်းမှာပုံမှန်မဟုတ်တဲ့အနံအသက်ရမှူ၊ အော့အန်ထားမှု၊ပုံမှန်မဟုတ်တဲ့ အရည်တွေ အထုတ်အပိုးတွေ တွေ့ရှိမှု
ရထားမှန်ပြတင်းတံခါးမှာ ကွဲရာထင်မှုမှန်ကွဲမှု အစရှိသဖြင့် ရထားတွဲအတွင်းမှာ အဆင်မပြေတာမျိးတွေဖြစ်တဲ့အချိန်မှာ သုံးပါတယ်။

ရထားနောက်ကျမှုတွေကြောင့် အလုပ်၊ ကျောင်း၊ ချိန်းဆိုထားမှုတွေ နောက်ကျမှုဖြစ်ပွားတတ်တာကြောင့် ရထားနောက်ကျတာကို စစ်ဆေးနိုင်တဲ့ဆိုဒ်တွေကို သတိထားကြည့်ရှုဖို့လည်းလိုအပ်ပါတယ်။

ဒီဆိုဒ်တွေကနေ အက်ပလီကေးရှင်းတွေလည်း ထုတ်ထားတာတွေရှိတာကြောင့် အက်ပလီကေးရှင်းမှာ ကိုယ်စီးနေကျရထားလိုင်းကို မှတ်သားထားပြီး နောက်ကျရင် နိုတီပေးဖို့ လုပ်ဆောင်နိုင်ပါတယ်။

https://www3.nhk.or.jp/news/traffic/

https://transit.yahoo.co.jp/traininfo/top

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်