Fukushima အမှတ် (၁) စက်ရုံအတွက် ၁၆ မီတာမြင့်တဲ့ လှိုင်းကာနံရံ တည်ဆောက်မယ်

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း Fukushima ခရိုင်မှာရှိတဲ့ ထိခိုက်ပျက်စီးနေတဲ့ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲနေတဲ့ ကုမ္ပဏီက အနာဂတ်မှာ မြေငလျင်ကြောင့် ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ ပင်လယ်လှိုင်း ရိုက်ခတ်မှုဒဏ်ကို ကာကွယ်နိုင်ဖို့အတွက် ပိုမိုမြင့်မားတဲ့ ပင်လယ်လှိုင်းကာ နံရံကြီးတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

ဂျပန်အရှေ့မြောက်ပိုင်းကမ်းလွန်ပင်လယ် ရေနက်ပိုင်းက Japan Trench တစ်လျှောက်မှာ ကြီးမားပြင်းထန်တဲ့ မြေငလျင် လှုပ်မှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆူနာမီရဲ့ အတိုင်းအတာနဲ့ပတ်သက်ပြီး အစိုးရ အကြံပေးအဖွဲ့တစ်ခုက ဧပြီလမှာ ထုတ်ပြန်ခဲ့တဲ့ ခန့်မှန်းချက်အပေါ် မူတည်ပြီး အခုလို လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
တိုကျိုလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ (TEPCO) က အဲဒီ ခန့်မှန်းချက်ကို လေ့လာခဲ့ပြီး နံပါတ် (၁) ကနေ (၄) အထိ ဓာတ်ပေါင်းဖိုတွေ တည်ရှိတဲ့ Fukushima အမှတ်(၁) စက်ရုံဝင်းကို ၁၄.၁ မီတာမြင့်တဲ့ ပင်လယ်လှိုင်းတွေ လွှမ်းသွားနိုင်တယ် ဆိုတာ တွေ့ရှိခဲ့ပါတယ်။ နံပါတ် (၄) ဓာတ်ပေါင်းဖိုရဲ့ တောင်ဘက်ခြမ်းကိုလည်း ၁၅.၃ မီတာအမြင့်ရှိ ပင်လယ်လှိုင်းတွေ ရိုက်ခတ်နိုင်တယ်ဆိုတာ သိရှိခဲ့ပါတယ်။
အဲဒီစက်ရုံဝင်းရဲ့ ပင်လယ်ဘက်ခြမ်းဧရိယာမှာ ၁၁ မီတာအမြင့်ရှိ ပင်လယ်လှိုင်းကာ နံရံကြီးတစ်ခု တည်ဆောက်နေပါတယ်။ နံပါတ် (၄) ဓာတ်ပေါင်းဖိုရဲ့ တောင်ဘက်ခြမ်း ဧရိယာမှာတော့ ၁၂.၈ မီတာမြင့်တဲ့ တခြား ပင်လယ်လှိုင်းကာနံရံတစ်ခု တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။
TEPCO အရာရှိတွေက အဲဒီဧရိယာတွေကို ကာကွယ်ဖို့ အမြင့် ၁၆ မီတာရှိတဲ့ နောက်ထပ် ပင်လယ်လှိုင်းကာနံရံတစ်ခု တည်ဆောက်ဖို့ တနင်္လာနေ့မှာ သဘောတူခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမကုန်ခင် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးဖို့ ဆန္ဒရှိတယ်လို့ သူတို့က ပြောပါတယ်။
ပင်လယ်လှိုင်းကာနံရံတည်ဆောက်မှုဟာ TEPCO ကုမ္ပဏီရဲ့ အဲဒီ စက်ရုံပိတ်သိမ်းရေး လုပ်ဆောင်ချက်တွေထဲမှာ ပါဝင်တဲ့ ဆူနာမီကာကွယ်ရေး အစီအမံတစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

သတင်း

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဆိုင်ရာ သတင်းမှားတွေ

ဂျပန်နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာဌာနက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ အစီရင်ခံစာကို မှားယွင်းတဲ့ပုံစံနဲ့ ကိုးကားပြီး အင်တာနက်မှာ တင်နေတာတွေအတွက် ပြင်းပြင်းထန်ထန် အပြစ်တင်ရှုံ့ချလိုက်ပါတယ်။

Read More
သတင်း

ဂျပန်မှာ တစ်နေ့တာ ကူးစက်မှု ၁၅,၀၀၀ ကျော်နဲ့ စံချိန်သစ်တင်တာကြောင့် ဗိုင်းရပ်စ်တားဆီးရေးဆောင်ရွက်ချက် နောက်ထပ် ခရိုင် ၈ ခုမှာ တိုးချဲ့သတ်မှတ်မယ်

ဂျပန်မှာ ပထမဦးဆုံး တစ်နေ့တာကူးစက်မှုအရေအတွက် ၁၅.၀၀၀ကျော်ခဲ့တာ ဖြစ်ပါတယ်။
တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅,၀၄၂ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

Read More
သတင်း

တိုကျိုအားကစားပွဲတွေမှာ ပထမဆုံး အစုအပြုံလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရှိ

ဂရိနိုင်ငံက အားကစားသမားအဖွဲ့က အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီးနောက် တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေး အဖွဲ့တွေက အိုလံပစ်ပွဲမှာ ပထမဆုံး အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှု ဖြစ်ခဲ့တယ်လို့ သိရကြောင်း ပြောပါတယ်။

Read More

မင်္ဂလာပါ

ဂျပန်တွင် လက်ရှိ နေထိုင်ကြတဲ့ ဂျပန်ရောက် မြန်မာများနဲ့ ဂျပန်လာရဖို့ ပြင်ဆင်နေသူများအတွက် ဂျပန်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ နေထိုင်မူ အ တွေ့ အကြုံ များကို အစဉ်အမြဲ တင်ပေးသွားမှာဖြစ်တဲ့အတွက် MMKizuna Facebook page လေးကို like လုပ်ထားဖို့ မမေ့နဲ့နော်