Netflix and Distancing During Pandemic

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေတုန်း အိမ်မှာ Social Distancing နေကြတဲ့ သူတွေကော Work from home လုပ်နေကြတဲ့ တွေအတွက် အားလပ်တဲ့အခါ ကြည့်ရှုနိုင်မဲ့ Netflix က ဂျပန်စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက ထွက်ထားတာ ကြာပြီဖြစ်ပေမဲ့ မကြည့်ရသေးသူတွေအတွက် ကြိုက်နှစ်သက်စေမယ့် စီးရီးတစ်ခု ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။
ဇာတ်လမ်းက ဂျပန်နိုင်ငံ Showa ခေတ် ၁၉၇၀ ခုနှစ် ဝန်းကျင်လောက်ကနေ ၁၉၈၉ ခုနှစ် ဂျပန်ဧကရာဇ် Hirohito ပျံလွန်တော်မူတဲ့ Showa နောက်ဆုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဂျပန်ရဲ့ AV(porn) Industry ပြိုင်ဆိုင်မှုတကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတာပါ။

ဇာတ်လမ်းအရတော့ ကုမ္ပဏီနာမည်တွေ လူနာမည်တွေကို အကုန်ပြောင်းလဲရိုက်ကူးထားပေမဲ့ research လုပ်ကြည့်လိုက်ရင် ရုပ်ရှင်ထဲက ဘယ်ကုမ္ပဏီက အပြင်က ဘယ်ကုမ္ပဏီဆိုတာ ခန့်မှန်းရလွယ်ပါတယ်။ ကုမ္ပဏီနာမည်တွေကိုတော့ ဒီ post အဆုံးမှာဖော်ပြပေးပါ့မယ်။
စာရေးသူတစ်ယောက် Crow Zero ဇာတ်ကားကတည်းက စောင်ရမ်းကိုသဘောကျခဲ့တဲ့ မင်းသားကြီး Yamada Takayuki ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် Muranishi Toru အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Miranishi ဟာ Sapporo, Hokkaido က သာမန် အရောင်းဝန်ထမ်းဘဝ အောက်ခြေကစခဲ့ရသူဖြစ်ကြောင်းရိုက်ပြထားတယ်။ motivation မရှိ၊ quota ထိအောင် ဈေးမရောင်းနိုင်တဲ့ Muranishi ဟာ အလုပ်က best seller တွေထဲကတစ်ယောက်ဖြစ်တဲ့ စီနီယာရဲ့ အကြံပေးတာကို နားထောင်ပြီး သူ့ရဲ့ကိုယ်ပိုင် sale pitch နဲ့ တက်တက်ကြွကြွ အားတက်သရော ဈေးရောင်းကြည့်ရာကနေ ကုမ္ပဏီတစ်ခုလုံးမှာ အတော်ဆုံးတကာ့တော်ဆုံး best feller ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ကံမကောင်းအကြောင်းမလှတာတွေကြောင့် အလုပ်ကလည်း ဒေဝါလီခံ၊ အိမ်ထောင်ရေးလဲပြိုကွဲပြီး သူ့ဘဝရဲ့ အရေးကြီးတဲ့အချိုးအကွေ့တစ်ခုကိုရောက်သွားခဲ့ရာကနေ ဇာတ်လမ်းရဲ့ဇာတ်ဦးပိုင်းစတာပါ။
