ဂျပန်တက္ကစီနဲ့ပက်သက်ပြီး သင်မသိသေးတာတွေ

April 21, 2020 at 9:02 PM

တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အချိန်မှာ ရထားကို အသုံးပြုတာက အများဆုံးဖြစ်ပေမယ့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် တက္ကစီအသုံးပြုရဖို့ဖြစ်လာနိုင်ပါတယ်။ လမ်းပေါ်မှာလက်တားပြီး ငှားလို့ရသလို တက္ကစီအက်ပလီကေးရှင်း အသုံးပြုပြီးလည်းငှားလို့ရပါတယ်။

အက်ပလီကေးရှင်းအသုံးပြုနည်းကတော့ Uber ၊ Grabဂရက်နဲ့အတူတူပါပဲ။ဂျပန်မှာအသုံးများတာကတော့ JapanTaxiဆိုတဲ့အက်ပလီကေးရှင်းဖြစ်ပြီး DiDi ၊ Uber တို့ကိုလည်း အသုံးပြုကြပါတယ်။ မိမိသွားရောက်လိုတဲ့နေရာကို နဲ့ Pinထောက်တာ၊ ဒါမှမဟုတ် လိပ်စာဖြည့်ရုံပါပဲ။
အခုလက်ရှိသုံးနေတာမှာ အဆင်အပြေဆုံးကတော့ JapanTaxi ပဲဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းက ဂျပန်တက္ကစီကုမ္ပဏီပေါင်းများစွာကို ချိတ်ဆက်ထားပါတယ်။
ဂျပန်မှာတော့ တက္ကစီကုမ္ပဏီအသေးစားလေးတွေအများအပြားရှိပြီးတော့ အများအားဖြင့်ကုမ္ပဏီတစ်ခုမှာ ဆယ်ကားလောက်ကတော့ အများဆုံးရှိပါတယ်။ အချို့သောခရီးသွားဧည့်သည်တွေအသွားများတဲ့ ဒေသမှာတော့ Charter Taxi Service ရှိပြီးတော့ တက္ကစီဒရိုင်ဘာကို မိမိရဲ့ဧည့်လမ်းညွှန်အဖြစ်ငှားလို့ရပါတယ်။ ငှားခအနေနဲ့ကတော့ နှစ်နာရီကို ယန်း၁၀၀၀၀လောက် ရှိပါတယ်။နေရာပေါ်လိုက်ပြီးတော့ အမျိုးမျိုးကွာခြားပါတယ်။

လမ်းပေါ်လက်တားငှားတဲ့အခါမှာဆိုရင် ဘယ်ကားကလူပါလဲ ဘယ်ကားက ငှားလို့ရလဲ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ကားလားဆိုတာကို ကားဒက်ဘုတ်ပေါ်မှာ တင်ပေးထားတဲ့ Electronic Signborard ကိုကြည့်ပြီးတော့ ငှားလို့ရလား မရလားဆိုတာကို သိရပါတယ်။လူမပါရင် 空車( kuusha) အနီရောင်စကားလုံး ၊လူပါရင် 賃走 (chinso) အစိမ်းရောင်စကားလုံး နဲ့ပြထားပါတယ်။ဒါမှမဟုတ် ရထား ကားဂိတ် အနီးတစ်ဝိုက်မှာဆိုရင်တော့ တက္ကစီစောင့်ဆိုင်းနေရာタクシー乗り場ကို သွားရောက်ပြီးတော့ ထိပ်ဆုံးနေတဲ့ကားကို တက်စီးရုံပါပဲ။

ဂျပန်တက္ကစီက မီတာစနစ်အသုံးပြုတာဖြစ်ပြီးတော့ မီတာပေါ်လိုက်ပြီး ကျသင့်ငွေတွက်ချက်နေတဲ့မီတာခုံကို ခရီးသည်ထိုင်ခုံနေရာကနေ မြင်နေရပါတယ်။မိမိဦးတည်ရာကို ရောက်ရှိတဲ့အခါမှာ ငွေရှင်းပြေစာပေးပါတယ်။ ကုမ္ပဏီညွှန်ကြားချက်မှုကြောင့် အပြင်ထွက်ပြီး တက္ကစီအသုံးပြုရတဲ့အခါမျိုးမှာဆိုရင် ပြေစာကိုအသုံးပြုပြီး ကျသင့်ငွေ ပြန်တောင်းခံနိုင်ပါတယ်။
တက္ကစီပေါ်တက်ရောက်ပြီဆိုရင် ကားဒရိုင်ဘာက လိပ်စာမေးပါမယ်။ လိပ်စာအတိအကျ ဒါမှမဟုတ် ကိုယ်သွားချင်တဲ့ ဘူတာအနား နေရာနာမည်ကို ပြောပြရုံပါပဲ။ နေရာဒေသတွေနဲ့မရင်းနှီးဖူးဆိုရင်တော့ လိပ်စာအတိအကျကိုပြောတာက အကောင်းဆုံးပါပဲ။

