မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဂျပန်နိုင်ငံအနောက်တောင်ပိုင်း၌အကြီးအကျယ်ရေကြီးမှုများဖြစ်ပေါ်

ဇူလိုင် ၄ ရက်နေ့တွင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်း Kumamoto နှင့် Kagoshima ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီးနေအိမ်များ ထိခိုက်ပျက်စီးနိုင်ခြေ ရှိသောကြောင့် နေထိုင်သူ ၂၀၀,၀၀၀ ကျော်အားအမိုးအကာယူရန် ဒေသခံ အစိုးရက အမိန့်ပေးခဲ့သည်။
Tsunagi တွင် ဖြစ်ပွားခဲ့သော မြေပြိုမှု မှ လူနှစ်ဦး ကယ်ဆယ်နိုင်ခဲ့ပြီး အသက်အန္တရာယ် စိုးရိမ် နိုင်တဲ့ အခြေအနေ မရှိကြောင်း Kumamoto စီရင်စုအစိုးရမှပြောကြားခဲ့သည်။ အဆိုပါ စီရင်စုရှိ ရေကြီးမှု ဒဏ်ကို ခံစား ခဲ့ရသော မြို့တစ်မြို့ တွင် လူ ၁၃ ဦး ပျောက်ဆုံး နေ ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
စီရင်စု၏နေရာများစွာတွင် မနက် ၅ နာရီမတိုင်မီအမြင့်ဆုံးအဆင့်အထိ မြင့်တက်နိုင်ခြေရှိကြောင်း မိုးသည်းထန်စွာရွာသွန်းမှုသတိပေးချက်ကို ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဂျပန်ဝန်ကြီး ချုပ် Shinzo Abe က ဝန်ကြီး အချို့နှင့် ပြုလုပ်ခဲ့သော အရေးပေါ် အစည်းအဝေး တွင် ပြောကြားရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် SDF တပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့်ကို ကယ်ဆယ်ရေးပစ္စည်း များနှင့် အတူ ထိခိုက်ဒဏ်ရာရရှိသူများ ကို ကူညီရန် စေလွှတ်ဖို့ အမိန့် ပေးချမှတ်ခဲ့သည်။
Kyushu မီးရထား ကုမ္ပဏီ၏ ပြောကြားချက်အရ အဆိုပါ စီရင်စု ရှီ Shinkansen ကျည်ဆန်ရထားဝန်ဆောင်မှု များကို ဆိုင်းငံ့ထားသည်။
SOURCE – Japan Today

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်