အဲ့လို အခြေအနေကနေပြီးတော့ လူမှန်သူမှန် အဆက်သွယ်မှန်တွေနဲ့တွေ့ပြီး ရည်မှန်းချက်ကြီးကြီး စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ လက်ရဲဇက်ရဲလုပ်နိုင်တဲ့လုပ်ရည်ကိုင်ရည်ကြောင့် ၃ လအတွင်း Hokkaido ကျွန်းမှာ Hokudai Kanda Books ဆိုတဲ့ဆိုင်နာမည်နဲ့ အဖော်အချွတ်အပြာမဂ္ဂဇင်းရောင်းချတဲ့ chain store ဆိုင်ခွဲအများဆုံးပိုင်ဆိုင်သူ သူဌေးလောင်းတစ်ယောက်ဖြစ်လာရော။ သူ့ရဲ့အရောင်းရဆုံး ထုတ်ကုန်ကတော့ ဆင်ဆာမဲ့(uncensored) Suzuran(すずらん) ဆိုတဲ့ အပြာမဂ္ဂဇင်းပါပဲ။ အဲ့ခေတ်က အပြာမဂ္ဂဇင်းတွေကိုဂျပန်လို bini-bon လို့ခေါ်ကြပါတယ်။ အားပေးသူတွေရဲ့ အပြာမဂ္ဂဇင်းနဲ့ပတ်သက်ပြီးတောင်းဆိုမှုကဘယ်လောက်အထိများသလဲဆိုရင် Yakuza တွေတောင် meth နဲ့ cocaine အပြင် တရားမဝင်ဆင်ဆာမဲ့အပြာမဂ္ဂဇင်းတွေကိုရောင်းချရာကနေ ဝင်ငွေအများအပြားရပြီး စီးပွားအတော်ကိုဖြစ်ကြတယ်ဆိုပဲ။
စီးပွားပြိုင်ဘက်ဖြစ်တဲ့ Poseidon ဆိုတဲ့ ကုမ္ပဏီပိုင်ရှင် ရဲ့ မသာမာမှုတွေအောက်မှာ Muranishi တစ်ယောက်အလူးအလဲခံခဲ့ရပင်မယ့် အပြာမဂ္ဂဇင်းတွေခေတ်ကနေ အပြာကား(Adult Video) တွေခေတ်ကိုအကူးအပြောင်းမှာ Muranishi တစ်ယောက် Tokyo အထိတက်ပြီး Yakuza တွေရဲ့အကူအညီနဲ့ Kabukicho က ဂိုဒေါင်တစ်ခုမှာ Sapphire Pictures ဆိုတဲ့ အပြာကားရိုက်ကူးရေးကုမ္ပဏီအသေးလေးတစ်ခုကို စတင်တည်ထောင်နိုင်ခဲ့တယ်။ အပြာကားတွေထဲမှာ POV(Point of View) style ကို စရိုက်ခဲ့တာ Muranishi လို့လည်းပြောကြပါတယ်။ ၁၉၇၅ ခုနှစ်မှာ Sony ရဲ့ betamax tape နဲ့ JVC ရဲ့ VHS tape တို့ ထိပ်တိုက်တွေ့တဲ့ tape format war ဖြစ်နေတဲ့အချိန်ပေါ့။ အဲ့အခွင့်အရေးကိုမြင်တဲ့ Poseidon က JVC ကို နောက်ကွယ်ကနေထောက်ပံ့တဲ့အနေနဲ့ အပြာကားတွေကို VHS tape format တွေနဲ့ အများအပြားထုတ်ဝေဖြန့်ချီခဲ့တယ်။
ရုပ်ရှင်ဇာတ်ကားတွေရော အပြာကားတွေပါ VHS နဲ့ထုတ်လုပ်ဖြန့်ချီရာမှာ ဘယ်လောက်တောင်များပြီး အောင်မြင်ခဲ့သလဲဆိုရင် VCR စက်တွေဟာ VHS tape ခွေတွေကိုပဲ support ပေးတော့အထိဖြစ်သွားပါတော့တယ်။
အဲ့လိုပြိုင်ဆိုင်မှုတွေတင်းမာပြီး ဇာတ်ရှိန်တက်လာတာကိုကြည့်ရတာ တကယ့်ကို အရသာရှိပါတယ်။

