N U C L E A R H O L O C A U S T

August 11, 2020 at 9:11 AM

အက်တမ်မှစွမ်းအင်ထုတ်ယူနိုင်မှုသည် သိပ္ပံသမိုင်းတွင် အဓိကအောင်မြင်မှုကြီးတစ်ရပ်ဖြစ်ပြီး အက်တမ်၏စွမ်းအင်ကို အကောင်းဆိုး နှစ်ဖက်စလုံးတွင် ထိရောက်စွာ အသုံးပြုနိုင်သည်။ အဆိုးဖက်ဖြစ်သော စစ်မက်ရေးရာ၌ ထိုစွမ်းအင်ကို အသုံးပြုမည်ကိုဆိုလျှင် ကမ္ဘာတစ်ရပ်လုံးရှိ ယဉ်ကျေးမှုကို အစအန ရှာတွေ့နိုင်ဖွယ်မရှိတော့ပေ။ အကောင်းဖက် ဖြစ်သော စက်မှုလုပ်ငန်းတို့၌ အသုံးချနိုင်မည်ဆိုလျှင် လောက နိဗ္ဗာန်ကိုပင် ဖန်တီးနိုင်စရာအကြောင်းရှိပေသည်။

အက်တမ်ဗုံး မပေါ်သေးမီက ရူပဗေဒပညာရှင်ကြီးများ သည် ဒြဗ်နှင့်စွမ်းအင်မှာ သီးခြားစီဖြစ်သည်ဟု ယူဆခဲ့ကြ၏။ ဒြဗ်ကို ဖန်တီးခြင်းငှာသော်လည်းကောင်း၊ ဖျက်ဆီးခြင်းငှာသော် လည်းကောင်း မစွမ်းဆောင်နိုင်ဟု ယူဆခဲ့ကြသည်။ စွမ်းအင်ကို လည်း ထို့အတူ ယူဆခဲ့ကြသည်။ သို့ရာတွင် အိုင်စတိုင်းခေတ် သို့ရောက်သောအခါ ဒြဗ်နှင့်စွမ်းအင်ကို တစ်ခုတည်းအဖြစ် ပူး ပေါင်းကြံစည်ကြည့်လာသည်။

အက်တမ်တည်ဆောက်ပုံနှင့် စပ်လျဉ်း၍ လော့ရားသားဖို့ က အက်တမ်တွင် နျူကလိယပ် (ဗဟိုဝတ်ဆံ) ရှိသည်ဟု ပြောခဲ့သည်။ ဗိုး ဆိုသူက တစ်ဖန်ထပ်ပြီး အီလက်ထရွန်များ သည် နျူကလိယပ်ကို လှည့်လည်ကာ ဂြိုဟ်များ နေကိုပတ်၍ သွားနေသကဲ့သို့ သွားနေကြသည်ဟု တိုးချဲ့ပြီးပြောခဲ့ပြန်သည်။ ယခုအခါ ယူဆနေကြသည်မှာ အက်တမ်တွင် ပရိုတွန်၊ နျူထ ရွန်နှင့် အီလက်ထရွန်တို့ ပါဝင်သည်။ ပရိုတွန်နှင့် နျူထရွန် သည် အက်တမ်၏ နျူကလိယပ်တွင်ရှိပြီးလျှင် အီလက်ထရွန် တို့သည် နျူကလိယပ်ကို လှည့်ပတ်ကာ သွားနေကြသည်။ ပရိုတွန်တွင် လျှပ်စစ်အဖိုဓာတ်ရှိပြီးလျှင် အီလက်ထရွန်တွင် တူ ညီသည့် လျှပ်စစ်အမဓာတ်ရှိသည်။ နျူထရွန်တွင်ကား လျှပ်စစ် ဓာတ် လုံးဝမရှိချေ။ သာမန်ဓာတ်ပြောင်းမှုတွင် အက်တမ်၏ နျူကလိယပ်၌ မည်သို့မျှပြောင်းလဲမှုမရှိဘဲ အက်တမ်ချင်းသာ ပေါင်းစပ်၍ မော်လီကျူးများ ဖြစ်ကြသည်။ သို့ရာတွင် အက်တမ်မှ စွမ်းအင်ထုတ်လွှတ်ရာ၌ကား နျူကလိယပ်တွင် ပြောင်း လဲမှုရှိလေသည်။

