Pocket WiFi ဆိုတာဘာလဲ

January 10, 2020 at 8:06 PM

ဂျပန်မှာ အင်တာနက်ချိတ်ဆက် အသုံးပြုမှုကို အဓိကအားဖြင့် ဖုန်း Sim Card၊Pocket Wifi၊ အိမ် Fiber Cable ဆိုတဲ့ (၃) မျိုးကို အသုံးများကြပါတယ်။

ဒီနေ့ ကျွန်တော် Pocket Wifi အကြောင်းလေး ပြောပြပေးပါမယ်။

၁။ Pocket Wifi ဆိုတာဘာလဲ။
Pocket Wifi ဆိုတာကတော့ ကျွန်တော်တို့ အိတ်ဆောင် Wifi လို့လည်းခေါ်ပါတယ်။ သူကတော့ သယ်ရပြုရလွယ်ကူပြီးတော့ နေရာတကာ သယ်သွားလည်းရပါတယ်။

၂။ Pocket Wifi ရဲ့လုပ်ဆောင်ပုံ
ကျွန်တော်တို့ ဖုန်းမှာဆို hotspot လွှင့်ပြီး ကျန်တဲ့ device တွေပါ သုံးလို့ ရအောင်လုပ်သလိုပါဘဲ။ ဖုန်းနဲ့ hotspot လွှင့်ရင် ဖုန်း battery အားတော်တော် အကုန်မြန်ပါတယ်။ Pocket Wifi အနေ နဲ့ ကတော့ Wifi လိုင်း ပြန်လွှင့်ဖို့ သီးသန့်လုပ်ထားတဲ့ device ပါ။… battery လည်းလိုင်း လွှင့်ခံနိုင်သလို ချိတ်လို့ရတဲ့ device အရေအတွက် ကတော့ Pocket Wifi စက်ပေါ်မူတည်ပါတယ်။ Pocket Wifi တွေ အကုန်လုံးက စက်ကြီးဘဲဆို အလုပ်မလုပ်ပါဘူး။ သူ့ရဲ့ အထဲက Sim Card ကအဓိကပါ။… အထဲက Sim Card က အင်တာနက် data ဘယ်လောက် သုံးလို့ ရ တာနဲ့ ဆိုင်ပါတယ်။ Pocket Wifi စက်ကတော့ သုံးထားတဲ့ ပမာဏကို မှတ်ပေးတဲ့ function နဲ့ တစ်ခြား function တွေ သာပါပါတယ်။

Pocket Wifi အမျိူး အစားတွေ အမြောက်အများရှိပါတယ်။ သူတို့တွေလည်း Sim Free နဲ့ Sim Lock ဆိုပြီးရှိပါတယ် ။ Data card နဲ့ Pocket Wifi ရှိတိုင်း လည်း sim free စက်မဟုတ်ရင် အလုပ်မလုပ်ပါဘူး။ နောက်ပြီး Pocket Wifi တွေ အနေနဲ့ ကျွန်တော်တို့ ဖုန်းထဲမှာ အင်တာနက်သုံးဖို့ အတွက် သက်ဆိုင်ရာ ဖုန်း carrier တွေ ရဲ့ Access Point Name (APN) setting ထည့်ရပါတယ်။ တစ်ချို့စက်တွေ က ကဒ်ထည့်တာနဲ့ auto ပြောင်းသလို .တစ်ချို့စက်တွေကတော့ အထဲဝင် ချိန်ရတာ များပါတယ်။

စက်အမျိူးအစားပေါ် မူတည်ပြီး လိုင်းဆွဲအားမတူပါဘူး။..ကျွန်တော့် အတွေ့အကြုံအရ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့ Pocket Wifi တွေ ထဲ က ကောင်းတဲ့ အမျိူးအစားတွေကို ပြောပြပေးပါမယ် ။


HW501,HW502
Softbankတွေရဲ့ Pocket Wifi တော်တော်များများက ခုစက်မျိုးကို အသုံးပြုတာ များပါတယ်။