ဒီဇာတ်လမ်းထဲမှာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို ကျနော်တို့မရင်းနှီးတဲ့ရှုထောင့်တစ်ခုကနေတွေ့ရပါတယ်။ အပြာကားတွေကိုတရားဝင်ရိုက်ဖို့ဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေအပြင်(မူဆလင်ဘာသာကိုးကွယ်တဲ့နိုင်ငံတွေဆို ပိုဆိုးဝါးပါတယ်) တရုတ်နဲ့ ကိုးရီးယားမှာ လုံးဝမဖြစ်နိုင်ပါဘူး၊ တရားမဝင်လို့ပါ။ amateur စာရင်းဝင်ဖြစ်တဲ့ ကိုယ်တိုင်တစ်နိုင်တစ်ပိုင် phone camera, camcorder, video recorder တွေနဲ့ရိုက်တဲ့ကားတွေရှိပင်မယ့် သူတို့လည်း တရားမဝင်ပါဘူး။ကိုးရီးယားအပြာကားတွေကို half ကားလို့ခေါ်တာတောင်ကြားဖူးမှာပါ။ အဲ့ half ကားတွေဟာ Hollywood ရုပ်ရှင်သရုပ်ဆောင်တွေ လိင်ဆက်ဆံခန်းတွေမှာသရုပ်ဆောင်ရင် ကျား/မ အင်္ဂါတွေကို tape နဲ့ကပ်တာပဲဖြစ်ဖြစ် safety pouch သုံးပြီးပဲဖြစ်ဖြစ်အသုံးပြုပြီးရိုက်ကူးကြတဲ့အတိုင်းပါပဲ။
ဂျပန်ကလည်း တစ်ချိန်ကအပြာကားတွေကို ထိုနည်း၎င်း ရိုက်ကူးခဲ့ကြတာပါ တကယ်လိင်ဆက်ဆံတာမဟုတ်ပါဘူး။
အပြာကားတွေကို ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်တုန်းကစတင် ရိုက်ကူးထုတ်လုပ်ခဲ့ကြပြီး ကနဦးမှာ `pink film´ ဆိုပြီးခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၁၉၈၀ ခုနှစ်ကစတင်ပြီး AV(Adult Video) ဆိုပြီးပြောင်းလဲခဲ့တယ်။ အဲ့ခုနှစ်မှာပဲ VCR စက်တွေကို လူတန်းစားအလွှာစုံ ဝယ်ယူနိုင်လာတဲ့အတွက် အပြာကားကြည့်ရှုသူဦးရေ ပိုတောင်များလာခဲ့ပါတော့တယ်။
အဲ့ခေတ်မှာ အပြာကားတစ်ကား tape ခွေတန်ဖိုးဟာ ဂျပန် ယန်းနဲ့ကို သောင်းကဏန်းမှာရှိခဲ့ပါတယ်(မျက်မှောက်ခေတ်မြန်မာကျပ်နဲ့ဆို သိန်းဂဏန်းပါ) ဆိုင်ခွဲများများစားစားရှိတဲ့ chain store အခွေငှါးဆိုင်ကြီးတွေအချို့နဲ့ လူချမ်းသာအချို့သာ ဝယ်ယူစုဆောင်းနိုင်ခဲ့ကြပြီး သာမန်လူတန်းစားတွေကတော့ အခွေငှါးဆိုင်တွေကပဲ ငှါးရမ်းကြည့်ရှုအားပေးနိုင်ခဲ့ကြပါတယ်။ ဒီဘက်ခေတ်လို လွယ်လွယ်ကူကူ idm ဒါမှမဟုတ် torrent နဲ့ download ဆွဲပြီး hddတို့ zapya တို့ိနဲ့ share လို့မရသလို၊ streaming ကြည့်လို့လည်းမရပါဘူး။
အဲ့အချိန်တုန်းကတော့ AV ဖြန့်ချီရေးကုမ္ပဏီတွေဟာ အခွေငှါးဆိုင်တွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် ညှိနှိုင်းပြီး ကိုင်းကျွန်းမှီ၊ ကျွန်ကိုင်းမှီနေခဲ့ကြရတာပေါ့။ ကိုယ့်အကြိုက်ဆုံး မင်းသမီးရဲ့ အသစ်စက်စက်ထွက်တဲ့ကားကို ငှါးကြည့်ရဖို့ ခွေငှါးဆိုင်ရှေ့မှာ မင်းလားငါလား အပြိုင်တန်းစီခဲ့ရတာတွေလည်းရှိမှာအမှန်ပဲဗျ။
၁၉၇၂ ခုနှစ်မှာ ထိပ်သီးအပြာကားရိုက်ကူးရေး ကုမ္ပဏီတွေပူးပေါင်းပြီး အပြာကားတွေအတွက်ကို Nihon Ethics of Video Association ဆိုပြီး ဆင်ဆာကြီးကြပ်ရေးအဖွဲ့ကိုတောင်ဖွဲ့စည်းခဲ့ပါသေးတယ်။