လျှပ်စစ်ဓာတ်အားသည် ပရိုတွန်များကို တစ်ခုနှင့် တစ်ခု ဖဲကြဉ်စေမည် ဖြစ်သော်လည်း နျူထရွန်များကိုမူကား မည်သို့မျှမပြုလုပ်နိုင်ချေ။ ထို့ကြောင့် အခြားအား တစ်စုံတစ်ခု မရှိဘဲ အက်တမ်၏ နျူကလိယပ်သည် စု၍နေနိုင်မည်မဟုတ် ပေ။ အက်တမ်၏နျူကလိယပ်အတွင်း မပြောနိုင်လောက်အောင် သေးငယ်သည့် အကွာအဝေးများအကြားတွင် ပရိုတွန်များနှင့် နျူထရွန်များကို စုစည်းသောအားရှိသည်။ ထိုအားကို စုစည်း အားဟုခေါ်သည်။

နျူကလိယပ်တစ်ခုမှ စုစည်းအားပို၍များသည့် အခြား နျူကလိယပ်တစ်ခုသို့ ပြောင်းလဲသည့်အခါတိုင်းတွင် ဒြဗ်ထု သည် လျော့နည်းသွား၍ ထိုလျော့နည်းသွားသော ဒြဗ်ထုသည် စွမ်းအင်ဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချက်ကို အခြေပြု၍ ရူပဗေဒဆရာကြီးများသည် အက်တမ်စွမ်းအင်ရနိုင်သည့်နည်းမှာ နှစ်နည်းရှိကြောင်းကို တွေ့ခဲ့ကြသည်။ ပထမနည်းမှာ အလွန် ပေါ့သော နျူကလိယပ်များကို လေးသော နျူကလိယပ်များ အဖြစ်သို့ ပြောင်းပေးသောနည်းဖြစ်၍ ဒုတိယနည်းမှာ အလေး ဆုံးဖြစ်သည့် နျူကလိယပ်များကို ခွဲပစ်သောနည်းဖြစ်သည်။ နက္ခတ္တဗေဒဆရာကြီးများက နေနှင့်ကြယ်များအတွင်း၌ဖြစ်သော စွမ်းအင်မှာ ပထမနည်းအရဖြစ်သည်။ ထိုနည်းဖြင့် စွမ်းအင်ရရှိ အောင် လူတို့ပြုလုပ်ခြင်းငှာ စွမ်းနိုင်မည်မဟုတ်ဟု ဆိုကြ သည်။ အက်တမ်ဗုံး ပြုလုပ်ရာတွင် အသုံးပြုသောနည်းမှာ ဒုတိယနည်းဖြစ်သည်။