ကားဒရိုင်ဘာက မြေပုံမှာ လိပ်စာရိုက်ထည့်ပြီး စီးမယ်လူဦးရေ ကျားမကို စာရင်းသွင်းပါတယ်။
တက္ကစီကျသင့်ငွေကတော့ နယ်မြေ၊ တက္ကစီကုမ္ပဏီ၊ ကားဆိုဒ်ပေါ်မူတည်ပြီးတော့ အနည်းငယ်ကွာခြားလေ့ရှိပါတယ်။ ခရီးသည်ငါးယောက်တင်နိုင်တဲ့ အင်ဂျင်ပါဝါကြီးတဲ့အကြီးစားကား၊ခရီးသည်လေးယောက်ဆန့်တဲ့ အလတ်စားကား၊ အငယ်စားကားတွေရှိပါတယ်။ အလတ်စားကား၊ အငယ်စားကားက အတွေ့ရအများဆုံးပါ။

လေးယောက်ဆန့်ကားတွေစီးတဲ့အခါမှာ ၂ကီလိုမီတာခရီးကို ယန်း၄၀၀ကနေ ယန်း၇၀၀ လောက်ကျသင့်ပါတယ်။ ၃၀၀၊ ၄၀၀မီတာတိုးသွားတိုင်းမှာ ယန်း၈၀-၉၀လောက်တိုးသွားပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု၊ မီးပွိုင့်တွေကြောင့် ကားရပ်တန့်နေတဲ့ အခါမျိုးမှာလည်း မီတာတက်ပါတယ်။ ညပိုင်းအချိန် ည၁၀နာရီကနေ မနက်၅နာရီအတွင်း ဈေးက ၂၀ရာခိုင်နှုန်းပိုများပါတယ်။ တကယ်လို့ တက္ကစီလမ်းကြောင်းက အဝေးပြေးလမ်းကြောင်းေါ်ပါသွားရရင် အဝေးပြေးကားဂိတ်ဖြတ်ခပါ ပြေးချေရမှာဖြစ်ပါတယ်။

ဂျပန်မှာ တက္ကစီအသုံးပြုဖို့လိုလာတဲ့အခါမှာ အသုံးဝင်မယ့် အချက်တွေအပြင် အခြားသော စိတ်ဝင်စားစရာအချက်တွေလည်း ရှိပါသေးတယ်။

ကားပေါ်တက်တဲ့အခါမှာ
ကားပေါ်တက်တဲ့အခါမှာဘယ်ဘက်တံခါးက အော်တိုပွင့်ပိတ်ပါပေးလိမ့်မယ်။
ကားတံခါးကို မိမိကိုယ်တိုင် ပိတ်ဖွင့်စရာမလိုပါဘူး။ အဆင်းမှာဆိုလည်း ငွေရှင်းပြီးတာနဲ့ကားတံခါးအော်တိုပွင့်လာပါလိမ့်မယ်။ ကားနောက်ဖုံးပစ္စည်းထည့်ထားရင်လည်း အော်တိုပိတ်ဖွင့်ပေးပါလိမ့်မယ်။

ငွေပေးချေမှု
ငွေပေးချေတဲ့နေရာမှာလည်း ခရက်ဒစ်ကတ်၊ ငွေသားအပြင် ဖြစ်တဲ့ Suica၊ Pasamo စတဲ့ အိုင်စီကတ်နဲ့ ငွေပေးချေတာလည်းရပါတယ်။ အိုင်စီကတ်အသုံးပြုမှုက တက္ကစီကုမ္ပဏီအပေါ်လိုက်ပြီး ကွာခြားတာကြောင့် ဒရိုင်ဘာနဲ့ အတည်ပြုပါ။ ဒါမှမဟုတ်ကားတံခါးဝ၊ ကားအတွင်းပိုင်းမှာလည်း ငွေပေးချေလို့ရတဲ့ စနစ်ကိုကပ်ထားတာကြောင့် အတည်ပြုလို့ရပါတယ်။တက္ကစီအက်ပလီကေးရှင်းမှာ အကောင့်ဖွင့်ပြီး ခရက်စစ်ကတ်နဲ့ချိတ်ဆက်ထားလို့လည်းရပါတယ်။ညအချိန်မှာ တက္ကစီအက်ပလီကေးရှင်းကို အသုံးပြုမယ်ဆိုရင်တော့ မိမိရဲ့တည်နေရာကို လာရတဲ့အတွက် ဝန်ဆောင်ခထပ်ပေးရပါတယ်။

တက္ကစီဘွတ်ကင်
တစ်ပတ်ကြိုတင်ပြီးုတော့ သွားလိုတဲ့ ရက်နဲ့အချိန်ကို ဘွတ်ကင်တင်ထားလို့လည်းရပါတယ်။
ဘွတ်ကင်တင်ထားခြင်းက သေချာပေါက်ကားငှားလို့ရတာမျိုးမဟုတ်ပဲ လက်ခံတဲ့ ကားဒရိုင်ဘာမရှိရင် ငှားလို့မရတာကို သတိပြုစေချင်ပါတယ်။ကားဒရိုင်ဘာရရှိကြောင်းမရရှိကြောင်းကို ကိုယ်ဘွတ်ကင်ချိတ်ထားတဲ့အချိန်မတိုင်ခင် မိနစ်သုံးဆယ်အလို နောက်ဆုံး အကြောင်းကြားပေးပါတယ်။ ဘွတ်ကင်အတွက်လည်း ပိုက်ဆံထပ်မံပေးဆောင်ရပါတယ်။

優良タクシー乗り場(yuuryoutakushinoriba)
ဒါကတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်ဖူးခြင်းမရှိတဲ့ ဒရိုင်ဘာတွေသာမောင်းနင်တဲ့ တက္ကစီရှိတဲ့နေရာပါ။

女性業務員(jyoseigyoumuin)အမျိုးသမီးယာဉ်မောင်း
၂၀၁၉ ၃လပိုင်းအထိ အမျိုးသမီးယာဉ်မောင်း ၉၇၂၃ယောက် ရှိပါတယ်။

深夜料金(shinyaryoukin) ညနက်ယာဉ်ခ
ညဘက် ၁၀နာရီကနေ မနက်၅နာရီအထိကတော့ ညနက်ယာဉ်ခ ကျသင့်မှာဖြစ်ပါတယ်။
တချို့သောဒေသတွေမှာကတော့ ည၂၃နာရီကနေ မနက်၅နာရီအထိပဲဖြစ်ပါတယ်။
အလုပ်သမားဥပဒေအရဆိုရင် ညဆယ်နာရီနောက်ပိုင်းအလုပ်လုပ်မှုက ပုံမှန်ကျသင့်ငွေရဲ့၂၅ရာခိုင်နှုန်းကို ပိုပေးဆောင်ရမှာပဲဖြစ်ပါတယ်။

24時間営業တက္ကစီ၂၄နာရီဝန်ဆောင်မှု
ကုမ္ပဏီပေါ်လိုက်ပြီးတော့ ၂၄နာရီ တက္ကစီဝန်ဆောင်မှု၊ ဖုန်းဝန်ဆောင်မှုပေးတာကွာခြားမှုရှိပါတယ်။ တိုကျိုလိုနေရာမျိုးမှာတော့ နှစ်ဆယ့်လေးနာရီဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက များပေမယ့်လည်း နယ်ဘက်တွေမှာတော့နောက်ဆုံးရထားထွက်တဲ့အချိန်ကိုကိုက်ပြီး ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေက ပိုများပါတယ်။

タクシークーポンတက္ကစီကူပွန် ၊タクシーチケットတက္ကစီလက်မှတ်
တက္ကစီကူပွန်၊ တက္ကစီလက်မှတ်နှစ်ခုစလုံးက တက္ကစီကျသင့်ငွေရှင်းတဲ့အခါမှာသုံးပေမယ့်လည်း အသုံးပြုနည်းကတော့ ကွာပါတယ်။