၁၉၈၀ နောင်းပိုင်းမှာ တကယ်လိင်ဆက်ဆံတဲ့အပြာကားတွေရိုက်ကူးလာပေမယ့်လည်း ဆင်ဆာက ပုလင်းအဖုံးလောက်ရှိတဲ့ အဖြူကွက်ကြီးဆိုတော့ ဘယ်လိုတောင် feel အောက်လိမ့်မလဲ စဉ်းစားကြည့်ပါ။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်မှာတော့(အနီးဆုံးယူဆကြည့်တာပါ) ကြည့်ရှုသူတွေရဲ့ တောင်းဆိုမှုကြောင့် mosaic ဆင်ဆာနဲ့ ပြောင်းလဲရိုက်ကူးနေပါပြီ။ ဂျပန်ဆင်ဆာမဲ့အပြာကားတွေကိုတော့ အမေရိကဈေးကွက်မှာ ဖြန့်ချိလေ့ရှိတယ်။(ဥပမာပြောရရင် ဇာတ်ကားအစမှာ FBI Warning ကြီးပါပြီး Ichinose Ameri တို့ Aoi Sora တို့ Ozawa Maria တို့ပါလေ့ရှိတဲ့ Tokyo Hot label နဲ့ထွက်တဲ့ကားတွေပါ)
Uncensored ကားတွေကို ဂျပန်ပြည်တွင်းမှာဖြန့်ချီရောင်းတာပဲဖြစ်ဖြစ်၊ အခကြေးငွေယူပြီး ငှါးရမ်းတာပဲဖြစ်ဖြစ်လုပ်ရင် ဂျပန်ဥပဒေအရ ဒုစရိုက်မှု ပုဒ်မ ၁၇၅ ကိုဖောက်ဖျက်ကျူးလွန်ရာရောက်ပြီး ထောင်နန်းစံရမှာပါ။ ထောင်ကလွတ်လာရင်တောင် ထုတ်လုပ်ဖြန့်ချီခွင့်ပိတ်ပင်တားမြစ်မှုကို ၃နှစ် ၄နှစ်လောက်ရင်ဆိုင်ရဦးမှာပါ
၁၉၈၀ ခုနှစ်ဝန်းကျင်ကစပြီး ဆယ်စုနှစ်စုစာဖြစ်ခဲ့တဲ့ ဂျပန်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကိုလည်း သမိုင်းအရ လူသိအောင် မပါမဖြစ် ရိုက်ပြထားတဲ့အပြင် အမေရိကန်တွေဟာ ဂျပန်တွေကို စစ်ရှုံးကောင်တွေဆိုပြီး လူမျိုးခွဲခြားတာလည်း မြင်သာအောင်ရိုက်ပြထားပါတယ်။
ဇာတ်လမ်းထဲမှာ 80s တုန်းက hit pop song တွေဖြစ်တဲ့ Pet Shop Boys ရဲ့ Opportunities တို့ Dead Or Alive ရဲ့ You Spin Me Round တို့ကို background music အနေနဲ့သုံးထားတာ ကြားရမှာပါ။
Netflix original series ဖြစ်လေတော့ budget အခိုင်အမာနဲ့ 80s ခေတ်ရဲ့အငွေ့အသက်တွေကို အပြည့်အဝခံစားရမှာအသေအချာပါပဲ။ Opening theme song ရော credit အပိတ်ရော အတော်မိုက်ပါတယ်။ opening theme song ရဲ့ နာမည်က My Wish ပါ[link >> https://youtu.be/MvyaszLSRLk <<] credit အပိတ်က theme song ကတော့ OST ထွက်လာမှ ထည့်ပေးပါမယ်။
Adultery နဲ့ပတ်သက်တဲ့ ဇာတ်ကားတွေရိုက်ကူးတဲ့ Script writer/Director Uchida Eiji ရိုက်ကူးထားတာဖြစ်ပြီး စာရေးဆရာ Motohashi Nobihiro ရဲ့ ဝတ္ထုကို မှီငြမ်းထားတာပါ။
Music အပိုင်းကိုတာဝန်ယူထားတာကတော့ composer Iwasaki Taisei ဖြစ်ပြီးသူတာဝန်ယူခဲ့တဲ့ တခြား title တွေကတော့
Gurren Lagann (2007)
Persona: Trinity Soul (2007)
Soul Eater (2008)
Black Butler (2009)
Jormungand (2012)
JoJo’s Bizarre Adventure: Battle Tendency (2012)
Gatchaman Crowds (2013)
Noragami (2014)
Akame ga Kill! (2014)
Gatchaman Crowds insight (2015)
Noragami Aragoto (2015)
Bungō Stray Dogs (2016-19) ဒီထက်မကရှိသေးပါတယ်။