အက်တမ်၏ နျူကလိယပ်များကို ဖြိုခွဲနိုင်သည့်နည်းကို သိပ္ပံကဝိအများပင် စုံစမ်းလေ့လာခဲ့ကြ၏။ ၁၉၁၉ ခုနှစ်သို့ ရောက်သောအခါ အက်တမ်ဆောက်တည်ပုံကို ပြောခဲ့သည့် ရားသားဖို့ကပင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များဖြင့် နိုက်တြိုဂျင်ကို ဖောက်ကြည့်ရာ နိုက်ထရိုဂျင်နျူကလိယပ်မှ ပရို တွန်များ ထွက်လာသည်ကို တွေ့ခဲ့သည်။ နိုက်တြိုဂျင်သည် အောက်ဆီဂျင်၏ အိုင်ဆိုတုပ်အဖြစ်သို့ ပြောင်းသွားသည်။ ရား သားဖို့၏ တွေ့ရှိမှုကိုအားကျ၍ ကမ္ဘာအနှံ့အပြားတွင် သိပ္ပံဆရာ ကြီးများသည် အက်တမ်၏ နျူကလိယပ်ဖြိုခွဲမှုကို စမ်းသပ်ပြု လုပ်ကြလေသည်။ ထို့နောက် တဖြည်းဖြည်း လေ့လာခဲ့ကြရာ တွင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များထက် စွမ်းအင် ကြီးမားသော မြူမှုန်များဖြင့် အက်တမ်များကိုဖြိုခွဲလျှင် ပို၍ထိ ရောက်နိုင်ကြောင်း သိလာကြလေသည်။ ၁၉၃၁ ခုနှစ်တွင် အီး၊ အို၊ လောရင့် ဆိုသူက ဆိုင်ကလိုထရွန်ခေါ် ကရိယာတစ်ခုကို တီထွင်လိုက်၏။ ထိုကိရိယာတွင် အက်တမ်ကိုဖြိုခွဲမည့် မြူမှုန် များကို အလွန်ပြင်းထန်သည့် မြန်ရှိန်ရရှိအောင် သံလိုက်ဓာတ် နယ်တွင် လှည့်ပတ်သွားစေသည်။

၁၉၂ဝ ပြည့်နှစ်လောက်တွင် ရားသားဖို့သည် လျှပ်စစ် ဓာတ်အားကင်းမဲ့ပြီး ပရိုတွန်၏ဒြဗ်ထုလောက်ရှိသော မြူမှုန်ရှိ လျှင် နျူကလိယပ်ဆောက်တည်ပုံ ပြဿနာမှာ ပို၍လွယ်ကူလိမ့် မည်ဟု ပြောခဲ့လေသည်။ ထိုမြူမှုန်ကို ရားသားဖို့က နျူထရွန် ဟုအမည်မှည့်ခေါ်သည်။ ၁၉၃၂ ခုနှစ်တွင် ဂျေ၊စီ၊ ချက်ဒဝစ် ဆိုသူသည် အက်တမ်ကိုဖြိုခွဲရာ၌ အချို့စမ်းသပ်မှုများတွင် တွေ့ ရသော ဖောက်ထွင်းမှုသတ္တိ အလွန်ကောင်းသည့် ရေဒီယေးရှင်း မှာ ထိုနျူထရွန်များပင် ဖြစ်ကြောင်းကို လက်တွေ့ပြသခဲ့လေ သည်။

အိုဟန်နှင့် စတြတ်စမန်းတို့သည် ဒုတိယကမ္ဘာစစ် မဖြစ်မီ ရှစ်လလောက်က ယူရေနီယမ်ကို နျူထရွန်များဖြင့် ပြင်းထန်စွာ ဖောက်ပေးသောအခါ ဗေရီယမ်ကိုရရှိနိုင်ကြောင်း ကြေညာခဲ့လေသည်။ ထို့နောက် သိပ္ပံဆရာကြီးများသည် စစ် ပြေးနေစဉ် အမေရိကန်ပြည်ထောင်စု၌ ယူရေးနီးယမ်းအက်တမ် ပေါက်ကွဲသောအခါတွင် မယုံကြည်နိုင်လောက်အောင် စွမ်းအင် အမြောက်အမြားထွက်ကြောင်းကို ဆွေးနွေးပြောဆိုကြလေသည်။ ထို့နောက် တဖြည်းဖြည်း တိုးတက်ကြံစည်လာကြရာ ၁၉၄ဝ ပြည့်နှစ် ဇွန်လတွင် အက်တမ်မှ စွမ်းအင်ထုတ်ယူနိုင်သည့် အခြေခံအချက်များကို သိပ္ပံဆရာကြီးများ သိမြင်လာကြလေ သည်။

