စီးပွားရေးလုပ်ငန်းတွေအတွက် ထောက်ပံ့ကြေးအစီအစဉ်မှာ အကျုံးဝင်သူ အကန့်အသတ် ဂျပန် အစိုးရ တိုးချဲ့

Corona Virus ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုဒဏ်ကို ခံခဲ့ရတဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ ထောက်ပံ့ကြေးအစီအစဉ်တစ်ခုကို ဂျပန်အစိုးရက တိုးချဲ့သွားမယ်လို့သိရပါတယ်။
အများဆုံး အမေရိကန်ဒေါ်လာ ၁၉,၀၀၀ ခန့်အထိ ထောက်ပံ့ပေးမယ့် အစီအစဉ်ထဲမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ မတ်လအတွင်း စတင်ထူထောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်း ပိုင်ရှင်တို့ အကျုံးဝင်လာမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်းပုံစံနဲ့ အလုပ်လုပ်သူတွေဟာလည်း ပထမဆုံးအကြိမ် အကျုံးဝင်လာမှာဖြစ်ပြီး အမေရိကန်ဒေါ် လာ ၉၀၀၀ အထိ ရရှိနိုင်ပါတယ်။
ဧပြီလနောက်ပိုင်း လစဉ်ရောင်းရငွေဟာ ထိုကာလ မတိုင်ခင်က ပျမ်းမျှ ရောင်းရငွေထက် ၅၀ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် အသစ်တွေလည်း ထောက်ပံ့ကြေး လျှောက်ထားနိုင်မယ်လို့ သိရပါတယ်။
ကိုယ်ပိုင်လုပ်ငန်းသမားတွေအနေနဲ့ ဒီနှစ်အတွင်း လတစ်လရဲ့ ရောင်းရငွေဟာ အရင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းကျော် ကျခဲ့တယ်ဆိုရင် ဒီထောက်ပံ့ကြေးကို လျှောက်ထားနိုင်ပါတယ်။
အဲဒီလိုလျှောက်ထားတဲ့ အခါ စာရွက်စာတမ်းတွေ ပိုမိုလိုအပ်တဲ့အတွက် အတည်ပြုဖို့ အချိန်ပိုကြာလိမ့်မယ်လို့ အရာရှိတွေက ပြောပါတယ်။အစိုးရ အနေနဲ့ အွန်လိုင်းကနေ ထောက်ပံ့ကြေးလျှောက်ထားမှုကို ဇွန်လ ၂၉ ရက်နေ့မှာ စပြီး လက်ခံမှာ ဖြစ်ပါတယ်။
SOURCE – Japan Times