Cast တွေကတော့ အပေါ်မှာပြောခဲ့တဲ့ Yamada Takayuki က ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်အဖြစ်သရုပ်ဆောင်ပြီး တခြားဇာတ်ရံတွေအဖြစ် ဂျပန်ရုပ်ရှင်တွေ၊နာမည်ကြီးဇာတ်လမ်းတွဲတွေမှာ ပါလေ့ရှိတဲ့ ဝါရင့် သရုပ်ဆောင်တွေဖြစ်တဲ့ ရုပ်ပြစာရေးဆရာသရုပ်ဆောင် Nakagawa Masaya(Little Franky), Kunimura Jun, Ishibashi Ryo, Itao Itsuji, Yoshida Kōtarō တို့အပြင် ဒီဘက်ခေတ် လူငယ်ပိုင်းသရုပ်ဆောင်တွေဖြစ်တဲ့ Mitsushima Shinnosuke, Tamayama Tetsuji, Emoto Tokio တို့က ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းထဲက နာမည်ကြီးအပြာကားမင်းသမီး Kuroki Kaoru နေရာကပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Morita Misato ကတော့ ဒီဇာတ်လမ်းတွဲဟာ သူမရဲ့ career ကိုပြောင်းလဲစေမှာအမှန်ပါပဲ။ Misato တစ်ယောက်ရှေ့ကသရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ အရံအဖြစ် ၁ပိုင်း ၂ပိုင်းသာပါဝင်သရုပ်ဆောင်ခဲ့ရပင်မယ့် ဒီဇာတ်ကားအတွက် ကိုယ်အလေးချိန်ချကာ ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပြီးမှ အမျိုးသမီးဇာတ်ဆောင်အဖြစ် အရေးပါတဲ့နေရာက သရုပ်ဆောင်ခွင့်ရခဲ့ပါတယ်။ (စာရေးသူနဲ့ မွေးနေ့ ၂ ရက်ပဲခြားပြီး blood type O သွေးအတူတူပါပဲ :3 )
မင်းသမီးကြီး Koyuki ကတော့ Megumi(Kuroki Kaoru) ရဲ့ မိခင်နေရာကပါဝင်သရုပ်ဆောင်ထားပါတယ်။
Poseidon ရဲ့အတွင်းရေးမှူးအဖြစ်သရုပ်ဆောင်ထားတဲ့ Hunyri Lee လည်းအတော်ကိုချောပါတယ်၊ ကိုးရီးယားနွယ်ဖွား ဂျပန်နိုင်ငံသူ သရုပ်ဆောင်ပါ။
အရံသရုပ်ဆောင် Itō Sairi ကတော့ Sapphire Pictures crew ရဲ့ မိတ်ကပ်ဆရာမ Junko အဖြစ်သရုပ်ဆောင်ထားပါတယ်။
Antiporno ဇာတ်ကားနဲ့ နာမည်ရခဲ့တဲ့ Tomite Ami လည်း ၃၊ ၄ ခန်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tomite Ami ဟာ AKB48 ရဲ့ member ဟောင်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ 8th Generation kenkyūsei member အဖြစ်ရွေးချယ်ခံခဲ့ရပင်မယ့် full-time member အဆင့်ထိ မရောက်လိုက်ပါဘူး။ သူမဟာ Gravure model/Actress အနေနဲ့ အနုပညာလုပ်ရှားမှုရှိပါတယ်။
IMDB မှာ rating 8.3 ရှိပါတယ်
18+ mature content ဖြစ်တယ်၊ လိင်ဆက်ခံတဲ့အခန်း၊ ဝတ်လစ်စားလစ်အခန်းတွေတော်တော်များများပါ ပါတယ်။
တစ်ပိုင်းပြီးတစ်ပိုင်း ဇာတ်ရှိန်မကျသွားပါဘူး၊ နောက်တစ်ပိုင်းမှာ ဘာဖြစ်မလဲဆိုတာကို လူ့စိတ်ထဲမှာ လောလောလောလောနဲ့ကြည့်ချင်စရာဖြစ်အောင်ဆွဲဆောင်ထားနိုင်ပါတယ်။
အားလပ်ရက်မှာ တစ်ထိုင်တည်းကြည့်ဖို့ တိုက်တွန်းပါတယ်။ စာရေးသူကတော့ စိတ်မထိန်းနိုင်လို့ ညလုံးပေါက်ကြည့်ပလိုက်တယ်။
စာရေးသူရဲ့ rating ကတော့ 9/10 ဖြစ်ပါတယ်။
ကိုယ်သဘောကျပြီး ကိုယ်နဲ့ ရင်နှီးပြီးသား သရုပ်ဆောင်တွေပါတော့ ကြည့်ရတာအတော်ကိုကောင်းပါတယ်။
ဇာတ်လမ်းထဲက ကုမ္ပဏီတွေရဲ့ အပြင်ကနာမည်တွေကတော့
Hokudai Kanda Books >> Kuki Inc.
Sapphire Pictures >> Crystal-Eizou
Poseidon >> Nikkatsu
Nikkatsu နဲ့အတူ Nihon Ethics of Video Association ဆင်ဆာကြီးကြပ်ရေးအဖွဲ့ကို ထူထောင်ခဲ့တဲ့ထဲမှာ Tokusatsu series တွေဖြစ်တဲ့ Super Sentai, Kamen Rider, Metal hero တို့ကို ရိုက်ကူးထုတ်လုပ်တဲ့ Toei တောင်ပါဝင်ခဲ့ပါသေးတယ်။ Toho studio ဆိုရင်လည်း ၁၉၆၀ ခုနှစ်ဝန်းကျင်တုန်းက pink film တွေရိုက်ကူးထုတ်လုပ်ခဲ့ပါသေးတယ်။