ဆိုင်ကလိုထရွန်မှာ အလွန်အသုံးဝင်သော အက်တမ်ခွဲ ကရိယာဖြစ်၍ ထိုကိရိယာ၏သဘောကို အကျဉ်းမျှ သိထိုက်ပေ သည်။ ဆိုင်ကလိုထရွန်၏ အလယ်တွင် ခွန်အားအလွန်ကြီးမား သော လျှပ်စစ်သံလိုက်ရှိသည်။ သံလိုက်၏ ဝင်ရိုးစွန်းများကို လက်မအနည်းငယ်စီခြား၍ တစ်ခုပေါ်တစ်ခု ဆင့်ကာ တပ်ဆင် ထားသည်။ သံလိုက်တို့၏အကြားတွင် ကျယ်၍တိမ်သော ပြောင်းလုံးပုံပြည့်အခန်းကို ထည့်သွင်းထားသည်။ ထိုအခန်းတွင် တစ်ဖန် ပြောင်းလုံးပုံဝက် အခန်းနှစ်ခုကို မျက်နှာချင်းဆိုင်ချ ထားသည်။ ထို ပြောင်းလုံးပုံဝက် အခန်းများကို ဒီး ဟုခေါ် သည်။ ဒီးတို့ကို တစ်ခုနှင့်တစ်ခု ဓာတ်မလိုက်အောင်လည်း ကောင်း၊ ပြောင်းလုံးပုံပြည့် အခန်းမနှင့် ဓာတ်မလိုက်အောင် လည်းကောင်း ပြုလုပ်ထားသည်။ ထိုအခန်းများတွင် ဟိုက်ဒြို ဂျင်၊ ဒျူတီရီယမ် (ဟိုက်ဒြိုဂျင်လေး)၊ သို့မဟုတ် ဟီလီယမ်ကို ဖိအားနည်းနည်းနှင့် ဖြည့်ထား၏။ အသုံးပြုသောဓာတ်ငွေ့၏ အမျိုးအစားကိုလိုက်၍ ဓာတ်အားရမြူမှုန်များသည် ပေါဆီထရွန် များ၊ ဒျူတာရွန်များ၊ သို့မဟုတ် အာလဖာမြူမှုန်များဖြစ်ကြ သည်။ ဆိုင်ကလိုထရွန်မှ အက်တမ်ကိုဖြိုခွဲရန် ထွက်လာသော ဓာတ်အားရမြူမှုန်များသည် တစ်စက္ကန့်လျှင်မိုင်ပေါင်း ၂ဝဝဝဝ ခန့် မြန်ရှိန်နှုန်းဖြင့် ထွက်လာသည်။ ထိုမြန်ရှိန်နှုန်းမှာ ရိုင်ဖယ် သေနတ်ကျည်ဆံ၏ မြန်ရှိန်နှုန်းထက် အဆပေါင်း ၃၅,ဝဝဝ ခန့်မျှ ပို၍လျှင်မြန်သည်။

အက်တမ်သည် လေးလေလေ ဖြိုခွဲလိုက်သောအခါ စွမ်းအင်အထွက်မှာ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ပို၍လေးလံသောအက်တမ်၏ နျူကလိယပ်ကို ခိုင်မြဲစွာ စုစည်းထားရန် စွမ်းအင်ပို၍လိုသောကြောင့်ဖြစ်သည်။ ယူ-၂၃၅ အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နျူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာ သော အက်တမ်ငယ်နှစ်ခု၏ နျူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နျူထရွန်များပါဝင် သည်။ ယူ-၂၃၅အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နျူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာသော အက်တမ်ငယ်နှစ်ခု၏ နျူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နျူထရွန်များပါဝင် သည်။ ယူ-၂၃၅ အက်တမ်သည် ပေါက်ကွဲထွက်သည့်အချိန်၌ အပူချိန်စင်တီဂရိတ် ၂ဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ ဒီဂရီ ရှိသည်။

အက်တမ်ဗုံးပေါက်ကွဲရာ၌ ဖြစ်ပေါ်သော အက်တမ်စွမ်း အင်သည် မည်မျှ ဖျက်ဆီးအားရှိသနည်းဟူမူ ဂျပန်နိုင်ငံ၊ ဟိရို ရှီးမားနှင့် နာဂါဆာကီမြို့များ၏ အပျက်အဆီးက သက်သေခံ ပေသည်။

၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက် နှင့် ၉ ရက်တို့တွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂါစာကီမြို့များပေါ်သို့ အမေရိက,က အဏုမြူဗုံးနှစ်လုံးကို ကြဲချလိုက်ခြင်းအားဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးသည် အဆုံးသတ်အနေ အထားသို့ ရောက်သွားခဲ့ရသည်။ စက်တင်ဘာ ၂ဝ ရက်တွင် ဂျပန်က မဟာမိတ်များအား တရားဝင် အညံ့ခံ လိုက်သည်ကိုး။ သို့ဆိုလျှင်အမေရိကန် တို့၏ အဏုမြူဗုံးက ဒုတိယကမ္ဘာစစ် ကို အဆုံးသတ်စေခဲ့သဖြင့် သည် စစ်ဆင်ရေးကို အောင်ပွဲဆင်စစ်ဆင် ရေးတစ်ခုအဖြစ် မြင်ရမည်လား။ သို့ တည်းမဟုတ် ကမ္ဘာ့ငြိမ်းချမ်းရေး လမ်းစသည် ထိုအဏုမြူဗုံးစစ်ဆင်ရေး ကြောင့် လမ်းပွင့်ခဲ့လေသလား။
ထိုမေးခွန်းများ၏ အဖြေမှာ “နိုး” ပင် ဖြစ်ပါလိမ့်မည်။

အားလုံးသိကြ သည့်အတိုင်း ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည်မှစ၍ ကမ္ဘာကြီးအတွက် အသစ်ဖြစ်သော ပြဿနာမှာ အမေရိကနှင့် ဆိုဗီယက်ပြည်ထောင်စု ကြားက စစ်အေးတိုက်ပွဲပင်။ စစ်အေး တိုက်ပွဲ မည်သည့်အခါတွင် ပြီးဆုံး သနည်းဟုမေးလျှင် ဆိုဗီယက်ယူနီယံ အစိတ်စိတ်အမွှာမွှာကွဲချိန်တွင် ပြီးဆုံး သည်ဟု ဖြေကောင်းဖြေနိုင်ပါလိမ့် မည်။ သို့သော် ကမ္ဘာ့နိုင်ငံရေးချိန်ခွင် လျှာကို မျှခြေမှာ ရှိနေစေရေးအတွက် စစ်အေးတိုက်ပွဲမဟုတ်သည့် စီးပွားရေး အားပြိုင်ပွဲ ဆက်လက်ပေါ်ထွက်လာခဲ့ ပြန်သည်မဟုတ်ပါလား။ စစ်၏အဆုံး သတ်သည် ငြိမ်းချမ်းရေး၏အစဟု မည်သို့မျှ မဆိုနိုင်သော သက်သေများ က တစ်ပုံတစ်ပင်။

အဏုမြူဗုံးကိစ္စကိုပင် ပြန်တွေး ကြစေချင်သည်။ ကမ္ဘာစစ်ကြီး ပြီး ဆုံးရန် သို့မဟုတ် အမေရိကန်နှင့် မဟာမိတ်များက ဂျပန်ကို အောင်နိုင် ရန် ထိုအဏုမြူဗုံးစစ်ဆင်ရေးသည် လိုအပ်ခဲ့ပါသလား။ သည်အမေးကို စစ်ရေးနှင့် နိုင်ငံရေးကျွမ်းကျင်သူများ၊ သုတေသနပညာရှင်များက စူးစမ်း ခဲ့ကြဖူးပြီ။ အဏုမြူဗုံးစစ်ဆင်ရေး လိုအပ်ခဲ့သည်ဟု တွေးသူများက ထောက်ပြသည်မှာ ၁၉၄၄ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ဂျပန်စစ် ဝန်ကြီးဌာနက စစ်သုံ့ပန်းများအားလုံး အားကွပ်မျက်ရန် အမိန့်ထုတ်ခဲ့ခြင်း နှင့် ထိုစဉ်က လူဦးရေသန်း ၈ဝ သာ ရှိသော ဂျပန်နိုင်ငံ၏ စစ်လှုံ့ဆော်ရေး ကြေးကြော်သံတွင် အင်ပါယာနှင့် နိုင်ငံအတွက် လူသန်း ၁ဝဝ သေဆုံး သွားရနိုင်ကြောင်း ပါဝင်နေခြင်းတို့ကို ထောက်လျှင် ဂျပန်ကိုအနိုင်ရရန် ကုန်းကြောင်းမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်းသည် နှစ်ဖက်အကျ အဆုံးများနိုင်မည်ဖြစ်ရာ အဏုမြူဗုံး ဖောက်ခွဲခြင်းမှာမူ (အထူးသဖြင့် အမေရိကဘက်တွင်) သည်မျှ အကျ အဆုံးများမည် မဟုတ်ဟု ဖြစ်သည်။

