ရက်ပေါင်းများစွာအတောမသတ်ပဲ ဆက်တိုက်ရွာနေတတ်တဲ့ ဂျပန်နိုင်ငံရဲ့မိုးရာသီ။

August 2, 2021 at 12:33 PM

ဒါဟာ ဂျပန်နိုင်ငံ၏ရာသီဥတုအပြောင်းအလဲတစ်ခုပင်ဖြစ်သည်။ မိုးတွေဆက်တိုက်ရွာနေတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ရတဲ့အခါ အဆင်မပြေမှုတွေနဲ့ ကြုံနိုင်ပြီး နေထိုင်ရာ အိမ်ခန်း အနံ့အသက်ဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သည်။အဲ့ဒါကြောင့် ဂျပန်မိုးရာသီမှာ အဆင်ပြေနိုင်မည့် အရာများကို ရေးပေးလိုက်ပါသည်။

မိုးရွာသွန်းတဲ့နေ့တွေအများကြီးရှိတယ်။မိုးကုန်တော့မယ်လို့ထင်ရင်တောင်မှမကြာခဏမိုးရွာတတ်တာနဲ့ကြုံရတတ်တယ်။အပြင်ထွက်တဲ့အခါထီးတစ်ချောင်းကိုအမြဲဆောင်သွားသင့်သော်လည်း မိုးသိပ်မရွာတော့တဲ့အချိန်မှာတော့ခေါက်ထီးများမှာအရေးပါသောအခန်းကဏ္ဌမှာပါဝင်နေပါတယ်။
မကြာသေးခင်ကအလိုအလျောက်အဖွင့်အပိတ်လုပ်နိုင်တဲ့ခေါက်ထီးများကိုထုတ်လုပ်လိုက်ပြီဖြစ်ပြီးကော်ဖီဗူးလောက်အရွယ်အစားသာရှိတဲ့ခေါက်ထီးများကိုလည်းရောင်းချဖြန့်ချီနေပြီဖြစ်ပါတယ်။ဈေးလဲအရမ်းမများတဲ့အတွက်ကြောင့်အပြင်သွားတဲ့အခါအိတ်ထဲအလွယ်တကူထည့်ပြီးယူသွားလို့လွယ်ပါတယ်။

စက်ဘီးနဲ့ဆိုင်ကယ်ကိုအသုံးပြုပြီးနေ့စဉ်သွားလာလှုပ်ရှားနေသူတွေအများကြီးရှိပါတယ်။မိုးရွာနေတဲ့အချိန်မှာထီးကိုကိုင်ထားပြီးစက်ဘီးသို့မဟုတ်မော်တော်ဆိုင်ကယ်စီးခြင်းဟာ အန္တရာယ်ရှိပါသည်။ထိုကဲ့သို့သောအခြေအနေများတွင်မိုးကာဟာအလွန်အသုံးဝင်ပါတယ်။အချို့မိုးကာများဟာ ရေစိုခံပြီးမိုးကာအတွင်းပိုင်းကိုရေငွေ့မပျံအောင်ပြုလုပ်ထားသည့်အတွက်အသုံးပြုရလွယ်ကူလှပါတယ်။အချို့မိုးကာတွေမှာတော့ရောင်ပြန်ပြားများတပ်ထားသောကြောင့် ညအချိန်မှာတောင်ဘေးကင်းကင်းနဲ့ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။

မိုးရွာသည့်နေ့ရက်များဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ အိမ်ခန်းတွင်းမှာအဝတ်လှမ်းရတဲ့ အခက်အခဲအခြေအနေရှိလာပါမယ်။ အဲ့ဒီအခါကျ ဘယ်နေရာမှာ အဝတ်လှမ်းရမလဲဆိုတာကို တွေးနေမဲ့သူတွေလည်း ရှိလာပါလိ့မ်မယ်။
အဲ့ဒါအခါကျ အခု ပြပေးထားတဲ့ အခန်းတွင်းအဝတ်လှမ်းတန်းများက အသုံးဝင်လာပါမယ်။ မိုးတွင်းကာလမှာ အဝတ်အခြောက်ခံခြင်းအတွက်သာအသုံးဝင်သည်မဟုတ်ပါ။

နေပူသောနေ့များလဲFutonစောင်ကိုခြောက်သွေ့စေရန်လှမ်းသောနေရာအဖြစ်အသုံးပြုနိုင်ပါတယ်။
မိုးဆက်တိုက်ရွာတဲ့အခါ အိမ်ခန်းဟာ စိုထိုင်းဆမြင့်တက်လာပြီးစိုစွတ်လာလိမ့်မယ်။
အခန်းထဲတွင်စိုစွတ်နေရင်နေရတာခက်ခဲပြီးအဝတ်တွေကအလွယ်တကူမခြောက်နိုင်ပါဘူး။ ဒီလိုကိစ္စမျိုးမှာdehumidifier ကိုအသုံးပြုပါ။ dehumidifier ကိုအသုံးပြုပါကအခန်းအတွင်းရှိစိုထိုင်းဆကိုစုပ်ယူလိမ့်မယ်။ အိမ်တွင်းခြောက်သွေ့ဖို့အတွက်မရှိမဖြစ်လိုအပ်သောပစ္စည်းတစ်ခုဖြစ်ပါတယ်။

မိုးရွာသည့်အခါအခန်းသာမကFutonစောင်သည်လဲပဲစိုစွတ်လာသည်။

အကယ်၍Futonစောင်သည်စိုစွတ်လာလျှင်မှိုနှင့်ပိုးမွှားများပေါက်ဖွားလာစေနိုင်သည်။

ဒီလိုအချိန်မျိုးမှာFutonစောင်အခြောက်ခံစက်ကိုအသုံးပြုရန်အကြံပြုချင်ပါတယ်

Futonစောင်အခြောက်ခံစက်၏တတ်နိင်သည့်အရာသည် Futon ကိုခြောက်သွေ့စေရန်နှင့်နွေးရန်ဖြစ်သည်။
ခြောက်သွေ့ခြင်းနှင့်ပူနွေးခြင်းအားဖြင့်မှိုနှင့်ပိုးမွှားများပေါက်ဖွားလာခြင်းကိုကာကွယ်နိုင်သည်။ထို့အပြင်စက်အမျိုးအစားပေါ် မူတည်၍ ဖူတွန်သာမကအဝတ်အစားနှင့်ဖိနပ်များကိုလည်းခြောက်သွေ့နိုင်သည်။ ထို့ကြောင့်မိုးရာသီတွင်အလွန်အသုံးဝင်မည်ဟုမျှော်လင့်ရသည်။

မိုးရာသီတွင်မိုးရွာနေသော်လည်းပူပြင်းပြီးစိုစွတ်သောနေ့ရက်များရှိပါတယ်။
ဒါပေမဲ့လေအေးပေးစက်ကိုဖွင့်ဖို့လည်းမလိုသေးဘူးလို့ထင်တယ်။
ထိုကဲ့သို့သောအခြေအနေမြိုးတွင်အေသးစားပန်ကာကိုအသုံးပြုရန်ကြိုးစားကြည့်ပါ။
အေသးစားပန်ကာဖြဈတဲ့အတွက်သင်အသုံးပြုလိုသောအခါ၎င်းကိုလျင်မြန်စွာအသုံးပြုနိုင်ပါတယ်။