Naked Director Muranishi Toru နဲ့ Kuroki Kaoru နှစ်ဦးရဲ့ နာမည်အပြင် Kaoru စတင်ပွဲထွက်ခဲ့တဲ့ အပြာကားနာမည်ကိုပါ အမည်မပြောင်းလဲဘဲရိုက်ကူးထားတာပါ။ Muranishi ဟာ ထောင် ၇ ကြိမ်ကျခဲ့ဖူးပါတယ်။ ၇ ကြိမ်ထဲက ၁ ကြိမ်ဟာ အသက်မပြည့်သေးသူတစ်ယောက်ကို အပြာကားထဲမှာ ပါဝင်သရုပ်ဆောင်စေခဲ့တဲ့အတွက်ကြောင့်ပါ။ ၁၉၈၈ ခုနှစ်မှာ Crystal-Eizou ကနေခွဲထွက်ပြီး Diamond Visual ရိုက်ကူးရေးကို ၁၉၈၉ ခုနှစ်မှာတည်ထောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၁၉၉၂ ခုနှစ်မှာကုမ္ပဏီ bankrupt ဖြစ်သွားခဲ့ပြီး ကိုယ်ပိုင်တိုက်ခန်းတောင် တတ်နိုင်ရုံတမယ်အခြေအနေအထိရောက်သွားပါတော့တယ်။
ယနေ့အထိ AV အပြာကားတွေရိုက်ကူးနေဆဲဖြစ်ပြီး အသက် ၇၁ ရှိပါပြီ၊ ရံဖန်ရံခါဆိုသလို SOD(Soft on Demand) label အပြာကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ဂျပန်ရဲ့ online AV website DMM အတွက်လည်း ဇာတ်ညွှန်းတွေရေးပေးနေဆဲပါပဲ
Kuroki Kaoru ကတော့ ဇာတ်ကားထဲကအတိုင်းပါပဲ၊ စည်ကမ်းတင်းကျပ်တဲ့ မိသားစုကကြီးပြင်းလာတာဖြစ်ပြီး Yokohama National University မှာ အနုပညာသင်ယူလေ့လာခဲ့တဲ့ ခေတ်ပညာတတ်တစ်ယောက်ပါ။ Italy ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး အနောက်တိုင်းရဲ့ အပြာကားရိုက်ကူးတဲ့ လောကကို လေ့လာခဲ့ပါသေးတယ်။
သူမရဲ့အောင်မြင်ကျော်ကြားမှုကြောင့် ရုပ်သံအစီအစဉ်တွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ကြော်ငြာတွေ နဲ့ မဂ္ဂဇင်းတွေမှာပါ အကြိမ်ပေါင်းများစွာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဂျပန်နိုင်ငံက အရွယ်ရောက်ပြီးသား သမီးပျိုတွေနဲ့ အိမ်ထောင်ရှင်မတွေကိုယ်စား အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစိတ်ခံစားချက်တွေအကြောင်းကို ရုပ်သံဖန်သားပြင်ပေါ်မှာရော လေလှိုင်းကနေပါ ယဉ်ယဉ်ကျေးကျေး ရဲရဲဝံ့ဝံ့ ဖွင့်ဟပြောဆိုနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေ အလုပ်ခွင်မှာ ရုန်းကန်ရတာတွေ၊ အမျိုးသားတွေနဲ့အခွင်အရေးတန်းတူရရှိဖို့ စတာတွေကို အားပေးလှုံ့ဆော်ခဲ့ပါတယ်။
သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် အပြာကားမင်းသမီး (AV Idol/Actress) တွေအပေါ် ဂျပန်လူထုရဲ့ အမြင်ဟာပြောင်းလဲလာခဲ့တာပါ။ Kuroki Kaoru ဟာ SM အပိုင်းမှာလည်း နာမည်အတော့်ကို ကျော်ဇောခဲ့တယ်။ ဂျပန်ရဲ့ ပထမဦးဆုံး high profile အဆင့်အတန်းမြင့် အပြာကားမင်းသမီးလို့ သမုတ်ခံခဲ့ရတဲ့ Kaoru ဟာ ၁၉၉၄ မှာ ဖျော်ဖြေရေးလောက ကနေအနားယူခဲ့ပါတယ်။
Written by – Third World Wota Kwee
References : Wiki Pedia, Asian Wiki, IMDB

Leave a Reply

Your email address will not be published. Required fields are marked *

သွားမယ် အထောက်အကူ

CBD Product တွေ ဝယ်မယ်ဆိုရင်

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန် ၁၉၄၈ ခုနှစ် မှစ၍ပထမဆုံးအမျိုးသားဆေးခြောက်ထိန်းချုပ်ရေးအက်ဥပဒေကိုအတည်ပြုခဲ့ပြီး ဆေးခြောက်သုံးစွဲမှုကို အတင်းအကျပ် ကိုင်တွယ်အရေးယူဆောင်ရွက်ခဲ့သည်။

Read More
အထောက်အကူ

ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

Read More
ရိုးရာယဉ်ကျေးမှု အထောက်အကူ

ဂျပန်မိုးရာသီဆိုတာ

ဂျပန်၏မြောက်ဘက်ခြမ်းဖြစ်သော Hokkaido တွင်မိုးရာသီမရှိကြောင်း သိရသည်။ အကြောင်းရင်းမှာ မိုးရာသီအစ မိုးသည်းထန်စွာရွာသွန်းမှုသည် ဟော့ကိုင်းဒိုး ကို ရောက်သောအခါ အားနည်းသွားပြီး မိုးရာသီကဲ့သို့ ရှည်လျားသော ရာသီ မဖြစ်ပေါ်သောကြောင့်ဖြစ်သည်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်