သို့သော် အဏုမြူဗုံးစစ်ဆင်ရေး ကို မလိုအပ်ဟု ယူဆသူများလည်း ရှိသည်။ သူတို့က ဂျပန်လူမျိုးများ၏ အသက်အမြောက်အမြား ဆုံးရှုံးရန် မလိုသည့်အခြားသော နည်းလမ်းများ စွာဖြင့်လည်း စစ်ကိုအဆုံးသတ်နိုင် စေမည်ဟုထောက်ပြကြသည်။ ထို့ပြင် ဂျပန်ကို အညံ့ခံလာအောင် လုပ်ဆောင် ရန် နိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက် ရေး စီမံကိန်းသည် အမေရိကတွင် ရှိနေခဲ့သည်မှာ ဂျာမဏီ အညံ့ခံပြီး ကတည်းက ဖြစ်ကြောင်းလည်း ထောက်ပြကြသည်။ ဂျာမဏီက ဥရောပတွင် တစ်နိုင်ငံပြီး တစ်နိုင်ငံ သိမ်းပိုက်နေသကဲ့သို့ ဂျပန်ကလည်း တရုတ်နှင့် အင်ဒိုချိုင်းနား အပါအဝင် အာရှတစ်ခွင်အား သိမ်းနေခဲ့သည်။ ထို့ကြောင့် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က အမေရိကပိုင် ဟာဝိုင်ယီ ကျွန်းရှိ ပုလဲဆိပ်ကမ်းကို ဂျပန်က ဝင်ရောက်ဗုံးကြဲရာမှ ဒုတိယကမ္ဘာ စစ်အတွင်းသို့ ဝင်ရောက်လာခဲ့သော အမေရိကသည် ဂျပန်ကို ကုန်းတွင်း မှ ဝင်ရောက်ရန်အစီအစဉ်ကို ချမှတ် ခဲ့ပြီး ဖြစ်သည်။

အမေရိက၏ အစီအစဉ်တွင် အဏုမြူဗုံးကို စမ်းသပ်ထုတ်လုပ်ရန် နှင့် စမ်းသပ်ဖောက်ခွဲရန်လည်း ပါဝင်ခဲ့ သည်။ ၁၉၄၅ ခုနှစ် မေ ၈ ရက် တွင် နာဇီဂျာမဏီ လက်နက်မချမီ မှာပင် ဂျပန်ကုန်းတွင်းသို့ အိုလံပစ်နှင့် ကိုရိုနတ်စစ်ဆင်ရေး (Operation Olympic and Coronet)များဖြင့် ၁၉၄၅ ခုနှစ် အောက်တိုဘာလတွင် ထိုးဖောက် သိမ်းပိုက်ရန် အမေရိက က စီစဉ်ခဲ့သည်။ တစ်ဖက်တွင် လည်း လေကြောင်းမှ ဗုံးကြဲရန် စီစဉ် ခဲ့သည်။ မက်ဟန်တန်ပရောဂျက် Manhattan Project ကို ၁၉၄၄ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ခဲ့ သည်။ စစ်အင်ဂျင်နီယာ တပ်မှူးကြီး ဗိုလ်ချုပ်လက်စလီဂရို့စ် Leslie Groves က ဦးဆောင်ကာ အဏုမြူ ဗုံး ထုတ်လုပ်ရန် စတင်ပြင်ဆင်ခဲ့ရာ တွင် အမေရိက၏ ပြည်နယ်အစုံတွင် သုတေသနနှင့် လေ့ကျင့်မှုအစုံကို ပြုလုပ်ခဲ့သည်။

