ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ ကျွမ်းကျင်သူတွေပြော

August 20, 2020 at 5:10 PM

ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ဂျပန်ပညာရှင်တစ်ဦးက ဂျပန်နိုင်ငံဟာ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ သတိပေးခဲ့ပြီး ရောဂါပိုးကူစက်မှု အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ တိုက်တွန်းနေပါတယ်။

ဂျပန့်ကူးစက်ရောဂါဆိုင်ရာဆေးပညာရှင်အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ တိုကျိုမှာရှိတဲ့ ခန်းမတစ်ခုမှာ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပြီး အွန်လိုင်းကနေလည်း ဆွေးနွေးခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ တာတဲဒါ ခါဇုဟီရိုး (Tateda Kazuhiro) က ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယလှိုင်းနဲ့ ကြုံတွေ့နေရတယ်လို့ သူရဲ့ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တိုကျိုမှာရော တစ်နိုင်ငံလုံးမှာပါ ရောဂါကူးစက်မှု အမြင့်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပုံရပြီး နောက်ထပ် ရောဂါကူးစက်မှုမြင့်တက်လာမှာကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့လိုအပ်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
တတိယလှိုင်းနဲ့ စတုတ္ထလှိုင်းတွေပါ ဆက်ဖြစ်လာနိုင်ခြေရှိပြီး လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်ရတဲ့ လူနေမှုပုံစံအသစ်တွေနဲ့ နေထိုင်ကြရဖို့ ဖြစ်လာလိမ့်မယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

SOURCE – Japan Today