W04,W05,W06
UQ,AU တွေ မှာအသုံးပြုတာများပါတယ်။


W01L
Docomoမှာအသုံးပြုပါတယ်။

WX 04 စက်တွေ အနေနဲ့ကတော့ UQ မှသုံးတာများပါတယ်။
ခုကျွန်တော်ပြောတဲ့ စက်တွေက ခုလို carrier ကုမ္ပဏီ အကြီးတွေမှာဘဲ ရှိတာများပါတယ်။ သူတို့ ဆီမှာ ၂နှစ် ၃ နှစ်စာချုပ်နဲ့ Pocket Wifi ဝယ်သူတွေ အနေနဲ့ကတော့ စက် ရှိမှာပါ ဒါပေမဲ့ sim lock ပါ။

ခု ဖုန်းကဒ်တွေ Wifiတွေ ရောင်းတဲ့ ဆိုင်တွေမှာ ရှိပါတယ်။ သူတို့ဆိုင်တွေမှာလည်း ခုစက်မျိုးတွေ အတွေ့ရများပါတယ်။ ဘာလို့လည်းဆိုတော့ ခု ကျွန်တော် ဖော်ပြထားတဲ့ စက်အမျိုးအစားတွေ က လိုင်းဆွဲအားကောင်းလို့ပါ။

Sim Free Pocket Wifi တွေ အနေနဲ့ ဝယ်မယ်ဆိုရင် ဈေးကတော့ အမျိူး အစား model နဲ့ brand ပေါ်မူတည်ပြီး ယန်း ၆,၀၀၀ ကနေ ယန်း ၂၈,၀၀၀ ထိရှိပါတယ်။ carrier အကြီး (Softbank, AU, Docomo) မှာဆိုရင်တော့ စက်ဖိုးက ၂၅,၀၀၀ အထက်မှာပါ။

ခုစက်တွေထဲမှာမှ လိုင်းဆွဲ အား အကောင်း ဆုံး စက်ကတော့ w06 ပါ။..

နောက် ဒီ၂၀၂၀ နှစ်စ ကစပြီး လိုင်းဆွဲအားလည်းကောင်းပြီး သုံးရလွယ်ကူ၊ ပေါ့ပါးတဲ့ Pocket Wifi တစ်မျိုးလည်း ဝင်လာပါတယ။် သူကတော့ JT101 စက်အမျိုးအစားဖြစ်ပါတယ။် …

စက်တိုင်းက အားနည်းချက်နဲ့ အားသာချက်ကိုယ်စီရှိကြပါတယ်။ အထဲက function တွေပါ။

အထက်ပါ စက်အားလုံးကို ကျွန်တော် အကုန် စမ်းသုံးပြီး ခု post လေးကို ရေးတင်ထားခြင်း ဖြစ်ပါတယ်။ သိလိုသည်များကိုလည်း မူရင်း လင့် ရဲ့ Comment မှာ မေးမြန်းနိုင်ပါတယ်။

ဂျပန်ဆိုပေမဲ့ လိုင်းရှိတဲ့ နေရာနဲ့ မရှိတဲ့ နေရာရှိပါတယ်။ အားလုံးထင်ထားသလို ဖွံ့ဖြိုးပြီး နိုင်ငံပဲ လိုင်းမရှိ စရာ အကြောင်းမရှိဘူး ဆိုတာမဟုတ်ပါဘူး။

ဥပမာအားဖြင့် တစ်ချို့နယ်ဘက် AU မိတဲ့ နေရာ ဆို Docomo နဲ့ Softbank မမိတာမျိုး ရှိသလို Softbank မိတဲ့နေရာဆိုရင်တော့ Docomo နဲ့ AU က မိချင်မှမိပါလိမ့်မယ်။ နေရာနဲ့လည်းဆိုင်ပါတယ်။

မိမိနေထိုင်ရာနေရာက တောင်ပေါ် အရမ်းရောက်တာတို့ မြေအောက် ရောက်တာတို့ တောင်ခြေဘက်တို့  တာဝါတိုင်နဲ့ ဝေးနေတာမျိုးဆိုရင်တော့ လိုင်းသိပ်အဆင်ပြေမှာမဟုတ်ပါဘူး။

ခုPost လေးဖက်ပြီး ဂျပန် ရဲ့ Pocket Wifi တွေ အကြောင်း သိရှိနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။

MMKizuna page လေးကို like လေးလုပ်ပေးထားပါ။ ကျွန်တော် ဂျပန်မှာ ရှိတဲ့ sim card အမျိုး အစားတွေ အကြောင်း ထပ်ရေးပေးပါမယ်။