ရူပဗေဒပညာရှင် ရောဘတ်အိုပင် ဟိုင်းမား က “ကောင်လေး Little Boy”နှင့် “Fat Man လူဝကြီး”အမည်ရှိ အဏုမြူဗုံး နှစ်လုံးကို ဖန်တီးပေးခဲ့သည်။ ထို့နောက် ဂရို့စ်က ၁၉၄၅ ခုနှစ် ဧပြီတွင် ကော်မတီတစ်ခုကို ဖွဲ့ကာ ဂျပန်၏ မည်သည့်မြို့များအား ချိန် ရွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စစ်ဌာန ချုပ်နှင့် စီးပွားရေးအချက်အချာကျ သည့် ဟီရိုရှီးမားအပါအဝင် လေး နေရာကို ရွေးခဲ့ကြရာ ကိုကူရာ၊ နီဂါတာနှင့် ကျိုတိုတို့ဖြစ်သည်။ သို့သော် ကျိုတိုကို နာဂါစာကီနှင့်လဲခဲ့သည်။ အဏုမြူဗုံးမကြဲခင်ကတည်း က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု များ ပြုနေခဲ့ပြီး ဂျပန်၏ မြို့ပေါင်း ၃၅ မြို့သို့ ဗုံးကြဲမည်ဖြစ်ကြောင်း စာများ ကြဲနှင့်ခဲ့သော်လည်း အဏုမြူ ဗုံးဟုမဖော်ပြခဲ့။ နောက်ဆုံးအချိန်တွင် ဗြိတိသျှနှင့် ကနေဒါတို့အား သဘော တူညီချက်အရအသိပေးခဲ့သော်လည်း ဗုံးကြဲသည့် အစီအစဉ်အားလုံးကို အမေရိကကပင် ဆောင်ရွက်ခဲ့သည်။

သို့ဆိုလျှင် ဂျပန်ကို ဗုံးကြဲခြင်းသည် ဂျပန်ကို အောင်နိုင်ရုံသက်သက် စစ်ရေးဗျူဟာတစ်ခု ဖြစ်ခဲ့ပါသလား။ ယူကေနှင့် တရုတ်တို့၏ သဘောတူညီမှုဖြင့် ၁၉၄၅ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ဂျပန်အား အမေရိကန်က ရာဇသံပေးခဲ့ပြီးဖြစ် သည်။ တစ်နည်း ဂျပန်ကို မည်သည့် နည်းနှင့်မဆို တိုက်တော့မည်။ သည် နေရာတွင် သုတေသီများက ထောက် ပြသည်မှာ ဟီရိုရှီးမားအား ဗုံးကြဲပြီး နောက်တစ်နေ့ ၁၉၄၅ ခုနှစ် သြဂုတ် ၇ ရက်တွင် ရုရှက ဂျပန်ကို စစ်ကြေညာကာ ဂျပန်ပိုင်အာရှနယ် မြေများအတွင်း ရုရှတပ်သား ၁.၆ သန်း၏ ထိုးဖောက်ဝင်ရောက်လာခြင်း ကသာ အမေရိက၏ အဏုမြူဗျူဟာကို တွန်းအားပေးခဲ့ခြင်း ဖြစ်သည်ဟု ပင်။ ဂရို့စ်၏ အစီအစဉ်များတွင် သြဂုတ် ၁၉ ရက်တွင် နောက်ထပ် အဏုမြူဗုံးတစ်လုံး၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် နောက်ထပ် အဏုမြူဗုံး ၃ လုံးကျစီ ကြဲချနိုင်ရေး ပါဝင်ခဲ့သည်။ သြဂုတ် ၉ ရက် နာဂါစာကီမြို့ပေါ်သို့ ဗုံးကြဲပြီးသည့်တိုင် မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့သော ဂျပန်သည် သြဂုတ် ၁၉ ရက်တွင် အညံ့ခံကြောင်း တုံ့ပြန်ခဲ့ရာမှ ဂရို့စ်၏ အစီအစဉ်များ ရပ်ဆိုင်းသွားရသည်။

မူလကတည်းက ဂျပန်ကို ဝင်တိုက်ရန် စစ်ရေးဗျူဟာအား အမေရိကန် နိုင်ငံသားများကိုပါ အသိပေးဆွဲဆောင်ခဲ့သော အမေရိက စစ်တပ်သည် သူ၏နည်းပညာ အသာ စီးရမှုကို ရုရှအား ထုတ်ပြချင်နေခဲ့ သဖြင့်သာ အဏုမြူဗုံးကို အသုံးပြု ခဲ့သည်ဟု ထောက်ပြသူများရှိခဲ့သည်။ ရုရှစစ်သည် နှစ်သန်းနီးပါး၏ စွမ်းရည် ထက် “ကောင်လေး”နှင့် “လူဝကြီး”၏ စွမ်းရည်က သာလွန်ကြောင်း ပြသနိုင်ခဲ့ သဖြင့်လည်း သည်ကိစ္စအပြီးတွင် နယ်မြေကျူးကျော်စစ်ဟူ၍ မရှိသည့် တိုင် စစ်ရေးနည်းဗျူဟာနှင့် နည်း ပညာ ဖြည့်တင်းမှုများကို အပြိုင် ပြုလုပ်ကြသည့် စစ်အေးတိုက်ပွဲက စတင်ခဲ့သည်။

ထို့ကြောင့် အဏုမြူဗုံးသည် စစ်ကို အကျည်းတန်စွာ အဆုံးသတ် စေခဲ့သကဲ့သို့ စစ်အေးတိုက်ပွဲဟူသည့် သောကသစ်ကိုလည်း မွေးဖွားပေး ခဲ့သည်မှာ သေချာသည်ဟု ဆိုရပေ မည်။ အဏုမြူဗုံး၏ နောက်ဆက်တွဲ သည် ဂျပန်လူမျိုးနှစ်သိန်းခန့်ကိုသာ အဆုံးစီရင်ပေးခဲ့ခြင်း မဟုတ်မူဘဲ ကမ္ဘာသူကမ္ဘာသားများ၏ သောက ကင်းဝေး ငြိမ်းချမ်းလုံခြုံရေးကိုပါ အဆုံးသတ်ပေးခဲ့သည်ဟု ဆိုရပါမည်။ တစ်နည်းအားဖြင့် စစ်အဆုံးသတ် သွားခြင်းသည် ငြိမ်းချမ်းရေး၏ အစ မဖြစ်နိုင်ကြောင်း သတိပြုကြရပါမည်။
သို့ဖြစ်ရာ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားကြသူအားလုံး အနေဖြင့်လည်း သည်ဖြစ်ရပ်အား နမူနာထားကာ ဆင်ခြင်သင့်ကြလှပါ သည်။ အပစ်အခတ် ရပ်စဲရေးသည် လည်းကောင်း၊ ပြည်တွင်းစစ်အဆုံး သတ်ရေးသည်လည်းကောင်း နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးကို အလုံးစုံ အာမခံနိုင်မည် မဟုတ်ကြောင်း သတိ ချပ်သင့်လှပါသည်။ နောက်ကွယ်တွင် အခြားသော ရည်မှန်းချက်များကို စွဲကိုင်လျက် စစ်အဆုံးသတ်ရေးကို သာ ဆောင်ရွက်ကြမည်ဆိုလျှင် နိုင်ငံသားအားလုံး၏ သောကကင်းဝေး ငြိမ်းချမ်းလုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ကြောင်း MMKIZUNA စာဖတ်ပရိသတ်များကို သိသလောက် ဝေမျှလိုက်ပါသည်။

Ref – Smithsonian