တက္ကစီကူပွန်
စားသောက်ဆိုင်ကူပွန်၊ ပစ္စည်းကူပွန်တွေလိုမျိုးပါပဲ ကြိုတင်ပြီးတော့ ယန်း ○○တန်ကူပွန်ကို ဝယ်ယူပြီး အဆိုပါကူပွန်နဲ့ တက္ကစီခကို ပေးချေတာပဲဖြစ်ပါတယ်။ တက္ကစီကုမ္ပဏီနဲ့ လက်မှတ်အရောင်းဆိုင်တွေမှာ ဝယ်ယူလို့ရပါတယ်။

တက္ကစီလက်မှတ်
ငွေရှင်းတဲ့အခါတက္ကစီလက်မှတ်ကို အသုံးပြုပြီးပေးချေတာပါ။ တက္ကစီလက်မှတ်ကို အသုံးပြုမယ်ဆိုရင်တော့ ကြိုတင်ပြီး ကိုယ်က စာချုပ်ချုပ်ထားရပါတယ်။ တက္ကစီလက်မှတ်မှာကျသင့်ငွေပမာဏကို ဖြည့်သွင်းပြီး ငွေချေရတာပါ။ ငွေရှင်းပြေစာကိုတော့ နောက်ရက်တွေမှာ မိမိဆီကို ပို့ပြီး စာချုပ်ချုပ်တဲ့အချိန်ှမှာ ဖြည့်သွင်းထားတဲ့ ဘဏ်အကောင့်ကနေ ဖြတ်တာပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ဘဏ်အကောင့်ထဲကိုငွေလွှဲပေးရတာမျိုးလည်း ရှိပါတယ်။

တက္ကစီဒရိုင်ဘာတွေက မကြိုက်တဲ့ ခရီးသည်မျိုးဆိုတာက-
– တက္ကစီခကိုဈေးစစ်သူ
– စကားကိုရိုင်းရိုင်းစိုင်းစိုင်းပြောဆိုသူ
– တက္ကစီပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သူ
– ကိုယ်ထိလက်ရောက်ပြုမူမှု(ဥပမာ ဒရိုင်ဘာထိုင်ခုံကို ကန်ကြောက်တာ)
– အရက်မူးပြီး သွားလိုသောနေရာကို မပြောနိုင်သောသူ
– သွားလိုတဲ့နေရာကို မပြောတဲ့သူ (လိပ်စာ၊ ဘယ်ဘူတာကိုသွားမယ်မပြောပဲ အခုရှည့်တည့်တည့်ကိုပဲ အရင်သွားလိုက်ပြောတာမျိုးပါ)
– ယာဉ်စည်းကမ်းဖောက်ဖျက်ဖို့ပြောတဲ့သူ
– ယာဉ်အတွင်းညစ်ပတ်စေတဲ့သူ
– အမျိုးသမီးဒရိုင်ဘာတွေကတော့ ခရီးသည်က ပြုမူတဲ့ sexual harassmentကိုစိတ်ပူမှုတွေရှိတယ်လို့ဆိုပါတယ်။

ဆိုင်းဘုတ်က စကားလုံး
တက္ကစီကားဒတ်ဘုတ်ပေါ်မှာ Electronic Signboard လေးရှိပါတယ်။ スーパーサインလို့ခေါ်ဆိုပြီးတော့ တက္ကစီနဲ့ ပက်သက်တဲ့ အခြေအနေကိုဖော်ပြပေးတာပါ။
– 空車ယာဉ်လွှတ်၊ လူမပါသောယာဉ်
– 賃走၊実車လူပါသောယာဉ်
– 支払ကိုယ်သွားချင်တဲ့နေရာကိုရောက်ပြီးငွေပေးချေနေတဲ့ အချိန်မှာ ပြထားတာပါ ကိုယ်က ယာဉ်ထဲမှာမို့ သတိထားမိဖို့မလွယ်ပါဘူး
– 回送ယာဉ်မောင်းက အစားအသောက်စားဖို့၊ အနားယူနေချိန်ပါ။ငှားလို့မရပါဘူး။
– 迎車ခရီးသည်အားသွားရောက်ခေါ်ဆောင်နေသောယာဉ်
– 割増ညနက်ယာဉ်ခအသုံးပြုတဲ့ အချိန်ဖြစ်ကြောင်းပြတာပါ၊ ပုံမှန်ထက်ငွေပိုပေးရမှာပါ
– 賃切မီတာစနစ်မဟုတ်ပဲ အသုံးပြုချိန်ကြာမြင့်တဲ့အချိန်ပေါ်မူတည်ပြီး ငွေကောက်ခံစနစ် ကိုသုံးကြောင်းပြတာပါ။
– 定額တသမှတ်ထဲသတ်မှတ်ထားတဲ့ ကျသင့်ငွေစနစ်ကို အသုံးပြုကြောင်းပြသတာပါ
– SOSအရေးပေါ်အခြေအနေပါ ကူညီပါလို့ပြောတာပါ
ဒါကိုတွေ့ရှိရင်တော့ ၁၁၀ အရေးပေါ် ဒါမှမဟုတ် ရဲကို အကြောင်းကြားရမှာပါ။

ဆေးလိပ်သောက်ခွင့်
၂၀၀၇ခုနှစ်ကနေပြီးတော့ တက္ကစီအကုန်လုံးက တက္ကစီတွင်းဆေးလိပ်သောက်ခွင့်မရှိတော့ပါဘူး။ ဒါကိုတော့ အအိချိခရိုင်ကနေ စတင်ခဲ့တာပါ။

タクシーことも110番
တက္ကစီမှာကပ်ထားတဲ့ ことも110番စတစ်ကာရဲ့ ဆိုလိုရင်းကတော့ ကလေးသူငယ် အရွယ်မရောက်သေးသူတွေ မသမာသူနဲ့တွေ့ပြီးဒုက္ခရောက်နေချိန် မိမိရဲ့ တက္ကစီယာဉ်ကို ခိုလှုံရာအဖြစ် အသုံးပြုလို့ရတယ်လို့ဆိုလိုတာပဲ ဖြစ်ပါတယ်။

တက္ကစီဒရိုင်ဘာဖြစ်ဖို့
ဂျပန်မှာ တက္ကစီယာဉ်မောင်းဖြစ်ဖို့အတွက် 普通二種免許 ဆိုတဲ့ယာဉ်မောင်းလိုင်စင်အမျိုးအစားကို ရယူဖို့လိုပါတယ်။ ဒါအပြင့် တိုကျို東京၊ အိုဆာကာ大阪၊ ခနဂဝခရိုင်神奈川県(ယိုကိုဟားမား横浜市၊ ခဝစကိ川崎市၊ ယိုကိုဇုက横須賀市၊ မိအုရ三浦市) မှာဆိုရင်တော့普通二種免許ယာဉ်မောင်းလိုင်စင်အမျိုးအစားအပြင် လို့ခေါ်တဲ 地理試験ဆိုတဲ့ဒေသဆိုင်ရာစာမေးပွဲကို အောင်မြင်ဖို့လိုအပ်ပါတယ်။

地理試験ရမှတ်၈၀ကျော်မှ အလုပ်ဝင်ရောက်လုပ်ကိုင်လို့ရတာဖြစ်ပေမာ့်လည်း အလွတ်ကျက်မှတ်ဖြေဆိုသူတွေများတာကြောင့် စာမေးပွဲအောင်ပေမယ့်လည်း ဒေသဆိုင်ရာ ဗဟုသုတနည်းပါးတဲ့သူုတွေများလာတယ်လို့ ဆိုပါတယ်။

法人タクシーတက္ကစီကုမ္ပဏီ
ကုမ္ပဏီထောင်ထားပြီးတော့ ကုမ္ပဏီကနေ ကားတွေကို မောင်းနှင်မယ့် တက္ကစီဒရိုင်ဘာတွေကို ခန့်အပ်ထားတာပဲဖြစ်ပါတယ်။ တက္ကစီကုမ္ပဏီတွေက 普通二種免許ယာဉ်မောင်းလိုင်စင်ကို ကိုင်ဆောင်ထားသူကိုသာ အလုပ်ခန့်အပ်ရမှာဖြစ်ပါတယ်။

個人タクシーပုဂ္ဂလိကတက္ကစီ
မိမိကိုယ်ပိုင်ကားကို တက္ကစီစာရင်းသွင်းပြီး ကိုယ်တိုင်မောင်းနှင်ပြေးဆွဲတာပဲဖြစ်ပါတယ်။
個人タクシーအနေနဲ့အလုပ်လုပ်နိုင်ဖို့အတွက်法人タクシー ဒါမှမဟုတ် ဘတ်စ်ကားမောင်းနှင်တဲ့ လုပ်သက်အတွေ့အကြုံ၁၀နှစ်ကျော်ရှိဖို့လိုအပ်ပြီးတော့ အချိန်အတိုင်းအတာတစ်ခုအတွင်း ပြစ်မှုမရှိဖို့လိုပါတယ်။ 普通二種免許ယာဉ်မောင်းလိုင်စင်နဲ့ 地理試験ဒေသဆိုင်ရာစာမေးပွဲကိုလည်း အောင်မြင်ဖို့လိုပါတယ်။

UDタクシー
UD ဆိုတာက Univeral Design Taxi ရဲ့အတိုကောက်ဖြစ်ပြီးတော့ မည်သူမဆိုအသုံးပြုရနိုင်တယ် ဆိုပြီး ရည်ရွယ်ချက်နဲ့ တက္ကစီပဲဖြစ်ပါတယ်။ လက်တွန်းလှည်းစီးလျက်သား တက္ကစီပေါ်တက်လို့တဲ့လျှောဆင်းပါဝင်မှု၊ အဆင်းအတက်လွယ်တဲ့တံခါးပါဝင်မှု၊ အဆင်းအတက်မှာလက်ကိုင်ကိုင်လို့ရတာတွေက ထူးခြားချက်ဖြစ်ပြီးတော့ လက်တွန်းလှည်းအသုံးပြုနေရတဲ့သူတွေတင် မဟုတ်ပဲ ခါးခြေထောက်အားနည်းတဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ ကလေးလက်တွန်းလှည်းအသုံးပြုသူတွေပါ အသုံးပြုလို့ရတာမျိုးပါ။ ကားက တခြားသောကားတွေထက်ယှဉ်ရင် အရွယ်ကြီးပေမယ့် ကျသင့်ငွေကတော့ အတူတူပဲဖြစ်မှာပါ။

ဧည့်သည်က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့အခါမှာ
ခရီးသည်သွားရောက်လိုတဲ့နေရာကို ရောက်နေပေမယ့်လည်း ခရီးသည်က အိမ်မောကျနေတုန်းပဲဆိုရင်တော့ ကားဒရိုင်ဘာကနေ ပထမဆုံး အသံပေးပြီး နိုးပါမယ်။ မနိုးရင်တော့ ရဲကင်း 交通(koutsuu)နဲ့ ရဲစခန်း警察(keisatsu)ဆီသွားရမှာဖြစ်ပြီးတော့ တာဝန်ရှိတွေက ခန္ဓာကိုယ်ထိပြီးတော့ နိုးပေးရမှာပဲဖြစ်ပါတယ်။ ကားဒရိုင်ဘာက ခရီးသည်ရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ပြီးနှိုးခွင့်မရှိပါဘူး။

တက္ကစီပေါ်မှာပစ္စည်းကျန်ခဲ့ရင်
တက္ကစီထွက်သွားပြီးမှ ပစ္စည်းကျန်ခဲ့တာကို သတိရမိတဲ့ အခါမျိုးမှာဆိုရင် ငွေရှင်းပြေစာမှာ တက္ကစီကုမ္ပဏီ ဖုန်းနံပါတ်၊ ကားနံပါတ်ကို ရေးထားအတွက် ဆက်သွယ်လို့ရပါတယ်။ ဒါကြောင့်မို့ တက္ကစီအသုံးပြုရင် ငွေရှင်းပြေစာကို ယူတာက စိတ်အချရဆုံးပဲဖြစ်ပါတယ်။

တက္ကစီနေ့
တက္ကစီနေ့ကတော့ ၁၉၁၂ခုနှစ် ၈လပိုင်း၅ရက်နေ့မှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးတော့
နှစ်စဉ်နှစ်တိုင်း၈လပိုင်း၅ရက်နေ့မှာ တက္ကစီကုမ္ပဏီအသီးသီးပွဲကျင်းပလေ့ရှိပါတယ်။

Tags: