ဂျပန်အစိုးရထောက်ပံငွေကို အွန်လိုင်းကနေ လျှောက်ဖို့ဆိုရင်

May 2, 2020 at 10:44 AM

ဂျပန်အစိုးရထောက်ပံငွေ ယန်း၁၀၀၀၀၀ကို မေလတစ်ရက်နေ့က စပြီး အွန်လိုင်းကနေ စတင်လျှောက်နိုင်ပါပြီ။ ရပ်ကွက်ဒေသအပေါ်ကို လိုက်ပြီးတော့ လျှောက်နိုင်မယ့် ရက်က ကွာခြားပါတယ်။ ကိုယ့်မြို့နယ်မှာလျှောက်လို့ရပြီလားဆိုတာကို အောက်ပါလင့်မှာ အတည်ပြုနိုင်ပါတယ်။

အွန်လိုင်းကနေ လျှောက်ဖို့ဆိုရင် လိုအပ်တာတွေက 

My Number Card
လျှောက်မယ့်သူ တစ်နည်းအားဖြင့် အိမ်ထောင်ဦးစီးရဲ့ My Number Card။ တစ်ခုသတိထားရမှာက အမျိုးအစားက နံပါတ်၊ နေရပ်လိပ်စာ၊ နာမည်ပဲ ပါတဲ့ စက္ကူနဲ့ ဓာတ်ပုံ၊ နေရပ်လိပ်စာ၊ နာမည်ပါတဲ့ ကတ်ပြားအမျိုးအစား ဆိုပြီးရှိပါတယ်။ အွန်လိုင်းကနေလျှောက်ရင် အသုံးပြုရမှာက ဓာတ်ပုံပါတဲ့ ဟာပါ။ နမူနာက အောက်ကပုံလိုမျိူးပါ။

ကတ်မရှိဘူးဆိုရင် အောက်ကလင့်မှာလျှောက်ထားနိုင်ပါတယ်။
https://kyufukin.soumu.go.jp/ja-JP/mynumber/

Phone or PC
အသုံးပြုလို့ရမယ့်ဖုန်းအမျိုးအစားကို အောက်ပါလင့်မှာ အတည်ပြုပါ။
https://faq.myna.go.jp/faq/show/2587?site_domain=default
ကွန်ပျူတာနဲ့လျှောက်ရင် IC card Reader

မိုင်နာဘာကတ်ဖတ်ဖို့ အက်ပလီကေးရှင်း AP
マイナポータルAP

ကွန်ပျူတာVersion၊ Android Version IOS Version၊ ဗားရှင်းကို အောက်ပါလင့်ကနေ တစ်ဆင့်ဒေါင်းပါ။
https://app.oss.myna.go.jp/Application/resources/dousakankyou/index.html
အဆိုပါလင့်မှာပဲအသုံးပြုမယ့် ကွန်ပျူတာရဲ့ OS Broweser Version၊ Andriod Version IOS Version အတည်ပြုနိုင်ပါတယ်။

လျှို့ဝှက်နံပါတ်
My number card ရယူချိန်မှာ ပေးခဲ့တဲ့ အက္ခရာဂဏန်းခြောက်လုံးကနေ ဆယ့်ခြောက်လုံးရှိတဲ့ လျှို့ဝှက်နံပါတ်လိုပါတယ်။ ငါးကြိမ်မှားခွင့်ရှိပါတယ်။ ခြောက်ကြိမ်မြောက်မှာ လော့ချပြီးတော့ လော့ပြန်ဖြည့်ဖို့ဆို မြို့နယ်ရုံး မှာ သွားလုပ်ရမှာပါ။

ဘဏ်နဲ့ပက်သက်တဲ့အချက်အလက်
ဘဏ်အကောင့်နံပါတ်၊ ဘဏ်အကောင့်ဖွင့်ထားတဲ့ ဘဏ်ခွဲနံမည် 支店名?၊ဘဏ်စာအုပ် ဒါမှမဟုတ် Cash Card ၊ အင်တာနက်ဘဏ်Internet Banking Service App or Web ရဲ့ မိမိနာမည်၊ မိမိဘဏ်အကောင့်ကို အတည်ပြုလို့ရတဲ့ScreenShotလည်းရပါတယ်

လျှောက်လွှာတင်ရန်လင့်ထဲကို ဝင်ပါ။
https://app.oss.myna.go.jp/Application/search

နေထိုင်ရာဒေသကိုရွေးပါ 地域を選らんでぅださい

မိမိနေရပ်လိပ်စာရဲ့စာတိုက်နံပါတ်ကိုရိုက်ထည့်ပြီး 地域を検索 ကို နှိပ်ရင် ခရိုင်ဒါမှမဟုတ် ပြည်နယ်都道府県၊ မြို့ရပ်ကွက်市町村အလိုအလျောက်ရွေးပေးပါလိမ့်မယ်။ ရိုက်ထည့်တဲ့အခါ Hypenမပါပဲရိုက်ထည့်ပါ။ စာတိုက်နံပါတ်မရိုက်ထည့်ပဲ 都道府県を選択 ၊ 市町村を選択တိုက်ရိုက် ကနေ ပြီးလည်းရွေးနိုင်ပါတယ်။

မိမိလျှောက်မယ့်ဝန်ဆောင်မှုကို ရှာပါ။ 検索方法を選らんで手続きを検索してください。

特別定額給付金ကို အမှန်ထည့်ပြီးတော့ この条件で探すကိုနှိပ်ပါ။

特別定額給付金ကို အမှန်ထည့်ပြီးတော့ ဆိုတာကို နှိပ်ပါ။

◆Mynumber Card ၊PCနဲ့လျှောက်မယ်ဆိုရင် IC card Reader၊ マイナポータルAP စုံပြီဆိုရင် အိုကေကိုနှိပ်ပါ။

◆次へすすむကိုနှိပ်ပါ။

◆ STEP 3 STEP 4 မှာ အမှန်ခြစ်ပြီး 次へすすむကိုနှိပ်ပါ။

ご連絡先の入力

ご連絡先の入力မျက်နှာပြင်မှာ မိမိမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ဖြည့်ပါ။
မေးလ်လိပ်စာကနှစ်ခါဖြည့်ရမှာပါ။ 次へ進む ကိုနှိပ်ပါ။

申請者情報の入力

မိမိရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ဖြည့်ပါ။

マイナンバーカードを読み取りကိုနှိပ်ရင်တော့ ရောက်သွားပြီး ကိုယ့်ဒေတာကို အော်တိုဖြည့်ပေးပါလိမ့်မယ်။ မလုပ်ရင်လည်းရပါတယ်။

氏名(漢字) နာမည်ကို Alphabet ဒါမှမဟုတ် Katakanaနဲ့ဖြည့်ပါ
氏名(フリガナ) နာမည်ကို Katakanaနဲ့ဖြည့်ပါ
生年月日 မွေးသက္ကရာဇ် ဂျပန်မွေးနှစ်ပါဖြည့်ရမှာပါ
性別 လိင်
郵便番号 စာတိုက်နံပါတ်
現住所 နေရပ်လိပ်စာ
電話番号 လျှောက်ထားသူဖုန်းနံပါတ်

必須အမှတ်အသားပါတဲ့နေရာက မဖြစ်မနေဖြည့်ရမယ့်နေရာပါ။


နောက်တစ်မျက်နှာကို ဆက်သွားရင်မိမိလျှောက်လွှာတင်မယ့်ရပ်ကွက် 提出先市区町村 ၊ 世帯主(申請 受給者)အရှေ့မှာဖြည့်ခဲ့အချက်အလက်တွေကို အော်တိုဖြည့်ပေးထားပါလိမ့်မယ်။


世帯主(申請 受給者)က အစိုးရထောက်ပံ့ငွေကို လက်ခံယူမယ့် အိမ်ထောင်ဦးစီး ဘဏ်အကောင့်ပိုင်ရှင်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ပါ။ 給付対象者1ကလည်း世帯主 ရဲ့နာမည်ကိုအော်တိုဖြည့်ပေးထားပါလိမ့်မယ်။ 給付対象者ကတော့ တကယ်ငွေကိုသုံးစွဲမယ့်သူကို ဖြည့်ရတာပါ။


ဒါကြောင့်မို့世帯主 ငွေကို မသုံးစွဲဘူးဆိုရင်သုံးစွဲမယ့် 給付対象者1တခြားမိသားစုဝင်နာမည်ကို ဖြည့်ပါ။ ဆယ်ယောက်အထိ ဖြည့်နိုင်ပါတယ်။ ဆယ်ယောက်ကျော်ရင် နောက်တစ်ခုလျှောက်ရပါမယ်။ 給付金額合計ကတော့ အလိုအလျောက်ငွေကို တွက်ပေးပါလိမ့်မယ်။

受取口座情報
ငွေကို လက်ခံရယူမယ့်ဘဏ်အကောင့်အချက်အလက်ကိုဖြည့်သွင်းပါ
受取口座情報(ゆうちょ銀行)ゆうちょ銀行ဘဏ်သုံးစွဲသူတွေက ဖြည့်ပါ။


受取口座情報(ゆうちょ銀行を除く)တခြားသောဘဏ်သုံးစွဲသူတွေက ကို ဖြည့်ပါ။

次へすすむကိုနှိပ်ပါ။

入力内容の確認 မျက်နှာပြင်မှာ မှာ ဖြည့်စွက်ထားတဲ့ အချက်အလက်မှန်မမှန်စစ်ဆေးပါ။

添付書類の登録 မျက်နှာပြင်မှာ ငွေလက်ခံဘဏ်အကောင့်ရဲ့အချက်အလက်ကို သိသာထင်ရှားစေနိုင်မယ့်ဘဏ်စာအုပ်၊ Cash card ၊ Internet banking Screenshot ကို choose file မှာ တွဲပြီးတော့ 次へすすむပို့ပေးပါ။

添付書類の確認 မျက်နှာပြင်မှာ
上記を確認同意し、次へ ကိုနှိပ်ပါ။

電子署名の付与
My number Card ကိုマイナポータルAPနဲ့ဖတ်ရမှာပါ။ My number Card ထုတ်ယူတုန်းက ပေးခဲ့တဲ့ လျှို့ဝှက်နံပါတ်လိုပါတယ်။ငါးကြိမ်မမှားအောင်သတိထားပါ။
電子署名を付与する ကိုနှိပ်ပါ။

အက်ပလီကေးရှင်းထဲရောက်ရင် လျှို့ဝှက်နံပါတ်ထည့်ပါ။


My number Cardအပေါ်ကို ဖုန်းတင်ပြီး Scan ဖတ်ပါ။


Scan Completed ဖြစ်ရင် Browser ဆီပြန်သွားပါ။

送信を発行 
မျက်နှာပြင်မှာ 送信する ကိုနှိပ်ပါ။

送信完了
ကိုရောက်ရင်တော့ လျှောက်တာပြီးသွားပါပြီ။


控えをダウンロードをする
登録アドレスに送信
ရှိပါတယ်။ မိမိလျှောက်ထားတဲ့အချက်အလက်ကို ဒေါင်းလုပ်လုပ်ပြီး သိမ်းဆည်းတာ ဒါမှမဟုတ် မေးလ်ကို ပို့စေပြီး သိမ်းထားလို့ရပါတယ်။

Tags: